မိုးကုတ် နိုဝင်ဘာ ၂ ၊ ၂၀၁၈ ဟိန်းကို(VOM) မန္တလေးတိုင်း မိုးကုတ်မြို့မှာရှိတဲ့ လီဆူတိုင်းရင်းသားလူငယ်တွေမှာ မူးယစ်ဆေးဝါး သုံးစွဲမှုတွေများနေတာရယ်၊ အလုပ်ကိုင်အခွင့်အလမ်း နဲ့ စီးပွားရေး လုပ်ကိုင်မှုတွေ နောက်ကျနေတာရယ်၊ အစိုးရ၀န်ထမ်း လုပ်ကိုင်လာသူ နည်းပါးလာမှုတွေကို ယနေ့ နိုဝင်ဘာ(၂)ရက်နေ့ မိုးကုတ်မြို့မှာ ပြုလုပ်တဲ့ ပထမအကြိမ် လီဆူလူငယ်ညီလာခံ မှာ ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံဖြစ်မြောက်ရေး ကော်မတီဝင် ဦးချွမ်ရဲအောင် က ပြောပါတယ်။ အဲဒီ ညီလာခံက ထွက်ရှိမယ့် ရလာဒ်တွေကို ဒီဇင်ဘာလအတွင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကျင်းပပြုလုပ်မယ့် နိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားညီလာခံကို တင်ပြသွားမှာဖြစ်တယ်လို့ သိရပါတယ်။
Read MoreDay: November 2, 2018
အချစ်တခုနဲ့ ဘဝလမ်းတူတူလျှောက်ကြတော့မယ့် ရွှေထူးနဲ့ ရွှေမှုံရတီ
Glory (VOM) ပရိသတ်စိတ်ဝင်စားနေတဲ့ အကြောင်းအရာကတော့ မကြာမီလက်ထပ်တော့မယ်လို့ အသိပေးလိုက်တဲ့ အဆိုတော်ရွှေထူးနဲ့ ရွှေမှုံရတီတို့ နှစ်ဦးရဲ့မင်္ဂလာပွဲသတင်းပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့နှစ်ဦးက ချစ်သူဖြစ်ပြီး မကြာခင်မှာပဲ လက်ထပ်တော့မယ်လို့ ပရိသတ်ကို အသိပေးပြောဆိုလိုက်တဲ့အခါမှာ နှစ်ဦးစလုံးရဲ့ ပရိသတ်တွေက အံ့သြသင့်ခဲ့ရတာ ဖြစ်ပါတယ်။ မင်္ဂလာပွဲနေ့ကို လာမယ့် နိုဝင်ဘာ ၁၁ ရက်နေ့မှာ ရန်ကုန်မြို့မှာ ရှိတဲ့ အင်းယားလိတ်ဟိုတယ်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ဟာ ဧည့်သည်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို အတူတူရိုက်ကူးရင် ဆုံစည်းခဲ့ကြတာဖြစ်ပါတယ်။ ဒါဟာလည်း ဒီနှစ် ဇွန်လပိုင်းလောက်ဖြစ်ပြီး သိပ်မကြာခင်မှာပဲ ချစ်သူတွေဖြစ်ပြီလို့ ပရိသတ်ကို အတိအလင်းကြေညာခဲ့ကြပါတယ်။ ရွှေထူးကတော့ လက်ရှိမှာအသက် ၂၇နှစ်ရှိပြီဖြစ်ပြီး ဂီတလောကမှာ လူငယ်ပရိသတ်များစွာရဲ့ လက်ခံအားပေးမှုကို ရရှိထားတဲ့ အဆိုတော်တဦးဖြစ်ပြီး ရွှေမှုံရတီက အသက် ၂၀ရှိပြီဖြစ်ကာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတဦးလည်းဖြစ်ပါတယ်။ အဲဒီအချိန်တုန်းကလည်း ရွှေထူးနဲ့ ရွှေမှုံရတီတို့နှစ်ဦးစလုံးက…
Read Moreမိုးကုတ်မြို့မှာ ပထမဦးဆုံးအကြိမ် လီဆူလူငယ်ညီလာခံကျင်းပ
မိုးကုတ် နိုဝင်ဘာ ၂ ၊ ၂၀၁၈ ဟိန်းကို(VOM) မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့ အနောက်ပိုင်းက သိနာတောင် လီဆူနှစ်ချင်းခရစ်ယာန် ဘုရားကျောင်းမှာ ယနေ့၊နိုဝင်ဘာ(၂)ရက်နေ့ နံနက်(၉)နာရီကစပြီး ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လီဆူလူငယ်ညီလာခံ ကို ကျင်းပနေပါတယ်။ ညီလာခံကို နိုဝင်ဘာ(၂)ရက်နေ့ နဲ့ နိုဝင်ဘာ(၃)ရက် နှစ်ရက်တာကျင်းပသွားမှာ ဖြစ်ပါတယ်။
Read More