လားရှိုးမြို့ထဲ နဲ့ ဟိုယ အနီး လေကြောင်း ဗုံးကြဲခံရ

စက်တင်ဘာ ၃၀၊ ၂၀၂၄
Shy V VOM
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ထဲ နဲ့ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်၊ ဟိုယ အနီး ကောင်းမောင်ရွာ မှာ စက်တင်ဘာလ ၂၉ ရက်နေ့ညက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရကြောင်း ဒေသခံ တွေဆီက သိရပါတယ်။
“အိမ်နားလေး ကျတယ်။ ခုတင်အောက်မှာ ဝပ်နေကြတာ။ အိမ်ကမှန်တွေကွဲကုန်ပြီ။ ရပ်ကွက် ၁၁ ဂေါက်ကွင်းနား။ အောင် စေတနာလမ်း။ လူထိခိုက်မှုရှိတယ်” လို့ လာရှိုးဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
လားရှိုးမြို့ထဲ စက်တင်ဘာ ၂၉ ရက်နေ့ည သန်းခေါင် ၁၂ နာရီ ၃၆ မိနစ်၊ ၁၂ နာရီ ၄၁ မိနစ်နဲ့ ၁၂ နာရီ ၄၃ မိနစ်တွမှာ နစက ဘက်က လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ဒုတိယ အကြိမ်နဲ့ တတိယ အကြိမ် ကျရောက်တဲ့ နေရာ မသိရသေးသလို ထိခိုက်မှု အခြေအနေ အသေးစိပ် မသိရသေးဘူးလို့ သူက ပြောပါတယ်။
ဒါ့အပြင် လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်၊ ဟိုယရွာ အနီးက ကောင်းမောင်းရွာဘက်မှာလည်း စက်တင်ဘာလ ၂၉ ရက်နေ့ည ၈ နာရီခွဲခန့်က လေကြောင်းနဲ့ ဗုံးကြဲ သွားတယ်လို့ ဒေသခံတွက ပြောပါတယ်။
“မိုင်းရယ်မြို့နားက ရွာဖက်မှာပါ။ အသံကမြို့နဲ့ နီးနီးလေး။ အိမ်တောင်တုန်တယ်အသံကြီးက။ မိုင်းရယ် ဟိုယ မှာပါ။ ဟိုယကောင်းမောင်ရွာ မှာကျတယ်လို့ ပြောတယ်။ မနေ့ညနေ ကတည်းက လေယာဉ် တက်သံတွေ ကြားနေတာ။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
ဟိုယရွာ ဆိုတာက နမ့်ပေါင်ကနေ မိုင်းရယ်သွားတဲ့လမ်းက မိုင်းရယ်ရောက်ခါနီး တံတားရှိတဲ့ရွာ ဖြစ်ပြီး လေယာဉ် ဗုံးကျတာက လွယ်ငင်းရွာနဲ့ လည်း အနီးတယ်၊ ထိခိုက်မှု အ‌ေခြအနေတော့ မသိရသေးဘူးလို့ သူက‌ေပြာပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းက MNDAA နဲ့ ပူးပါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ လားရှိုးမြို့အပါအဝင် ခရိုင်အတွင်းက နေရာ တချို့ကို အခုရက်ပိုင်းအတွင်း နစက ဘက်က ညတိုင်း ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်‌နေတာကြောင့် အဆောက်အဦတွေ အများအပြား ထိခိုက်မှု ရှိတာကို တွေ့ရပါတယ်။
photo Crd# FYV

Related posts

Leave a Comment

VOM News

FREE
VIEW