မန္တလေးမှာလုပ်တဲ့ မီးပုံးပျံမုန့်ဈေးတန်း

  မန္တလေး နိုဝင်ဘာ ၃၀-၂၀၁၈ ဟိန်းကို (VOM)   မီးပုံးပျံ အလုံး(၂၀၀၀)လွတ်​တင်ပြီး​ မန္တ​လေးမြို့မှာ ပထမဉ်ီးဆုံးအကြိမ်ပြုလုပ်​တဲ့ မီးပုံးပျံမုန့်​​ဈေးတန်းကို ယ​နေ့ နိုဝင်​ဘာ(၃၀)ရက်​​နေ့ ညပိုင်းက မန္တ​လေး​တောင်​​ခြေအနီးက Little Star Water Park မှာကျင်းပပြုလုပ်​​နေပါတယ်​။ အဲဒီပွဲကို နိုဝင်​ဘာ(၃၀)ရက်​ နဲ့ ဒီဇင်​ဘာ(၁)ရက်​ နှစ်​ရက်​တာကျင်းပသွားမှာ ဖြစ်​ပြီး ယ​နေ့ပထမ​နေ့မှာ မီးပုံးပျံအလုံး (၂၀၀၀) လွတ်​တင်​ခဲ့ကာ ဒုတိယ​နေ့မှာ အလုံး(၂၀၀၀)ထက်​မံလွတ်​တင်​သွားမယ်​လို့ သိရပါတယ်​။                                  

Read More

ကသာမြို့မှာ ကောက်ခံနေတဲ့  တိုင်းဝင်ကြေးဂိတ်အား ပြောင်းရွေ့ပေးရန် စာတင်

ကသာ နိုဝင်ဘာ ၃၀-၂၀၁၈ မောင်တာရာ( VOM) စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့မှာ ကောက်ခံနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးအဝင် ဘီးခွန်ကောက်ခံရေးဂိတ်အား ပြောင်းရွေ့ပေးရန် စာတင်ပေးပို့ ထားကြောင်း ကသာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်း ပြောပါတယ်။ ”အခု ဖွင့်ထားတဲ့ တိုင်းဒေသကြီး အဝင်ကောက်ခံရေးဂိတ်က စစ်ကိုင်းတိုင်းဒေသကြီး ဘီးခွန်များဥပဒေနဲ့လည်း မကိုက်ညီဘူး၊ ကသာမြို့သို့ ဆိုင်းဘုတ် အတွင်းမှာ ဖွင့်ထားတော့ အခါကျတော့ တိုင်းဒေသကြီးအဝင်ဂိတ်နဲ့ မတူဘဲ မြို့အဝင်ဂိတ် တူနေတယ်၊ ဒေသခံတွေကလည်း ကန့်ကွက်နေကြတယ်၊ တိုင်းနဲ့ ပြည်နယ် ဒါမှ မဟုတ်ရင် တိုင်း အချင်းချင်းနယ်စပ် နေရာမှာပဲ ဂိတ်က ဖွင့် ရမှာလေ၊ ဥပဒေနဲ့ညီသွားအောင် တိုင်းဒေသကြီးနယ်စပ်အခြား အဝင်နေရာတွေပဲ ကောက်သင့်တယ်လို့ ထောက်ပြတာပါ။ဒါကို သင့်တော်တဲ့ အခြားနေရာကိုပြောင်းရွေ့ပေးဖို့ ဒါကိုမြို့နယ်စည်ပင်ကော်မတီကို စာရေးပြီး ပေးပို့ထားတာ ဖြစ်ပါတယ်။” ၂၀၁၈ – ၂၀၁၉…

