အင်ဒိုနီးရှားမှာ ထောင်ဖောက်ပြေးလို့ အကျဉ်းသား ၉၀ ထွက်ပြေးလွတ်မြောက်နေ

ဂျကာတာ၊ နိုဝင်ဘာ-၃၀၊ ၂၀၁၈

မျိုးဆက် (VOM)

 

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းမှာရှိတဲ့ အကျဉ်ထောင် ထောင်တစ်ခုမှာ ၀တ်ပြုဆုတောင်းချိန်လို့ ယူဆရတဲ့အချိန်မှာ အကျဉ်းသားတွေ ထောင်ခြံစည်းရိုးကို ဖျက်စီးပြီး ထွက်ပြေးသွားတာကြောင့် အကျဉ်းသား ၉၀ လွတ်မြောက်သွားတယ်လို့ အင်ဒိုနီးရှား တာဝန်ရှိသူတွေက နိုဝင်ဘာ ၃၀ ရက်က ပြောပါတယ်။

 

ထောင်ဖောက်တဲ့ ဖြစ်စဉ်ဟာ ဘန်ဒါအာချေးပြည်နယ်ရှိ အကျဉ်းထောင်တစ်ခုမှာ နိုဝင်ဘာ ၂၉ ရက်ညက ဖြစ်ပွားခဲ့တာဖြစ်ပြီး အကျဉ်းသားအချို့ကိုတော့ ချက်ချင်းပြန်လည်ဖမ်းမိခဲ့တယ်လို့် ဆိုပါတယ်။ ထောက်ဖောက်တဲ့အချိန်မှာ အကျဉ်းသား ၇၂၆ ဦးရှိတဲ့အထဲက ၁၁၃ ဦးထွက်ပြေးသွားတာဖြစ်ပြီး ထွက်ပြေးသွားသူတွေထဲက ၂၃ ဦးကို ပြန်လည်ဖမ်းမိခဲ့ကာ အခြားလွတ်မြောက်သွားသူတွေကိုတော့ ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ အင်ဒိုနီးရှား တရားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ အဒီကူစမန်တို က ပြောပါတယ်။

 

မူဆလင်အများစုနေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ထောင်တွင်း ဝတ်ပြုဆုတောင်းချိန်မှာ အကျဉ်းသားတွေကို ၎င်းတို့ရဲ့ အခန်းတွေကနေ ပြင်ပကို ထွက်ခွင့်ပေးထားပြီး အခင်းဖြစ်ပွားတဲ့နေမှာ ဒီလိုအခွင့်အရေးပေးတာကို အသုံးချပြီး အကျဉ်းသားအချို့က အလေးမတဲ့ ၀ိတ်တုံးတွေနဲ့ ထောင်ခြံစည်းရိုးကို ဖျက်ဆီးပြီး ထွက်ပြေးသွားတယ်လို့ ၎င်းက ပြောပါတယ်။

 

လက်ရှိအချိန်မှာတော့ ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသားတွေကို ရဲတပ်ဖွဲ့က အပူတပြင်း ရှာဖွေနေပြီး အကျဉ်းထောင် လုံခြုံရေးကိုလည်း အထူးတင်းကြပ်ထားပါတယ်။

 

Ref : CNA

Photo : AFP

Related posts

Leave a Comment

VOM News

FREE
VIEW