ယူကရိန်းနဲ့ အမေရိကန်တို့အကြား လုံခြုံရေး သဘောတူညီချက် လက်မှတ်ထိုးမယ်

 

ဝါရှင်တန်၊ ဇွန်-၁၃-၂၀၂၄
မျိုးဆက်(VOM)

ယူကရိန်းနဲ့ အမေရိကန်တို့အကြား နှစ်နိုင်ငံ လုံခြုံရေးသဘောတူညီချက်ကို သမ္မတနှစ်ယောက်တွေ့ဆုံချိန်တွင် လက်မှတ်ရေးထိုးသွားမှာဖြစ်ကြောင်း အိမ်ဖြူတော်ထိပ်တန်းတာဝန်ရှိသူတယောက် ပြောပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးတို့ဟာ ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲတက်ရောက်ဖို့ အီတလီနိုင်ငံကို ရောက်ရှိနေကြပြီး သူတို့နှစ်ယောက်ဟာ ဒီကနေ့မှာ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ အိမ်ဖြူတော်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ပြောပါတယ်။

ယူကရိန်းရဲ့ ယုံကြည်စိတ်ချရတဲ့ ကာကွယ်ရေးနဲ့ဟန့်တားနိုင်စွမ်းကို ဆက်လက်ကာကွယ်ဖို့အတွက် အမေရိကန်ဟာ ယူကရိန်းရဲ့ မဟာမိတ်တွေ မိတ်ဖက်တွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ ရှင်းလင်းပြတ်သားတဲ့ သတင်းစကားဖြစ်တယ်လို့ သူကဆိုပါတယ်။

သဘောတူညီချက်မှာ ယူကရိန်းကို ရန်လိုမှုတွေကနေ တိုက်ဖျက်ဖို့အတွက် အမေရိကန်ရဲ့ ရေရှည်ပံ့ပိုးမှု ကတိကဝတ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ယူကရိန်းကိုကာကွယ်ဖို့အတွက် အမေရိကန်တပ်ဖွဲ့ဝင်တွေ အသုံးပြုဖို့ ဘယ်လိုကတိကဝတ်မှ မပါဘူးလို့ ဂျိတ်ဆူလီဗန်က ပြောပါတယ်။

ဗြိတိန်၊ ပြင်သစ်တို့အပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံဟာ ယူကရိန်းအတွက် ရေရှည်လုံခြုံရေးကို သေချာစေရန်အတွက် နှစ်နိုင်ငံသဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်ပါတယ်။

Ref:NHK
Photo:Getty Images

#Voiceofmyanmar #VOM #ယူကရိန်း #အမေရိကန် #လုံခြုံရေး #သဘောတူစာချုပ်

Related posts

Leave a Comment

VOM News

FREE
VIEW