အောင်​​မြေသာစံမြို့နယ်​ မီး​လောင်​မှု ​နေအိမ်​(၉)လုံးမီး​လောင်​ဆုံးရှုံး

မန္တလေး နိုဝင်ဘာ ၂၉-၂၀၁၈ ဟိန်းကို (VOM) မန္တ​လေးမြို့၊ ​အောင်​​မြေသာစံမြို့နယ်​ ၊ အမရဋ္ဌာနီအ​ရှေ့ရပ်​ကွက်​ လမ်း၈၀ နဲ့ ၈၁လမ်းကြား ၈လမ်း နဲ့ ၉လမ်းကြားမှာ ဒီ​နေ့ နိုဝင်​ဘာ(၂၉) ည​နေပိုင်းက မီး​လောင်​မှုဖြစ်​ပွားခဲ့ကာ မီး​လောင်​မှုအဆင့်​ Level(4) နဲ့ မီးငြိမ်းသတ်​ခဲ့ကြပြီး မီး​လောင်​မှု​ကြောင့်​ အိမ်​(၉)လုံး မီး​လောင်​ပျက်​စီးခဲ့တယ်​လို့ သိရပါတယ်​။ #voiceofmyanmar #မန္တလေးမီးလောင်

Read More

စစ်ကိုင်းမှာ အသစ်ပြောင်းမယ့် မြို့မသုဿန် ဒီနှစ်အပြီးလုပ်မည်

စစ်ကိုင်း နိုဝင်ဘာ ၂၉-၂၀၁၈ မာင်တာရာ (VOM) စစ်ကိုင်းမြို့နယ်၊ စာရေးအနောက်ရွာနားမှာ အသစ်ပြောင်းရွေ့ပြုလုပ်နေတဲ့  မြို့မသုဿန်ကို ဒီနှစ်အတွင်း အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီက သိရပါတယ်။ အသစ်ပြောင်းရွေ့ ပြုလုပ်မယ့် မြို့မသုဿန်ကို ဒီနှစ် မေလ အတွင်းက ဆောင်ရွက်ခဲ့ပြီး လက်ရှိမှာ သုဿန် အဝင် လမ်းမကြီးနဲ့ 200KV ထရန်စမာတည်ဆောက်ပြီး မီးလိုင်းသွယ်တန်းခြင်း၊ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်ပြီးစီနေတဲ့အနေအထားနဲ့ ဆောင်ရွက်ဆဲအခြေအနေကို စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးဝင်းနိုင်က ပြောပါတယ်။ ”ထရန်စမာတည်ဆောက်ပြီး မီးလိုင်း သွယ်တန်းမှုတွေ၊စက်ရေတွင်း တူးဖော်မှုတွေလည်း ပြီးသွားပြီ  အဓိက လမ်း မကြီး ကတော့ ပြီးသွားပြီပေါ့၊အခုက ဆရာတော်အရှင်ဆေကီန္ဒလှူဒါန်းတဲ့ မီးသဂြိုလ်စက်ကို စတင်တည်ဆောက်နေပါပြီး ဒါလည်း တပတ်အတွင်း အပြီးတည်ဆောက်သွားမယ်၊မြို့မ သုဿ     န် အကောင်အထည်ဖော်မှုကို  ဒီနှစ်အတွင်း အပြီးလုပ်သွားမှာပါ ”လို့ ပြောပါတယ်။…

Read More

ရတနာပုံတက္ကသိုလ်​​ကျောင်းသားသမဂ္ဂဝင်တွေဆန္ဒပြ

မန္တလေး နိုဝင်ဘာ ၂၉-၂၀၁၈ ဟိန်းကို (VOM) ရတနာပုံတက္ကသိုလ်​​ကျောင်းဝင်းအတွင်းမှာ ဆိုင်​ကယ်​​ပျောက်​ဆုံး​နေတာနဲ့ ပက်​သက်​ပြီး လုံခြုံ​ရေးတာဝန်​ချထား​ပေးဖို့ နဲ့ ​ကျောင်းအိမ်​သာ​တွေ သန့်​ရှင်းမှုမရှိတာ​တွေကို သန့်​ရှင်းဖို့အတွက်​ ဝန်​ထမ်းတိုးမြင့်​ချထား​ပေးဖို့​ ဗကသများအဖွဲ့ချုပ်မူနဲ့ဖွဲ့စည်းထားတဲ့ ရတနာပုံတက္ကသိုလ်​​ကျောင်းသားသမဂ္ဂအဖွဲ့ က ယ​နေ့ နိုဝင်​ဘာ(၂၉)ရက်​​နေ့ ​နေ့လယ်က ရတနာပုံတက္ကသိုလ်ရှေ့မှာ ဆန္ဒပြ​တောင်းဆိုမှု ပြုလုပ်​ခဲ့ပါတယ်​။  

