ကသာမြို့မှာ ကောက်ခံနေတဲ့  တိုင်းဝင်ကြေးဂိတ်အား ပြောင်းရွေ့ပေးရန် စာတင်

ကသာ နိုဝင်ဘာ ၃၀-၂၀၁၈

မောင်တာရာ( VOM)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့မှာ ကောက်ခံနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးအဝင် ဘီးခွန်ကောက်ခံရေးဂိတ်အား ပြောင်းရွေ့ပေးရန် စာတင်ပေးပို့ ထားကြောင်း ကသာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်း ပြောပါတယ်။

”အခု ဖွင့်ထားတဲ့ တိုင်းဒေသကြီး အဝင်ကောက်ခံရေးဂိတ်က စစ်ကိုင်းတိုင်းဒေသကြီး ဘီးခွန်များဥပဒေနဲ့လည်း မကိုက်ညီဘူး၊ ကသာမြို့သို့ ဆိုင်းဘုတ် အတွင်းမှာ ဖွင့်ထားတော့ အခါကျတော့ တိုင်းဒေသကြီးအဝင်ဂိတ်နဲ့ မတူဘဲ မြို့အဝင်ဂိတ် တူနေတယ်၊ ဒေသခံတွေကလည်း ကန့်ကွက်နေကြတယ်၊ တိုင်းနဲ့ ပြည်နယ် ဒါမှ မဟုတ်ရင် တိုင်း အချင်းချင်းနယ်စပ် နေရာမှာပဲ ဂိတ်က ဖွင့် ရမှာလေ၊ ဥပဒေနဲ့ညီသွားအောင် တိုင်းဒေသကြီးနယ်စပ်အခြား အဝင်နေရာတွေပဲ ကောက်သင့်တယ်လို့ ထောက်ပြတာပါ။ဒါကို သင့်တော်တဲ့ အခြားနေရာကိုပြောင်းရွေ့ပေးဖို့ ဒါကိုမြို့နယ်စည်ပင်ကော်မတီကို စာရေးပြီး ပေးပို့ထားတာ ဖြစ်ပါတယ်။”

၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ် အတွက် စစ်ကိုင်းတိုင်းဒေသကြီးအဝင်ကြေး အဖြစ် ကသာမြို့နယ်၊ပေါမမြိုင်ကျေးရွာအနီး ကောက်ခံနေတဲ့  မောင်းတံဂိတ်ဟာ  တိုင်းဒေသကြီးဘီးခွန်ဝင်ကြေး ဥပဒေပါ ပြဋ္ဌာန်းချက်အရ တိုင်းဝင်ကြေးဂိတ် နဲ့ မတူညီဘဲ မြို့အဝင်ကြေးဂိတ် နဲ့ တူညီနေတဲ့ အတွက် တိုင်းဝင်ကြေးကောက်ခံဂိတ်ကို  သင့်လျော်တဲ့ အခြားနေရာသို့ ပြောင်းရွေ့ပေးဖို့ ယခုလ တတိယအပတ်က ကသာမြို့နယ် စည်ပင်သာယာရေးကော်မတီထံ သို့ စာတင်အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

ဒါအပြင် တိုင်းဝင်ကြေးကောက်ခံဂိတ်ဟာ ဝင်ကြေးကောက်ခံရာမှာ တစ်နေတာ (၂၄)နာရီ အတွင်း  ဝင်ကြေးပေးဆောင်ပြီး ယာဉ်များထံကနေ ဝင်ကြေးရော /ထွက်ကြေးပါ တစ်နေ့တည်းနဲ့ (၂)မျိုးကောက်ခံနေတဲ့ အတွက် ဥပဒေပါ အပိုဒ် ၆ နဲ့ ကိုက်ညီမှု မရှိခြင်း၊လက်ရှိကောက်ခံနေတဲ့ နေရာကို  အများပြည်သူများကလည်း လက်ခံမှု မရှိ တဲ့ အတွက် တိုင်းဝင်ကြေးဂိတ်ကို ပြည်နယ် နဲ့ တိုင်း နယ်နိမိတ်စပ်ကြားဖြစ်တဲ့ နေရာမှာသာ ကောက်ခံသွားနိုင်ရေးအတွက် ဆောင်ရွက်ပေးရန် ကသာမြို့နယ် စည်ပင်သာယာရေးကော်စာတင်ပေးပို့ရခြင်း ဖြစ်ကြောင်း သိရပါတယ်။

”ကျွန်တော်တို့ မနေ့က သွားကြည့်ပါတယ်။ အင်းရွာ အထွက်လမ်းကြားမှာ လုပ်ဖို့ နေရာရတဲ့ အခါကျတော့ မနေ့ကတော့ နေရာရွေးပြီး လုပ်ဖို့ စီစဉ်နေပါတယ်၊ လက်ရှိနေရာကနေ ပြောင်းရွေ့ဖို့ စီစဉ်နေပါတယ်”ကသာမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးလှဝေ ကပြောပါတယ်။

၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ် အတွက် ကသာ မြို့တွင် ဖွင့်လှစ်ကောက်ခံနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးအဝင်ကြေးလေလံကို ကျပ်သိန်း ၂၀ နဲ့ လေလံအောင်ထားတယ်လို့ သိရပါတယ်။

Photo – U NYI NYI TUN

#VOICEOFMYANMAR #ကသာ #ဘီးခွန်

 

 

Related posts

Leave a Comment

VOM News

FREE
VIEW