နေတိုးစစ်သင်္ဘောတွေ ကရိုင်းမီးယားကျွန်းဆွယ်ကို စေလွှတ်ပေးဖို့ ယူကရိန်းသမ္မတ တိုက်တွန်း

ကိယက်ဗ်၊ နိုဝင်ဘာ-၂၉-၂၀၁၈
မျိုးဆက် (VOM)

ကရိုင်းမီးယားကျွန်းဆယ်ရေလက်ကြားမှာ ရုရှားနဲ့ ယူကရိန်းရေတပ်တို့ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပွားပြီးနောက် အေဇော့ဗ်ပင်လယ်ပြင်သို့ စစ်သင်္ဘောများစေလွှတ်ပေးဖို့ ယူကရိန်းသမ္မတ ပက်ထရိုပိုရိုရှန်ကိုက နေတိုးအဖွဲ့ကို တိုက်တွန်းလိုက်ပါတယ်။

ပင်လယ်နက်နဲ့ အေဇော့ဗ်ပင်လယ်အကြားမှာရှိတဲ့ ခရာ့ခ်ျ်ရေလက်ကြားမှာ ယူကရိန်းစစ်သင်္ဘောသုံးစင်းကို ရုရှားရေတပ်က နိုဝင်ဘာ ၂၅ ရက်မှာ လက်နက်တွေနဲ့ ပစ်ခတ်ပြီး သင်္ဘောအမှုထမ်းတွေကို ဖမ်းဆီးလိုက်ပြီးနောက် ယူကရိန်းသမ္မတက ဒီလို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

ယင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီ အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့ ယူကရိန်းနိုင်ငံကို အပြည့်အ၀ထောက်ခံတယ်လို့ နေတိုးအဖွဲ့က ထုတ်ဖော်ပြောဆိုထားပါတယ်။
ယူကရိန်းနိုင်ငံကို ကူညီရန်ဖို့နဲ့ လုံခြုံရေးအတွက် နေတိုး စစ်သင်္ဘောတွေကို နေရာပြောင်းရွှေ့ချထားနိုင်ဖို့ မျှော်လင့်တယ်လို့ ယူကရိန်းသမ္မတက ဂျာမန်သတင်းစာတစ်စောင်သို့ နိုဝင်ဘာ ၂၈ ရက်က ပြောဆိုပါတယ်။

၂၀၁၉ ခုနှစ် ယူကရိန်း ရွေးကောက်ပွဲများမတိုင်မီ ထောက်ခံမှုပိုမို ရရှိဖို့အတွက် ပင်လယ်ရေကြောင်း ကျူးကျော်မှုကို ယူကရိန်းသမ္မတက လုပ်ခဲ့တာလို့ ရုရှားသမ္မတ ပူတင်က စွပ်စွဲပြောဆိုထားပါတယ်။ ယူကရိန်းသမ္မတ ပိုရိုရှန်ကိုကတော့ ရုရှားသမ္မတ ပူတင်ဟာ ယူကရိန်းတစ်နိုင်ငံလုံကိုလိုချင်နေပြီး သူ့ရဲ့ လိမ်ညာမှုတွေကို မယုံကြည်ကြဖို့နဲ့ ပူတင်ဟာ ရုရှားအင်ပါယာတည်ဆောက်ချင်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။

Ref: Reuter/ BBC
Photo : Reuter

#voiceofmyanmar #နေတိုး #ရုရှား #ယူကရိန်း

Related posts

Leave a Comment

VOM News

FREE
VIEW