Read More

ဝေသာလီခေတ်လေ့လာချက် စာတမ်းဖတ်ပွဲ စစ်တွေမှာကျင်းပ

စစ်တွေ နိုဝင်ဘာ ၃၀-၂၀၁၈ ခိုင်လင်းစံ (VOM) ရခိုင်သမိုင်းရဲ့ အစောဆုံးခေတ်တစ်ခတ်ဖြစ်တဲ့ ရှေးဦးဝေသာလီခေတ်ရဲ့ သမိုင်းကြောင်းဆိုင်ရာ အထောက်အထားတွေထဲက အသစ်တွေ့ရှိတဲ့အချက်အလက်တွေနဲ့ပတ်သက်တဲ့ ဝေသာလီခေတ်လေ့လာဆန်းစစ်ချက် စာတမ်းဖတ်ပွဲတစ်ခုကို နိုဝင်ဘာလ ၂၉ ရက်နေ့က စစ်တွေမြို့မှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ အဲဒီစာတမ်းဖတ်ပွဲကို အယနာစာပေအဖွဲ့ (ရန်ကုန်)က ရခိုင်သမိုင်းကြောင်းကျွမ်းကျင်သူတွေ၊ သမိုင်းပညာရှင်တွေက ကျင်းပပြုလုပ်ခဲ့ကြတာဖြစ်ပြီးတော့ အာနန္ဒစန္ဒြမင်းကျောက်စာနဲ့ သံဃာယနာဆက်စက်ပုံ လေ့လာဆန်းစစ်ချက်စာတမ်းနဲ့ ပျူသက္ကရာဇ်များလေ့လာဆန်းစစ်ချက် စာတမ်းတွေကို ဖတ်ကြားခဲ့ကြတာဖြစ်ပါတယ်။ အဲဒီစာတမ်းဖတ်ပွဲကို အခုလ ၂၅ ရက်နေ့ကနေ စတင်ပြုလုပ်နေတာဖြစ်ပြီး ဘူးသီးတာင်၊ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦးမြို့တွေမှာ စာတမ်းစုစုပေါင်း ၅ စောင်ကိုဖတ်ကြားသွားကြမှာဖြစ်ပါတယ်။ #voiceofmyanmar #စစ်တွေ #ဝေသာလီခေတ်စာတမ်း

Read More

တောင်-မြောက်ကိုရီးယားနှစ်နိုင်ငံ ဆက်သွယ်မယ့် မီးရထားလမ်းစီမံကိန်း စတင်

ဆိုးလ်၊ နိုဝင်ဘာ-၃၀၊ ၂၀၁၈ မျိုးဆက် (VOM)   ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားနိုင်ငံအတွင်း အစောင့်အကြပ်ထူထပ်စွာချထားတဲ့ နေရာကိုဖြတ်သန်းပြီး တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံ ဆက်သွယ်မယ့် မီးရထားလမ်းစီမံကိန်းအတွက် တောင်ကိုရီးယားမှ မီးရထားတစ်စင်း နိုဝင်ဘာ ၃၀ ရက်က မြောက်ကိုရီးယားကို ခုတ်မောင်း သွားရောက်ခဲ့ပါတယ်။   ဒီရထားပေါ်မှာတော့ မြောက်ကိုရီးယားရဲ့  မီးရထားလမ်းတွေ အဆင့်မြင့်တင်ရေး ကူညီဖို့အတွက် တောင်ကိုရီးယားက မီးရထားလမ်း စစ်ဆေးရေးကျွမ်းကျင်သူ အဖွဲ့တစ်ဖွဲ့ လိုက်ပါသွားပါတယ်။   တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံဟာ လွန်ခဲ့သည့်နှစ်က ၎င်းတို့ရဲ့ ဆက်ဆံရေးတိုးတက်အောင် သိသာထင်ရှားတဲ့  လုပ်ငန်းစဉ်တွေ ချမှတ်နိုင်ခဲ့ကြပါတယ်။   ယခုကဲ့သို့ မီးရထားလမ်းအဆင့်မြင့်တင်ခြင်းက နှစ်နိုင်ငံ နယ်စပ်ကိုဖြတ်သန်းပြီး ခရီးသွားလာတာတွေနဲ့ ကုန်သွယ်တာတွေအတွက် တစ်ချိန်ချိန်မှာ လွယ်ကူလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။   တောင်-မြောက် ကိုရီးယားခေါင်ဆောင်နှစ်ဦး ဧပြီလအတွင်းက ပြုလုပ်ခဲ့တဲ့ သမိုင်းဝင်ထိပ်သီးဆွေးနွေးပွဲမှာ မြောက်ကိုရီးယားရဲ့…

Read More

အင်ဒိုနီးရှားမှာ ထောင်ဖောက်ပြေးလို့ အကျဉ်းသား ၉၀ ထွက်ပြေးလွတ်မြောက်နေ

ဂျကာတာ၊ နိုဝင်ဘာ-၃၀၊ ၂၀၁၈ မျိုးဆက် (VOM)   အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းမှာရှိတဲ့ အကျဉ်ထောင် ထောင်တစ်ခုမှာ ၀တ်ပြုဆုတောင်းချိန်လို့ ယူဆရတဲ့အချိန်မှာ အကျဉ်းသားတွေ ထောင်ခြံစည်းရိုးကို ဖျက်စီးပြီး ထွက်ပြေးသွားတာကြောင့် အကျဉ်းသား ၉၀ လွတ်မြောက်သွားတယ်လို့ အင်ဒိုနီးရှား တာဝန်ရှိသူတွေက နိုဝင်ဘာ ၃၀ ရက်က ပြောပါတယ်။   ထောင်ဖောက်တဲ့ ဖြစ်စဉ်ဟာ ဘန်ဒါအာချေးပြည်နယ်ရှိ အကျဉ်းထောင်တစ်ခုမှာ နိုဝင်ဘာ ၂၉ ရက်ညက ဖြစ်ပွားခဲ့တာဖြစ်ပြီး အကျဉ်းသားအချို့ကိုတော့ ချက်ချင်းပြန်လည်ဖမ်းမိခဲ့တယ်လို့် ဆိုပါတယ်။ ထောက်ဖောက်တဲ့အချိန်မှာ အကျဉ်းသား ၇၂၆ ဦးရှိတဲ့အထဲက ၁၁၃ ဦးထွက်ပြေးသွားတာဖြစ်ပြီး ထွက်ပြေးသွားသူတွေထဲက ၂၃ ဦးကို ပြန်လည်ဖမ်းမိခဲ့ကာ အခြားလွတ်မြောက်သွားသူတွေကိုတော့ ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ အင်ဒိုနီးရှား တရားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ အဒီကူစမန်တို က ပြောပါတယ်။   မူဆလင်အများစုနေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ…

Read More

တကိုယ်တော် တတိယအခွေထုတ်ဖို့ စဉ်းစားနေတဲ့ G-Fatt

ရန်ကုန် နိုဝင်ဘာ ၂၉-၂၀၁၈ သင်းသဒ္ဒါ   ကိုယ်တိုင်ခံစားချက်တွေကို ရင်ဖွင့်ပြီးရေးတတ် တဲ့ လူငယ်တေးရေးတေးဆို G-Fatt က တယ်တော် တတိယအခွေထုတ်ဖို့ စဉ်းစားနေတယ်လို့ဆိုပါတယ်။   ”ကျွန်တော်ရဲ့ တတိယမြောက်အခွေထဲမှာ သီချင်း ၁၂ပုဒ်လောက်ထည့်မယ်ပေါ့ ။ ကျွန်တော် ရဲ့ Live Show အခွေကိုတော့ ပရိသတ်လက် ထဲရောက်ရှိအောင် အမြန်ဆုံးလုပ်ဖြစ်မယ်။ အဲအခွေမှာတော့ တစ်ကိုယ်တော်ရှိုးပွဲကို လာရောက်မကြည့်နိုင်တဲ့ပရိသတ်တွေကို ကြည့်နိုင်ဖို့ အခွေထုတ်ဖြစ်တာပါ”လို့ဆိုပါတယ်။   အနုပညာသက်တမ်း ၉ နှစ်ကျော်အတွင်းမှာ ပထမဆုံး တစ်ကိုယ်တော်“G Fatt One Man Show” ကိုလည်း နိုဝင်ဘာလ ၁၁ ရက်မှာ ကျင်းပခဲ့ပါတယ်။ ချစ်သူဖြစ်တဲ့ နန်းစုရတီစိုးလည်း Ro တဲ့ပုံလေးတွေနဲ့ စာလေးတွေကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ် တင်ထားလေ့လည်းရှိပါတယ်။   လက်ရှိမှာ G-Fattက ဂီတပိုင်းကို…

Read More

အင်းတော်တွင် ကျောက်စိမ်းအရိုင်းတုံးများ နှင့် ကျောက်စိမ်း လက်ကောက်ကွင်းများ ဖမ်းမိ

ကသာ၊ နိုဝင်ဘာ ၃၀၊ ၂၀၁၈ နိုင်ကြီး (ကသာ)   စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ် နန့်မကျိုင်းကျေးရွာ လမ်းဆုံအနီး ရွှေဘို – မြစ်ကြီးနား ဗျူဟာကားလမ်းမပေါ်မှာ ကချင်ပြည်နယ်ဘက်ကနေ လာတဲ့ (၆)ဘီးကားတစီးပေါ်က ကျောက်စိမ်းအရိုင်းတုံးတွေနဲ့ ကျောက်စိမ်း လက်ကောက်တွေကို နိုဝင်ဘာ (၂၉)ရက်နေ့ ည (၇း၀၀)အချိန်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ် ။   အင်းတော်မြို့နယ် နဘားကျေးရွာ ရဲကင်းစခန်းမှူး ဒုရဲအုပ် မျိုးသက်နိုင်နဲ့ တပ်ဖွဲ့ဝင်တွေဟာ သက်သေတွေနဲ့အတူ နန့်မကျိုင်းကျေးရွာ လမ်းဆုံအနီး ရွှေဘို – မြစ်ကြီးနား ကားလမ်းမပေါ်မှာ ပိတ်ဆို့စစ်ဆေးရေး ဆောင်ရွက်နေတုန်း ကချင်ပြည်နယ်ဘက်မှ ရွှေဘိုမြို့ဘက်သို့ ရီဝေထွန်း (ခ) ရီဝေအောင် မောင်းနင်လာတဲ့ 7L – 3026 SKART DONG FENG အဖြူရောင် (၆)ဘီးယာဉ်ကို ရပ်တန့်…

Read More

အောင်​​မြေသာစံမြို့နယ်​ မီး​လောင်​မှု ​နေအိမ်​(၉)လုံးမီး​လောင်​ဆုံးရှုံး

မန္တလေး နိုဝင်ဘာ ၂၉-၂၀၁၈ ဟိန်းကို (VOM) မန္တ​လေးမြို့၊ ​အောင်​​မြေသာစံမြို့နယ်​ ၊ အမရဋ္ဌာနီအ​ရှေ့ရပ်​ကွက်​ လမ်း၈၀ နဲ့ ၈၁လမ်းကြား ၈လမ်း နဲ့ ၉လမ်းကြားမှာ ဒီ​နေ့ နိုဝင်​ဘာ(၂၉) ည​နေပိုင်းက မီး​လောင်​မှုဖြစ်​ပွားခဲ့ကာ မီး​လောင်​မှုအဆင့်​ Level(4) နဲ့ မီးငြိမ်းသတ်​ခဲ့ကြပြီး မီး​လောင်​မှု​ကြောင့်​ အိမ်​(၉)လုံး မီး​လောင်​ပျက်​စီးခဲ့တယ်​လို့ သိရပါတယ်​။ #voiceofmyanmar #မန္တလေးမီးလောင်

Read More

စစ်ကိုင်းမှာ အသစ်ပြောင်းမယ့် မြို့မသုဿန် ဒီနှစ်အပြီးလုပ်မည်

စစ်ကိုင်း နိုဝင်ဘာ ၂၉-၂၀၁၈ မာင်တာရာ (VOM) စစ်ကိုင်းမြို့နယ်၊ စာရေးအနောက်ရွာနားမှာ အသစ်ပြောင်းရွေ့ပြုလုပ်နေတဲ့  မြို့မသုဿန်ကို ဒီနှစ်အတွင်း အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီက သိရပါတယ်။ အသစ်ပြောင်းရွေ့ ပြုလုပ်မယ့် မြို့မသုဿန်ကို ဒီနှစ် မေလ အတွင်းက ဆောင်ရွက်ခဲ့ပြီး လက်ရှိမှာ သုဿန် အဝင် လမ်းမကြီးနဲ့ 200KV ထရန်စမာတည်ဆောက်ပြီး မီးလိုင်းသွယ်တန်းခြင်း၊ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်ပြီးစီနေတဲ့အနေအထားနဲ့ ဆောင်ရွက်ဆဲအခြေအနေကို စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးဝင်းနိုင်က ပြောပါတယ်။ ”ထရန်စမာတည်ဆောက်ပြီး မီးလိုင်း သွယ်တန်းမှုတွေ၊စက်ရေတွင်း တူးဖော်မှုတွေလည်း ပြီးသွားပြီ  အဓိက လမ်း မကြီး ကတော့ ပြီးသွားပြီပေါ့၊အခုက ဆရာတော်အရှင်ဆေကီန္ဒလှူဒါန်းတဲ့ မီးသဂြိုလ်စက်ကို စတင်တည်ဆောက်နေပါပြီး ဒါလည်း တပတ်အတွင်း အပြီးတည်ဆောက်သွားမယ်၊မြို့မ သုဿ     န် အကောင်အထည်ဖော်မှုကို  ဒီနှစ်အတွင်း အပြီးလုပ်သွားမှာပါ ”လို့ ပြောပါတယ်။…

Read More
VOM News

FREE
VIEW