သံတွဲမြို့မဈေးကြီးအပေါ်ထပ်မှာမီးလောင်

သံတွဲ၊ နိုဝင်ဘာ ၂၉-၂၀၁၈

ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ် တောင်ပိုင်းဒေသ သံတွဲမြို့မဈေးကြီးရဲ့ အပေါ်ထပ်မှာ ဒီကနေ့မနက်ပိုင်း ၁၀ နာရီ ၃၀ အချိန်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။

မီးလောင်မှုဖြစ်ပွားခဲ့တဲ့အခန်းမှာ ဈေးဆိုင်ရောင်းချနေတဲ့အခန်းမဟုတ်ဘဲ ပလက်စတစ်ပိုက်တွေနဲ့ တခြားရောင်းကုန်တွေကို သိုလှောင်ထားတဲ့အခန်းဖြစ်ပြီး မီးဘယ်လိုစလောင်တယ်ဆိုတာကို မသိရှိရကြောင်း ဈေးဆိုင်သည် ဦးစိန်ချစ်ကပြောပါတယ်။

“မီးလောင်တဲ့အချိန်တောင် မကြည့်လိုက်ရဘူးဗျ။ မီးလောင်တယ်ဆိုတာနဲ့ ပစ္စည်းတွေလိုက်သိမ်းဆည်းနေရတာနဲ့ တော်တော်လေးကို စိုးရိမ်သွားတာပေါ့။ မီးသတ်ဌာနကိုအကြောင်းကြားလိုက်တဲ့အတွက် မီးသတ်ကားတွေရောက်လာပြီး အချိန်မီငြိမ်းသတ်နိုင်ခဲ့ပါတယ်။”လို့ ဦးစိန်ချစ်ကပြောပါတယ်။

ယင်းမီးလောင်မှုကြောင့် စတင်လောင်ကျွမ်းခဲ့သည့် ပစ္စည်းသိုလှောင်ခန်းအတွင်းမှ ပစ္စည်းများမှာဆုံးရှုံးသွားခဲ့ပြီး အချိန်မီမီးငြိမ်းသတ်နိုင်ခဲ့တဲ့အတွက် တခြားဈေးဆိုင်ခန်းတွေကို လောင်ကျွမ်းခဲ့ခြင်းမရှိသလို ထိခိုက်ဒဏ်ရာရသူတွေလည်း မရှိခဲ့ကြောင်းသိရပါတယ်။

“မီးလောင်တာက မနက် ၁၀ နရာရီခွဲမှာစလောင်တာပါ။ ဈေးကြီးရဲ့အပေါ်ထပ်အခန်းတစ်ခန်းကလောင်တာဖြစ်ပါတယ်။ ဝါယာရှော့ဖြစ်ပြီးတော့လောင်တာပါ။ လောလောဆယ်တော့ စစ်ဆေးမှုတွေပြုလုပ်နေပါတယ်”လို့ သံတွဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သန်းကပြောပါတယ်။

အခုလို ပွင့်လင်းရာသီကိုရောက်တိုင်း ရခိုင်ပြည်နယ်အတွင်း မီးလောင်ကျွမ်းမှုတွေနှစ်စဉ်ဖြစ်ပွားလေ့ရှိပြီးတော့ ဈေးတွေမီးလောင်မှုမျာလည်း မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။

#voiceofmyanmar #သံတွဲဈေးမီးလောင်

Related posts

Leave a Comment

VOM News

FREE
VIEW