တကိုယ်တော် တတိယအခွေထုတ်ဖို့ စဉ်းစားနေတဲ့ G-Fatt

ရန်ကုန် နိုဝင်ဘာ ၂၉-၂၀၁၈

သင်းသဒ္ဒါ

 

ကိုယ်တိုင်ခံစားချက်တွေကို ရင်ဖွင့်ပြီးရေးတတ် တဲ့ လူငယ်တေးရေးတေးဆို G-Fatt က တယ်တော် တတိယအခွေထုတ်ဖို့ စဉ်းစားနေတယ်လို့ဆိုပါတယ်။

 

”ကျွန်တော်ရဲ့ တတိယမြောက်အခွေထဲမှာ သီချင်း ၁၂ပုဒ်လောက်ထည့်မယ်ပေါ့ ။ ကျွန်တော် ရဲ့ Live Show အခွေကိုတော့ ပရိသတ်လက် ထဲရောက်ရှိအောင် အမြန်ဆုံးလုပ်ဖြစ်မယ်။ အဲအခွေမှာတော့ တစ်ကိုယ်တော်ရှိုးပွဲကို လာရောက်မကြည့်နိုင်တဲ့ပရိသတ်တွေကို ကြည့်နိုင်ဖို့ အခွေထုတ်ဖြစ်တာပါ”လို့ဆိုပါတယ်။

 

အနုပညာသက်တမ်း ၉ နှစ်ကျော်အတွင်းမှာ ပထမဆုံး တစ်ကိုယ်တော်“G Fatt One Man Show” ကိုလည်း နိုဝင်ဘာလ ၁၁ ရက်မှာ ကျင်းပခဲ့ပါတယ်။ ချစ်သူဖြစ်တဲ့ နန်းစုရတီစိုးလည်း Ro တဲ့ပုံလေးတွေနဲ့ စာလေးတွေကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ် တင်ထားလေ့လည်းရှိပါတယ်။

 

လက်ရှိမှာ G-Fattက ဂီတပိုင်းကို ပိုအာရုံစိုက်နေတဲ့အတွက် ကျန်တဲ့ကဏ္ဍတွေကို မလုပ်ဖြစ်သေးဘူးလို့သိရပါတယ်။

 

G-Fattရဲ့ ကိုယ်ပိုင်တီရှပ်ထုတ်ထားနဲ့ ပတ်သက်ပြီး ”တီရှပ်တွေကတော့ ထပ်ထုတ်ဖို့ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်က စီးပွားရေးဆန်ဆန် ထုတ်တာမဟုတ်ပါဘူး။ ကျွန်တော်ထုတ်တဲ့ တီရှပ် ကျွန်တော်ဝတ်ချင်တယ်။ ပြီးတော့ ကျွန်တော်ရဲ့ ပရိသတ်တွေကိုလည်း ၀တ်စေချင်တယ်။

ကြားထဲမှာကျတော့ တကယ့်လုပ်ကြည့်တဲ့အခါမှာ ဘယ်အလုပ်မှ မလွယ်ပါဘူး။ သေချာစိတ်နှစ်မှ အောင်မြင်မှာ အဲဒီဖက်ကို စိတ်နှစ်လိုက်ရင် ကျွန်တော်ရဲ့ အနုပညာဖက်မှာ အားနည်းသွားလိမ့်မယ်”လို့ဆိုပါတယ်။

 

ဓာတ်ပုံ – သင်းသဒ္ဒါ

Related posts

Leave a Comment

VOM News

FREE
VIEW