ဒေါက်တာ ဇော်မြင့်မောင့် ကျန်းမာရေး မကောင်းလို့ လွတ်/ငြိမ်းခွင့် ပေးတယ်လို့ သတင်းထွက်ပေါ်



မန္တလေး ၊ အောက်တိုဘာ ၆-၂၀၂၄
Voice Of Myanmar (VOM)

မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် ကျန်းမာရေး မကောင်းတဲ့အတွက် လွတ်ငြိမ်းခွင့် ပေးလိုက်တယ်လို့ အခုတပတ်အတွင်းမှာ သတင်းတွေ ထွက်ပေါ်နေပါတယ်။

လုံခြုံရေးတပ်ဖွဲ့နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကတော့
” မနေ့က သွေးတွင်းအောက်ဆီဂျင်ထိုးကျတယ်၊မနေ့ နေ့လယ်လောက်က ပြည်သူ့ဆေးရုံ ICU မှာ အောက်ဆီဂျင်နှာခေါင်းပိုက်ပေးပြီးကုသတယ်၊အသက်သိပ်မရှုနိုင်ဘူးထင်တယ်၊အောက်ဆီဂျင်တက်မလာသေးဘူး။အကျဥ်းဦးစီးကတော့ လွတ်ငြိမ်းပေးတယ်”လို့ ပြောပါတယ်။

နောက်ထပ် လုံခြုံရေးတပ်ဖွဲ့နဲ့နီးစပ်သူတဦးကလည်း
” ဒီတပတ်ထဲမှာ လွတ်ငြိမ်း ပေးထားတယ်လို့ သိရတယ်၊ ကျန်းမာရေးအခြေအနေကတော့ မကောင်းပါဘူး၊ အခုတပတ်အတွင်းမှာပဲ ဖြစ်သွားတာပါ”လို့ ပြောပါတယ်။

ဒေါက်တာဇော်မြင့်မောင် ရဲ့ မိသားစုအသိုင်းအဝိုင်းကို ဆက်သွယ်ရာမှာတော့ ဆက်သွယ်လို့ မရ‌သေးတဲ့အတွက် သတင်းအတည်ပြုဖို့ ခက်ခဲနေပါတယ်။

နောက်ထပ်အသေးစိတ်သိရသမျှကိုတော့ ထပ်မံတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ပုံစာ – ယခင် NLDအစိုးရလက်ထက်က VOMရဲ့ အင်တာဗျူးကို လက်ခံဖြေဆိုနေပုံ

Related posts

Leave a Comment

VOM News

FREE
VIEW