တောင်-မြောက်ကိုရီးယားနှစ်နိုင်ငံ ဆက်သွယ်မယ့် မီးရထားလမ်းစီမံကိန်း စတင်

ဆိုးလ်၊ နိုဝင်ဘာ-၃၀၊ ၂၀၁၈

မျိုးဆက် (VOM)

 

ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားနိုင်ငံအတွင်း အစောင့်အကြပ်ထူထပ်စွာချထားတဲ့ နေရာကိုဖြတ်သန်းပြီး တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံ ဆက်သွယ်မယ့် မီးရထားလမ်းစီမံကိန်းအတွက် တောင်ကိုရီးယားမှ မီးရထားတစ်စင်း နိုဝင်ဘာ ၃၀ ရက်က မြောက်ကိုရီးယားကို ခုတ်မောင်း သွားရောက်ခဲ့ပါတယ်။

 

ဒီရထားပေါ်မှာတော့ မြောက်ကိုရီးယားရဲ့  မီးရထားလမ်းတွေ အဆင့်မြင့်တင်ရေး ကူညီဖို့အတွက် တောင်ကိုရီးယားက မီးရထားလမ်း စစ်ဆေးရေးကျွမ်းကျင်သူ အဖွဲ့တစ်ဖွဲ့ လိုက်ပါသွားပါတယ်။

 

တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံဟာ လွန်ခဲ့သည့်နှစ်က ၎င်းတို့ရဲ့ ဆက်ဆံရေးတိုးတက်အောင် သိသာထင်ရှားတဲ့  လုပ်ငန်းစဉ်တွေ ချမှတ်နိုင်ခဲ့ကြပါတယ်။

 

ယခုကဲ့သို့ မီးရထားလမ်းအဆင့်မြင့်တင်ခြင်းက နှစ်နိုင်ငံ နယ်စပ်ကိုဖြတ်သန်းပြီး ခရီးသွားလာတာတွေနဲ့ ကုန်သွယ်တာတွေအတွက် တစ်ချိန်ချိန်မှာ လွယ်ကူလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

 

တောင်-မြောက် ကိုရီးယားခေါင်ဆောင်နှစ်ဦး ဧပြီလအတွင်းက ပြုလုပ်ခဲ့တဲ့ သမိုင်းဝင်ထိပ်သီးဆွေးနွေးပွဲမှာ မြောက်ကိုရီးယားရဲ့ မီးရထားလမ်းတွေ အဆင့်မြှင့်တင်ရေးအတွက်ကူညီဖို့ ကင်ဂျုံအန်က တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်ကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။

 

မြောက်ကိုရီးယားရဲ့ မီးရထားလမ်းအခြေခံအဆောက်အဦအချို့ဟာ ၂၀ ရာစုအစောပိုင်းက တည်က တည်ဆောက်ထားခဲ့တာဖြစ်ပြီး တောင်ကိုရီးယားနဲ့ မီးရထားလမ်းချင်း ချိတ်ဆက်ဖို့ အတွက် အလုံးစုံပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတာဖြစ်ပါတယ်။

 

Ref: BBC

Photo : Reuter

Related posts

Leave a Comment

VOM News

FREE
VIEW