ဂါဇာစီးတီး၊ ဩဂုတ်-၃၀-၂၀၂၄
မျိုးဆက်(VOM)
ဂါဇာကမ်းမြှောင်ဒေသမှာ ကလေးငယ်တွေကို ပိုလီယိုကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် လူသားချင်းစာနာထောက်ထားမှုအရ တိုက်ပွဲတွေကို ယာယီရပ်ပေးမယ်လို အစ္စရေးက သဘောတူခဲ့ ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ ဂါဇာကမ်းမြှောင်ဒေသရှိ ကလေးငယ်ပေါင်း ခြောက်သိန်းလေးသောင်းကျော်ကို ကာကွယ်ဆေးထိုးဖို့ စီစဉ်နေပြီး လာမယ့် တနင်္ဂနွေနေ့မှာ စတင်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တာဝန်ရှိသူ တယောက်ကပြောပါတယ်။
ကာကွယ်ဆေးထိုးအစီအစဉ်ကို ဂါဇာအလယ်ပိုင်း၊ တောင်ပိုင်းနဲ့ မြောက်ပိုင်းတို့မှာ သီးခြားစီပြုလုပ်သွားမှာဖြစ်ပြီး အဆင့်တခုစီတိုင်းမှာ ဒေသစံတော်ချိန် မနက် ၆ နာရီကနေ နေ့လယ် ၃ နာရီထိ သုံးရက်ဆက်တိုက် တိုက်ပွဲတွေ ခေတ္တရပ်နားပေးမယ်လို့ အစ္စရေးစစ်တပ်က သဘောတူထားပါတယ်။
ဂါဇာကမ်းမြှောင်ဒေသမှာ ၂၅ နှစ်တာကာလအတွင်း ကလေးငယ်တယောက်မှာ ပထမဆုံး ပိုလီယိုရောဂါ ကူးစက်မှုတွေ့ရှိပြီးနောက်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကာကွယ်ဆေးထိုးအစီအစဉ်အပေါ် အစ္စရေးစစ်တပ်က သဘောတူခဲ့တာဖြစ်ပါတယ်။
ကလေးငယ်တွေကို ပါးစပ်မှတဆင့်တိုက်ကျွေးရတဲ့ အမျိုးအစားနှစ် ပိုလီယိုကာကွယ်ဆေး nOPV2 ၁ ဒသမ ၂၆ သန်းဟာ ဂါဇာကိုရောက်ရှိနေပြီး များမကြာခင်မှာ နောက်ထပ်ကာကွယ်ဆေးတွေ ထပ်မံရောက်ရှိမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Ref:BBC
Photo:AFP
Related posts
-
လက်ဘနွန်မှာ ဆက်သွယ်ရေးစက်တွေ ဆက်တိုက်ပေါက်ကွဲလို့ လူ ၃၀၀၀ နီးပါးဒဏ်ရာရ၊ အစ္စရေး လက်ချက်လို့ စွပ်စွဲ
ဘေရွတ်၊ စက်တင်ဘာ-၁၈-၂၀၂၄ မျိုးဆက်(VOM) လက်ဘနွန်နိုင်ငံတဝန်းမှာ ကြိုးမဲ့စက်သွယ်ရေးစက် ပေဂျာတွေ တပြိုက်နက်တည်းလို ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာကြောင့်... -
ပြည်ပရောက် အလုပ်သမားတွေရဲ့ လွှဲပို့ငွေစာရင်း မတင်ပြနိုင်တဲ့ အလုပ်အကိုင် အေဂျင်စီ ၁၅၀ နီးပါး အရေးယူခံရ
စက်တင်ဘာ ၁၈ – ၂၀၂၄SN (VOM)ပြည်ပရောက် အလုပ်သမားတွေရဲ့ မိသားစုဆီလွှဲပို့တဲ့ လစာငွေလွှဲစာရင်း တင်ပြနိုင်ခြင်းမရှိတဲ့... -
ရေဘေးအတွက် အိမ်အမိုးသွပ်တွေ ၄၀ ရာခိုင်နှုန်း စျေးလျှော့ရောင်းမယ်လို့ ဆောက်လုပ်ရေးအသင်းချုပ် ပြော
စက်တင်ဘာ ၁၈ ၊ ၂၀၂၄KH(VOM)ရေဘေးသင့်ဒေသတွေ ပြန်လည်ထူထောင်ရေး အထောက်အပံဖြစ်ဖို့ ရည်ရွယ်ပြီး မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် (MCEF)...