Read More

”သီချင်းတစ်ပုဒ်ကို ပန်းချီကားတစ်ချပ်ဆွဲသလို ခံစားပြီးတော့ ဆိုဖြစ်ပါတယ်ဆိုတဲ့ ထူးအယ်လင်း”

ရန်ကုန် နိုဝင်ဘာ ၂၉-၂၀၁၈ သင်းသဒ္ဒါ(VOM) အသံအားပြင်းပြင်းနဲ့ သီဆိုခဲ့တာမို့ ပရိသတ်နဲ့ ရင်ဘက်ချင်းထိအောင် သီဆိုတတ်တဲ့ တေးသံရှင် ထူးအယ်လင်းကတော့  ”သီချင်းတစ်ပုဒ်ကို ပန်းချီကားတစ်ချပ်ဆွဲသလို ခံစားပြီးတော့ ဆိုဖြစ်ပါတယ်။ကိုယ်ပိုင်စိတ်ထဲမှာ ရှိသီချင်းဆိုဖြစ်တယ်။ ပရိသတ်လည်း စိတ်ထဲရှိမှ နားထောင်လို့ရတာပါ ”လို့ဆို ပါတယ်။ သီချင်းတွေအောင်မြင်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ “လူတစ်ယောက်ဟာ ရိုးသားမှုပဲ။ ကိုယ့်သီချင်းကို စေတနာ ထားတယ်။ ကိုယ်တိုင် ရင်ဘတ်ထဲမှာနှစ်သက်မှ ပရိသတ်ကို ချပြတယ်။ပရိသတ်ကလည်း ရင်ဘတ်ထဲကို ထိတာ။ ကိုယ်တိုင်ရင်ဘတ်ထဲကဆိုမှ ပရိသတ်ကကြိုက်နှစ်သက်တယ်။အရင်နားနဲ့ နားထောင်ပြီးတော့ ဦး နှောက်ဆီ ရောက်ပြီ။ နှလုံးသားဆီ ရောက်တာပါ”လို့ဆိုပါတယ်။ ဂီတသက်တမ်းကလည်း ၁၇ နှစ်ရှိပြီဆိုပေမယ့် ၂၀၀၁ ခုနှစ် အိမ်ဂျယ်ထယော ၊ ၂၀၀၇ ခုနှစ်မှာဟလူသားဘဝ နဲ့ ၂၀၁၂ ခုနှစ်မှာ ရှင်သန်နေခြင်း ခွေတွေကို ထွက်ခဲ့ပါတယ်။ ထူးအယ်လင်းကတော့ လာမယ့်လမှာ ၄ခွေမြောက်ဖြစ်တဲ့…

Read More

ဗြိတိန်လုံခြုံရေး ကုမ္ပဏီကို တာလီဘန်တို့ဝင်ရောက်တိုက်ခိုက်မှုကြောင့် လူ ၁၀ ဦးသေဆုံး

ကဘူး၊ နိုဝင်ဘာ-၂၉ မျိုးဆက် (VOM) အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးရှိ ဗြိတိန်လုံခြုံရေး ကုမ္ပဏီ အဆောက်အဦတစ်ခုကို နိုဝင်ဘာ ၂၈ ရက်က ဗုံးခွဲတိုက်ခိုက်မှုတစ်ခုကြောင့်  လူ ၁၀ ဦးထက်မနည်းသေဆုံးသွားပြီး ၂၀ ဦးဒါဏ်ရာရရှိခဲ့ပါတယ်။ ဗြိတိန်လုံခြုံရေး ကုမ္ပဏီ ဂျီဖိုးအက်စ်ရဲ့ အဆောက်အဦကိုပစ်မှတ်ထားပြီး ကားဗုံးဖောက်ခွဲခဲ့တာလို့ ကုမ္ပဏီနဲ့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။  ဂျီဖိုးအက်စ် ကုမ္ပဏီဟာ  ဗြိတိန်နိုင်ငံခြားရေးရုံးအတွက် လုံခြုံရေး တာဝန်ယူထားတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ကုမ္ပဏီလုံခြုံရေးဂိတ်အနီး ဗုံးဖောက်ခွဲပြီးနောက် အဆောက်အဦအတွင်းထဲကို အရေအတွက်မသိရသေးတဲ့ သေနတ်သမားတွေ ဝင်ရောက်ပြီး လုံခြုံရေတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တာလို့ အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ဒီဖြစ်စဉ်ကြောင့် ထိခိုက်သေဆုံးမှုအရေအတွက်ကို အာဖဂန် ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိ သူတစ်ဦးက အတည်ပြုပြောဆိုပါတယ်။  ဒီတိုက်ခိုက်မှုကို တာလီဘန်စစ်သွေးကြွတွေက ၎င်းတို့လုပ် ဆောင်ခဲ့တာလို့ ဆိုပါတယ်။ အမေရိကန်ဦးဆောင်တဲ့ ညွှန့်ပေါင်းအဖွဲ့က တိုက်ခိုက်နေတဲ့  တာလီဘန်စစ်သွေးကြွတွေဟာ  နိုဝင်ဘာ ၂၈…

Read More

လူထုဒေါ်အမာရဲ့ ၁၀၃နှစ်ပြည့်မွေးနေ့နဲ့ သူ့တန်ဖိုး

အမရပူရ နိုဝင်ဘာ ၂၉-၂၀၁၈ ဟိန်းကို (VOM) လူကြီးလူငယ်​ သတင်းမီဒီယာ အသိုင်းအ၀ိုင်းက ယ​နေ့အချိန်​ထိ ​လေးစားစံထားရတဲ့ လူထု​ဒေါ်အမာရဲ့ (၁၀၃)နှစ်​ပြည့်​​မွေး​နေ့ကို ဒီ​နေ့ နိုဝင်​ဘာ(၂၉)ရက်​ နံနက်​ပိုင်းက အမရပူရမြို့နယ်​ ​တောင်​သမန်​အင်းအနီးက ​တောင်​​လေးလုံး​ကျောင်းတိုက်​မှာ ကျင်းပပြုလုပ်​ခဲ့ပါတယ်​။ #voiceofmyanmar #လူထုဒေါ်အမာ

Read More

နေတိုးစစ်သင်္ဘောတွေ ကရိုင်းမီးယားကျွန်းဆွယ်ကို စေလွှတ်ပေးဖို့ ယူကရိန်းသမ္မတ တိုက်တွန်း

ကိယက်ဗ်၊ နိုဝင်ဘာ-၂၉-၂၀၁၈ မျိုးဆက် (VOM) ကရိုင်းမီးယားကျွန်းဆယ်ရေလက်ကြားမှာ ရုရှားနဲ့ ယူကရိန်းရေတပ်တို့ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပွားပြီးနောက် အေဇော့ဗ်ပင်လယ်ပြင်သို့ စစ်သင်္ဘောများစေလွှတ်ပေးဖို့ ယူကရိန်းသမ္မတ ပက်ထရိုပိုရိုရှန်ကိုက နေတိုးအဖွဲ့ကို တိုက်တွန်းလိုက်ပါတယ်။ ပင်လယ်နက်နဲ့ အေဇော့ဗ်ပင်လယ်အကြားမှာရှိတဲ့ ခရာ့ခ်ျ်ရေလက်ကြားမှာ ယူကရိန်းစစ်သင်္ဘောသုံးစင်းကို ရုရှားရေတပ်က နိုဝင်ဘာ ၂၅ ရက်မှာ လက်နက်တွေနဲ့ ပစ်ခတ်ပြီး သင်္ဘောအမှုထမ်းတွေကို ဖမ်းဆီးလိုက်ပြီးနောက် ယူကရိန်းသမ္မတက ဒီလို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။ ယင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီ အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့ ယူကရိန်းနိုင်ငံကို အပြည့်အ၀ထောက်ခံတယ်လို့ နေတိုးအဖွဲ့က ထုတ်ဖော်ပြောဆိုထားပါတယ်။ ယူကရိန်းနိုင်ငံကို ကူညီရန်ဖို့နဲ့ လုံခြုံရေးအတွက် နေတိုး စစ်သင်္ဘောတွေကို နေရာပြောင်းရွှေ့ချထားနိုင်ဖို့ မျှော်လင့်တယ်လို့ ယူကရိန်းသမ္မတက ဂျာမန်သတင်းစာတစ်စောင်သို့ နိုဝင်ဘာ ၂၈ ရက်က ပြောဆိုပါတယ်။ ၂၀၁၉ ခုနှစ် ယူကရိန်း ရွေးကောက်ပွဲများမတိုင်မီ ထောက်ခံမှုပိုမို ရရှိဖို့အတွက် ပင်လယ်ရေကြောင်း ကျူးကျော်မှုကို ယူကရိန်းသမ္မတက လုပ်ခဲ့တာလို့ ရုရှားသမ္မတ…

Read More

စစ်ကိုင်းတိုင်းအတွင်း မြေယာပြဿနာဖြေရှင်းဖို့ ကသာခရိုင်က အများဆုံးကျန်ရှိနေ

နိုဝင်ဘာ ၂၉-၂၀၁၈ ဗျဂ္ဃ (Voice of Myanmar) စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စီစစ်ရေးကော်မတီကို ရောက်ရှိလာတဲ့ တိုင်ကြားစာ ၁၄၆၂ မှုထဲက ဖြေရှင်းဖို့ အမှုတွဲ ၂၃၂ မှုသာကျန်ရှိတော့တာဖြစ်ကာ အဲဒီထဲမှာ ကသာခရိုင်က ၅၁ မှုနဲ့ အများဆုံးဖြစ်တယ်လို့ တိုင်းမြေပြန်စစ်ရဲ့ သတင်းတွေအရ သိရပါတယ်။ “တိုင်ကြားစာအမှုတွဲ ၁၄၆၂ မှုမှာ ၁၁၁၀ ကဖြေရှင်းပြီးသွားပါပြီ။ ၁၂၀ ကတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို သဘောထားတောင်းခံတုန်းပါ။ ၂၃၂ မှုကတော့ ဖြေရှင်းနေဆဲပေါ့။ အဲဒီကျန်တဲ့အထဲမှာ ကသာခရိုင်ကာ ၅၁ မှုနဲ့ အများဆုံးကျန်နေတာပါ။ ကျန်တဲ့ မြေအမျိုးအစားတွေကတော့ အမျိုးမျိုးပေါ့။”လို့ တိုင်းမြေပြန်စစ်အဖွဲ့ဝင် ဦးသန်းအေးက ပြောပါတယ်။ အမှုတွဲပေါင်း ၁၄၆၂ မှုမှာ အသုံးပြုရန်လိုချက်အရ ပြန်မစွန့်တဲ့မြေမှု ၂၅၉ မှု၊ လျော်ကြေးပေးပြီး ဆက်လက်အသုံးပြုမှု ၇၈…

Read More

သံတွဲမြို့မဈေးကြီးအပေါ်ထပ်မှာမီးလောင်

သံတွဲ၊ နိုဝင်ဘာ ၂၉-၂၀၁၈ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ် တောင်ပိုင်းဒေသ သံတွဲမြို့မဈေးကြီးရဲ့ အပေါ်ထပ်မှာ ဒီကနေ့မနက်ပိုင်း ၁၀ နာရီ ၃၀ အချိန်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ မီးလောင်မှုဖြစ်ပွားခဲ့တဲ့အခန်းမှာ ဈေးဆိုင်ရောင်းချနေတဲ့အခန်းမဟုတ်ဘဲ ပလက်စတစ်ပိုက်တွေနဲ့ တခြားရောင်းကုန်တွေကို သိုလှောင်ထားတဲ့အခန်းဖြစ်ပြီး မီးဘယ်လိုစလောင်တယ်ဆိုတာကို မသိရှိရကြောင်း ဈေးဆိုင်သည် ဦးစိန်ချစ်ကပြောပါတယ်။ “မီးလောင်တဲ့အချိန်တောင် မကြည့်လိုက်ရဘူးဗျ။ မီးလောင်တယ်ဆိုတာနဲ့ ပစ္စည်းတွေလိုက်သိမ်းဆည်းနေရတာနဲ့ တော်တော်လေးကို စိုးရိမ်သွားတာပေါ့။ မီးသတ်ဌာနကိုအကြောင်းကြားလိုက်တဲ့အတွက် မီးသတ်ကားတွေရောက်လာပြီး အချိန်မီငြိမ်းသတ်နိုင်ခဲ့ပါတယ်။”လို့ ဦးစိန်ချစ်ကပြောပါတယ်။ ယင်းမီးလောင်မှုကြောင့် စတင်လောင်ကျွမ်းခဲ့သည့် ပစ္စည်းသိုလှောင်ခန်းအတွင်းမှ ပစ္စည်းများမှာဆုံးရှုံးသွားခဲ့ပြီး အချိန်မီမီးငြိမ်းသတ်နိုင်ခဲ့တဲ့အတွက် တခြားဈေးဆိုင်ခန်းတွေကို လောင်ကျွမ်းခဲ့ခြင်းမရှိသလို ထိခိုက်ဒဏ်ရာရသူတွေလည်း မရှိခဲ့ကြောင်းသိရပါတယ်။ “မီးလောင်တာက မနက် ၁၀ နရာရီခွဲမှာစလောင်တာပါ။ ဈေးကြီးရဲ့အပေါ်ထပ်အခန်းတစ်ခန်းကလောင်တာဖြစ်ပါတယ်။ ဝါယာရှော့ဖြစ်ပြီးတော့လောင်တာပါ။ လောလောဆယ်တော့ စစ်ဆေးမှုတွေပြုလုပ်နေပါတယ်”လို့ သံတွဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သန်းကပြောပါတယ်။ အခုလို ပွင့်လင်းရာသီကိုရောက်တိုင်း ရခိုင်ပြည်နယ်အတွင်း မီးလောင်ကျွမ်းမှုတွေနှစ်စဉ်ဖြစ်ပွားလေ့ရှိပြီးတော့ ဈေးတွေမီးလောင်မှုမျာလည်း မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။ #voiceofmyanmar…

Read More
VOM News

FREE
VIEW