စစ်ကိုင်းမှာ အသစ်ပြောင်းမယ့် မြို့မသုဿန် ဒီနှစ်အပြီးလုပ်မည်

စစ်ကိုင်း နိုဝင်ဘာ ၂၉-၂၀၁၈

မာင်တာရာ (VOM)

စစ်ကိုင်းမြို့နယ်၊ စာရေးအနောက်ရွာနားမှာ အသစ်ပြောင်းရွေ့ပြုလုပ်နေတဲ့  မြို့မသုဿန်ကို ဒီနှစ်အတွင်း အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီက သိရပါတယ်။

အသစ်ပြောင်းရွေ့ ပြုလုပ်မယ့် မြို့မသုဿန်ကို ဒီနှစ် မေလ အတွင်းက ဆောင်ရွက်ခဲ့ပြီး လက်ရှိမှာ သုဿန် အဝင် လမ်းမကြီးနဲ့ 200KV ထရန်စမာတည်ဆောက်ပြီး မီးလိုင်းသွယ်တန်းခြင်း၊ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်ပြီးစီနေတဲ့အနေအထားနဲ့ ဆောင်ရွက်ဆဲအခြေအနေကို စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးဝင်းနိုင်က ပြောပါတယ်။

”ထရန်စမာတည်ဆောက်ပြီး မီးလိုင်း သွယ်တန်းမှုတွေ၊စက်ရေတွင်း တူးဖော်မှုတွေလည်း ပြီးသွားပြီ  အဓိက လမ်း မကြီး ကတော့ ပြီးသွားပြီပေါ့၊အခုက ဆရာတော်အရှင်ဆေကီန္ဒလှူဒါန်းတဲ့ မီးသဂြိုလ်စက်ကို စတင်တည်ဆောက်နေပါပြီး ဒါလည်း တပတ်အတွင်း အပြီးတည်ဆောက်သွားမယ်၊မြို့မ သုဿ     န် အကောင်အထည်ဖော်မှုကို  ဒီနှစ်အတွင်း အပြီးလုပ်သွားမှာပါ ”လို့ ပြောပါတယ်။

မြို့မ သုဿန် အသစ်ဝင်ရာလမ်းမကြီးကိုတော့ ဖောက်လုပ်ပြီးစီးခဲ့ပြီးဖြစ်ပြီး ဘာသာခြားတွေ သုဿန်မြေနေရာအတွက် လမ်းဖောက်လုပ်ရန် ဒီနေ့ ညနေ့ ၃ နာရီ အချိန်က ဘာသာခြားခေါင်းဆောင်တွေနဲ့ ဆွေးနွေးတိုင်ပင်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အသစ်ပြောင်းရွေ့ပြုလုပ်တဲ့  မြို့မသုဿန်ကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ ထောက်ပံငွေ ကျပ်သိန်း ၁၃၀၀ နဲ့ အကောင်အထည်ဖော်ဆောင်ရက်လျက်ရှိပြီး မီးသဂြိုလ်စက်ကို ဓမ္မဒူတ ဆရာတော်အရှင်ဆေကိန္ဒ မှ လှူဒါန်းခဲ့ပြီး နားနေဆာင်ဇရပ်ကိုလည်း  လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း ၃၀၀ ခန့် အကုန်အကျခံပြီး လှူဒါန်းမယ်လို့ ဦးဝင်းနိုင် ကပြောပါတယ်။

လက်ရှိ အသုံးပြုနေတဲ့  မြို့မသုဿန်ဟောင်းဟာ စစ်ကိုင်းမြို့၊ တင်းတိပ်ရပ်ကွက် အတွင်းတည်ရှိပြီး မြေဧက ၁၂ ဧက အကျယ်အဝန်းပဲရှိတာအပြင် မြို့တွင်းကျရောက်နေပြီး အသုံးပြုခဲ့တဲ့ နှစ်သက်တမ်းကြာမြင့်လာတဲ့ အတွက် သဂြိုလ်တဲ့နေရာ အခက်အခဲဖြစ်ပေါ်တာမို့ မြို့မသုဿန် အသစ်ကို ပြောင်းရွေ့ပြုလုပ်ရခြင်း ဖြစ်ပြီး မြို့မသုဿန်အသစ်မှာ မြေဧက အနေနဲ ၃၂ ဧက အကျယ်အဝန်း ရှိပါတယ်။

#voiceofmyanmar #စစ်ကိုင်း #မြို့မသုဿန်

Related posts

Leave a Comment

VOM News

FREE
VIEW