အမေရိကန် သမ္မတရွေးကောက်ပွဲ များမကြာခင် စတင်တော့မယ်

ဝါရှင်တန်၊ နိုဝင်ဘာ-၅-၂၀၂၄
မျိုးဆက်(VOM)
အမေရိကန်သမ္မတရွေးကောက်ပွဲ ကျင်းပဖို့သတ်မှတ်ချိန်မတိုင်ခင်လေးမှာ သမ္မတလောင်းတွေဖြစ်ကြတဲ့ ဒေါ်နယ်ထရန့်နဲ့ ကမလာဟားရစ်တို့ဟာ အဓိကမဲဆန္ဒနယ်တွေမှာ အပြိုင်အဆိုင်မဲဆွယ်စည်းရုံးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
အမေရိကန်စံတော်ချိန်အရ ရွေးကောက်ပွဲကို နိုဝင်ဘာ ၅ ရက်မှာ စတင်ကျင်းပသွားမှာဖြစ်ပြီး မဲန္ဒရှင်တွေဟာ အမေရိကန်ရဲ့ ပထမဆုံးအမျိုးသမီးသမ္မတအဖြစ် ကမလာဟားရစ်ကို ရွေးချယ်မလား၊ ကမ္ဘာကို လှုပ်လှုပ်ရှားရှားတွေ ဖြစ်စေခဲ့တဲ့ သမ္မတဟောင်းထရန့်ကို ရွေးချယ်မလား ဆုံးဖြတ်ရတော့မှာပါ။
အမေရိကန်ရဲ့ အရှိန်အဟုန်က မိမိတို့ဘက်မှာရှိနေတယ်လို့ သမ္မတလောင်း ကမလာဟားရစ်က လေဒီဂါဂါ ၊ အော်ပရာဝင်းဖရေး စတဲ့ နာမည်ကြီး အနုပညာရှင်တွေနဲ့အတူ ပင်ဆယ်ဗေးနီးယားမှာပြုလုပ်တဲ့ နောက်ဆုံးမဲဆွယ်စည်းရုံးရေးမှာ ပြောပါတယ်။
ဒါဟာ သမိုင်းမှာ အပြင်းထန်ဆုံး ပြိုင်ပွဲဖြစ်ပြီး မဲပေးမှုတိုင်းက အရေးကြီးတယ်လို့ သူမက ပြောပါတယ်။ သမ္မတဟောင်း ဒေါ်နယ်ထရန့်ကတော့ မစ်ရှီဂန်ပြည်နယ်မှာ နောက်ဆုံးမဲဆွယ်ခဲ့ပြီး အမေရိကန်ရဲ့ ဘုန်းတန်ခိုး ပိုတိုးစေရမယ်လို့ ဆိုပါတယ်။
ဒီမိုကရက်တစ်သမ္မတလောင်း ကမလာဟားရစ်ကတော့ အမျိုးသမီးတွေ ကိုယ်ဝန်ဖျက်ချခွင့်ကို ထောက်ခံအားပေးပြီး အိမ်ထောင်စုတွေအတွက်အသုံးစရိတ်တွေ လျှော့ချရေး ကူညီမယ်လို့ ဆိုပါတယ်။
ထရန့်ကတော့ တရားမဝင်ဒုက္ခသည်တွေ ဝင်မလာရေးအတွက် နယ်စပ်တွေပိတ်မယ်လို့ ပြောဆိုထားပြီး ဒေါ်လာထရီလီယံနဲ့ချီပြီး အခွန်တွေလျှော့ချမယ်လို့ ကတိပြုထားပြီး သူ့ရဲ့မဲဆွယ်စည်းရုံးမှုကို မစ်ရှီဂန်ပြည်နယ်မှာ အဆုံးသတ်ခဲ့ပါတယ်။
လက်ရှိမှာတော့ မဲဆန္ဒရှင်တွေဟာ သမ္မတရွေးကောက်ပွဲအတွင်း ကြိုတင်မဲ ၈၂ သန်းပေးထားကြပြီး သမ္မတလောင်း နှစ်ယောက်စလုံးကတော့ ရွေးကောက်ပွဲမှာ အနိုင်ရမယ်လို့ အခိုင်အမာတွေ ပြောဆိုနေကြပါတယ်။
Ref:CNA
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW