ပခုက္ကူ မြန်မာ့စီးပွားရေးဘဏ်မှာ ပစ်ခတ်မှုဖြစ်ပြီး လုံခြုံရေးယူထားတဲ့ တပ်ကြပ်ကြီးသေဆုံး



ဩဂုတ် ၃၀ – ၂၀၂၄
CC (VOM)

မကွေးတိုင်း၊ ပခုက္ကူမြို့၊မြန်မာ့စီးပွားရေးဘဏ်မှာ ဒီနေ့ဩဂုတ်လ ၃၀ ရက်နေ့မနက် ၉ နာရီခွဲကျော်လောက်က ပစ်ခတ်မှုဖြစ်ပြီး ဘဏ်လုံခြုံရေးယူထားတဲ့ တပ်ကြပ်ကြီးတယောက်သေဆုံးခဲ့တယ်လို့သိရပါတယ်။

” ဘဏ်ဖွင့်ပြီးရုံ ဝန်ထမ်းတွေတောင်စုံချင်မှစုံအုံးမယ်။တပ်ကြပ်ကြီးကလည်း မြို့ပေါ်ဆိုတော့အေးဆေးထိုင်ပြီး သုံးဘီးပေါ်မှာ ထိုင်နေချိန် အနီးကပ်ပစ်သွားတာ။ ပစ်ခတ်မှုဖြစ်ပြီးတော့ စျေးဘက်ကို လုံခြုံရေးတွေယူထားပြီးစျေးကိုဝိုင်းထားသလို သူတို့လုပ်တယ်။၁၁ခွဲလောက်အထိပေါ့။တပ်ကြပ်ကြီးသေသွားတယ်။အလောင်းလည်းလာကောက်သွားတယ်။” လို့ မြို့ခံတယောက်ကပြောပါတယ်။

ဘဏ်လုံခြုံရေးပစ်ခတ်သတ်ဖြတ်ခံရပြီးနောက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက မြို့အဝင်အထွက်ကို ပိတ်ပြီးစစ်ဆေးတာတွေလည်း ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

တိုက်ခိုက်မှုကို မြိုင် ပကဖတပ်ရင်း-၃ တပ်ခွဲ၄ ကလုပ်ဆောင်ခဲ့တာဖြစ်ကြောင်းထုတ်ပြန်ထားပြီး ပစ်ခတ်မှုမှာ တပ်ကြပ်ကြီးသေဆုံးခဲ့တဲ့အပြင် MA 3 သေနတ် တလက်၊ ၅.၅၆ကျည်အမျိုးအစား ၂၄တောင့်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေး ထားတာတွေ့ရပါတယ်။

၂၀၂၂ ခုနှစ် မတ်လတုန်းကလည်း ပခုက္ကူမြို့ မြန်မာ့စီပွားရေးဘဏ်မှာလုံခြုံရေးယူထားတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံခဲ့ရပြီး လေးယောက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလထဲမှာလည်း ပခုက္ကူမြို့နယ်မှာရှိတဲ့ အင်းဝဘဏ် တိုက်ခိုက်ခံရပြီး သေဆုံးသူနဲ့ဒဏ်ရာရသူတွေရှိခဲ့ပါတယ်။

ဒါအပြင်အဆိုပါလထဲမှာပဲ မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက် ဗိုလ်ချုပ်လမ်း၊ ရန်ကုန်-ကျိုက်ထိုကားလမ်းမကြီးပေါ်မှာ ဖွင့်ထားတဲ့ အင်းဝဘဏ် တိုက်ခိုက်ခံရပြီး သေဆုံးသူ နဲ့ဒဏ်ရာရသူတွေရှိခဲ့တယ်လို့သိရပါတယ်။

Photo; CJ

Related posts

Leave a Comment

VOM News

FREE
VIEW