ဂျပန်ကို ရက်အနည်းငယ်အတွင်း မုန်တိုင်းနှစ်လုံး ဝင်ရောက်တိုက်ခတ်ဖွယ်ရှိ



တိုကျို၊ စက်တင်ဘာ-၃၀-၂၀၂၄
ရတီ(VOM)

ဂျပန်နိုင်ငံကို လာမယ့်ရက်အနည်းငယ်အတွင်း အင်အားပြင်း မုန်တိုင်းနှစ်လုံး ဝင်ရောက်တိုက်ခတ်နို်ငခြေရှိကြောင်း ဂျပန်မိုးလေဝသ တာဝန်ရှိသူတွေက သတိပေးထုတ်ပြန်ပါတယ်။

တိုင်ဖွန်းမုန်တိုင်း ခရာသန်ဟာ အိုကီနာဝါစီရင်စု အနောက်တောင်ပိုင်းရှိ ကျွန်းများနဲ့ အပူပိုင်းမုန်တိုင်း ဂျက်ဘီဟာ တိုကျိုအပါအဝင် ကန်တိုဒေသကို လာမယ့်ရက်အနည်းငယ်အတွင်း ချဉ်းကပ်တိုက်ခတ်မယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

ခရာသန်သည် ဖိလစ်ပိုင်အရှေ့ပိုင်းမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကစပြီး မုန်တိုင်းအဖြစ် ပြောင်းလဲသွားတယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီက ပြောပါတယ်။ မုန်တိုင်းဟာ ပိုမိုအင်အားကောင်းလာပြီး အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားကာ အိုင်ရှီဂါကီ၊ မီယာကိုနဲ့ နို်ငငံအနောက်တောင်ပိုင်းရှိ ကျွန်းတွေကို တိုက်ခတ်မှာဖြစ်ပါတယ်။

အပူပိုင်းမုန်တိုင်း ဂျက်ဘီကတော့ ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ မာရီယာနာကျွန်းစုအနီး မြောက်- အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားနေတယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီက ပြောပါတယ်။

လာမယ့်ရက်အနည်းငယ်အတွင်းမှာတော့ မုန်တိုင်းဂျက်ဘီဟာ အိုဂါဆာဝါရာ၊ အိုင်ဇူနဲ့ ကန်တိုဒေသတွေကို ချဉ်းကပ်တိုက်ခတ်ဖွယ်ရှိတယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီက ခန့်မှန်းထားပါတယ်။

Ref:NHK
Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW