ဝေသာလီခေတ်လေ့လာချက် စာတမ်းဖတ်ပွဲ စစ်တွေမှာကျင်းပ

စစ်တွေ နိုဝင်ဘာ ၃၀-၂၀၁၈

ခိုင်လင်းစံ (VOM)

ရခိုင်သမိုင်းရဲ့ အစောဆုံးခေတ်တစ်ခတ်ဖြစ်တဲ့ ရှေးဦးဝေသာလီခေတ်ရဲ့ သမိုင်းကြောင်းဆိုင်ရာ အထောက်အထားတွေထဲက အသစ်တွေ့ရှိတဲ့အချက်အလက်တွေနဲ့ပတ်သက်တဲ့ ဝေသာလီခေတ်လေ့လာဆန်းစစ်ချက် စာတမ်းဖတ်ပွဲတစ်ခုကို နိုဝင်ဘာလ ၂၉ ရက်နေ့က စစ်တွေမြို့မှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

အဲဒီစာတမ်းဖတ်ပွဲကို အယနာစာပေအဖွဲ့ (ရန်ကုန်)က ရခိုင်သမိုင်းကြောင်းကျွမ်းကျင်သူတွေ၊ သမိုင်းပညာရှင်တွေက ကျင်းပပြုလုပ်ခဲ့ကြတာဖြစ်ပြီးတော့ အာနန္ဒစန္ဒြမင်းကျောက်စာနဲ့ သံဃာယနာဆက်စက်ပုံ လေ့လာဆန်းစစ်ချက်စာတမ်းနဲ့ ပျူသက္ကရာဇ်များလေ့လာဆန်းစစ်ချက် စာတမ်းတွေကို ဖတ်ကြားခဲ့ကြတာဖြစ်ပါတယ်။

အဲဒီစာတမ်းဖတ်ပွဲကို အခုလ ၂၅ ရက်နေ့ကနေ စတင်ပြုလုပ်နေတာဖြစ်ပြီး ဘူးသီးတာင်၊ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦးမြို့တွေမှာ စာတမ်းစုစုပေါင်း ၅ စောင်ကိုဖတ်ကြားသွားကြမှာဖြစ်ပါတယ်။

#voiceofmyanmar #စစ်တွေ #ဝေသာလီခေတ်စာတမ်း

Related posts

✕
VOM News

FREE
VIEW