လန်ဒန်၊ စက်တင်ဘာ-၁၅-၂၀၁၉
မျိုးဆက် (VOM)
အင်္ဂလန်အနောက်ပိုင်း အောက်စ်ဖို့ရှိုင်းယားပြည်နယ်အတွင်းရှိ ဘလန်နွမ်နန်းတော်က ရွှေရည်၁၈ကာရက်နဲ့ ပြုလုပ်ထားတဲ့ ဒေါ်လာတစ်သန်းတန်ဖိုးရှိ ရွှေအိမ်သာတစ်လုံး အခိုးခံလိုက်ရပါတယ်။
ဗြိတိန်စံတော်ချိန် မနက်၎နာရီမိနစ်၅၀မှာ အောက်စဖို့ရှိုင်းယားနန်းတော်အတွင်းမှာ ဖောက်ထွင်းဝင်ရောက်ပြီး အနုပညာလက်ရာတွေကို ခိုးယူသွားခဲ့တာလို့ သိမ်းမြစ်ဝှမ်းဒေသရဲတပ်ဖွဲ့က ပြောပါတယ်။
လာရောက်တဲ့ ဧည့်သည်တွေကို ပေးသုံးလေ့ရှိတဲ့ Ameriaca လို့အမည်ရတဲ့ ပျောက်ဆုံးသွားတဲ့ ရွှေအိမ်သာကို ရှာမတွှေ့သေးပေမယ့် အသက်၆၆နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိထားတယ်လို့ ဆိုပါတယ်။
ရွှေအိမ်သာကို အဆောက်အဦးမှာ တပ်ဆင်ထားတာဖြစ်တာကြောင့် ဖောက်ထွင်းမှု ပြုပြီးနောက် ထားရှိတဲ့အခန်းထဲမှာ သိသာထင်ရှားတဲ့ ပျက်စီးမှုတွေနဲ့ ရေလျှံတာတွေဖြစ်ပေါ်ခဲ့ ပါတယ်။
အဲဒီအိမ်သာဟာ ဘလန်နွမ်နန်းတော်မှာ စက်တင်ဘာ၁၂ရက်မှာ စတင်တဲ့ အီတလီအနုပညာရှင် မောရီဇီအိုကတ်တီလန်ရဲ့ အနုပညာပြပွဲအစိတ်အပိုင်းတစ်ခုအဖြစ် ပြသထားတာဖြစ်ပါတယ်။ ၁၈ ရာစုလက်ရာတစ်ခုဖြစ်တဲ့ ဘလန်နွန်နန်းတော်ဟာ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ဖြစ်ပြီး ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ၀န်စတန်ချာချီမွေးဖွားခဲ့ရာနေရာလည်းဖြစ်ပါတယ်။
Ref : BBC
Photo : Getty Images