သူတို့အိမ် အခန်း (၂၁၇)

ဆူးငှက် ကျေးဇူးရှင်များပေးသည့် ခြံကလေး ————————————– ကျွန်တော့် လယ်တောအိမ်လေးနှင့် ဝင်းကလေးမှာ မြေလဲလှယ် ပြုပြင်ပြီးလျှင် သရက်ပင်လေးတွေလည်း စိုက်ချင်သေးသည်။ ဘာပဲပြောပြော ပုံပြင်ထဲကလို မြေးမြစ်များအထိ အမွေကောင်းဖြစ်နိုင်သည်။ အခုလောလောဆယ် တော့ သပြေညွန့်တွေ ဝေနေအောင် ဘုရားပန်းအိုး ထိုးနိုင်သည်။ ငှက်ပျောပင်တွေကြား နေ့ခင်းနေ့လယ် ပက်လက် ကုလားထိုင်တစ်လုံးနှင့် အေးအေးလူလူ စာဖတ်ကာ ပင်မှည့် ငှက်ပျောသီးတွေ ဖောဖောသီသီ စားနိုင်သည်။ ကျွန်တော်က အိမ်ရှေ့ အဝင်က သကြားပင်လေး ပတ်လည်မှာ သစ်သားအတိုအစလေးတွေနှင့် ကွပ်ပျစ်လေးလည်း ရိုက်ထားတော့ ထိုနေရာမှာလည်း တုံးလုံးပက်လက် လှဲနိုင်သည်။ သည်တော့ ငယ်စဉ်က ကျွန်တော်စိတ်ကူးယဉ်ခဲ့သည့် စမ်းချောင်းတွေ ပန်းခင်းတွေ ကုန်းမြင့်လေးတွေ သရက်တော သပြေတောနှင့် ဧကကျယ် ခြံလေး မဟုတ်ပေမင့် လက်တစ်ဝါးစာ ခြံလေးမှာ ဘယ်သူ့မျက်နှာမှ ကြည့်စရာ ငဲ့စရာ မလိုဘဲ စိတ်လက်ချမ်းသာ…

Read More

မန္တလေးမှာ အွန်လိုင်းလောင်းကစား လုပ်ကိုင်နေသူ ၇ ယောက်နဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိ

မန္တလေး၊ စက်တင်ဘာ- ၉- ၂၀၂၆ SA(VOM) မန္တလေးမြို့၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ၃၁ လမ်း၊ ၆၃x၆၄ လမ်းကြားက နေအိမ်တခုမှာ စက်တင်ဘာ ၈ ရက်နေ့ ညနေပိုင်းက အွန်းလိုင်းလောင်းကစားလုပ်ကိုင်နေသူ ၇ ယောက်နဲ့ ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မန္တလေးတိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။ ဖြစ်စဥ်နေရာကို မဟာအောင်မြေခရိုင်ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့က ပူးပေါင်းပြီး ဝင်ရောက်ဖမ်းဆီးခဲ့တာမှာ ငွေသား ကျပ်သိန်း ၁၅၀ ကျပ်၊ ကွန်ပျူတာ ၆ လုံး၊ Laptop ၁ လုံး၊ ကွန်ပျူ တာ Mouse ၁ လုံး၊ ဖုန်း ၁၄ လုံး၊ Wifi စက် ၂ လုံး၊ CCTV ၁ လုံး နဲ့ တရားခံ ကျား ၂ ယောက်၊…

Read More

လမ်း​ပေါ်သွား စုံ/မ စနစ် ဖျက်သိမ်း၊ ဆီဖြည့်တင်းမှုအတွက် QR Quota စုံ/မ စနစ် ဆက်ကျင့်သုံးမယ်

စက်တင်ဘာ ၉ – ၂၀၂၆ SS (VOM) မော်တော်ယာဉ်တွေ စုံ/မ စနစ်နဲ့ မောင်းနှင်သုံးစွဲခြင်းကို စက်တင်ဘာ ၉ ရက်မှ စတင်ကာ ပယ်ဖျက်လိုက်ပြီဖြစ်ပြီး စင်သုံးဆီ ဖြည့်တင်းခြင်းအတွက် QR Quota စုံ/မ စနစ်ကို ဆက်လက် ကျင့်သုံးမယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောပါတယ်။ မော်တော်ယာဉ် မောင်းနှင်မှုကို စုံ/မ စနစ်နဲ့ ကျင့်သုံးခဲ့တဲ့အတွက် စွမ်းအင် ချွေတာနိုင်ပေမယ့် ပြည်သူတွေ သွားရေးလာရေး အခက်အခဲဖြစ်နေတာကိုလည်း နားလည်ပြီး ပြည်သူတွေ ပူးပေါင်း ပါဝင်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်လို့ သူက ပြောပါတယ်။ “လက်ရှိမှာတော့ နိုင်ငံ့စွမ်းအင်နဲ့ ပတ်သက်ပြီး အခြေအနေတွေ တည်ငြိမ်စ ပြုလာပြီမို့ နိုင်ငံတော်အစိုးရအနေနဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို အစဉ်ဦးထိပ်ထားပြီး လက်ရှိအသုံးပြုနေတဲ့ မော်တော်ယာဉ်များ စုံရက်၊ မရက် ခွဲခြား မောင်းနှင်ရတဲ့စနစ်ကို…

Read More

ဗိုလ်တထောင်မှာ အိမ်ရှင်ကိုသတ်သွားတဲ့ အိမ်အကူသားအမိကို ဖမ်းမိ

စက်တင်ဘာ ၉ ၊ ၂၀၂၆ GG (VOM) ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ် ၊ ၄၁ လမ်းက အိမ်ရှင်ကိုသတ်သွားတဲ့ တရားခံတွေဟာ အိမ်အကူသားအမိဖြစ်ပြီး လက်ရှိမှာ ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။ အိမ်ရှင်ဖြစ်တဲ့ အသက်ကြီးပိုင်း အမျိုးသမီးတဦးတည်း အိမ်မှာရှိနေချိန် အိမ်အကူအသားအမိက အိမ်ရှင်ကို သတ်ပြီး ရွှေနဲ့ငွေတွေယူကာ ထွက်ပြေးသွားတာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီနောက်မှာ ရဲတပ်ဖွဲ့က လူသတ်မှုကျူးလွန်သူကို ဖမ်းဆီးရမိ စုံစမ်းစစ်ဆေးခဲ့ရာ ထွက်ပြေးသွားတဲ့ အိမ်အကူနဲ့ သမီးဖြစ်သူကို ဧရာဝတီတိုင်းမှာ မနေ့ကညနေပိုင်းက ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ ” သူတို့က မနေ့က ရန်ကုန်ကနေ ဧရာဝတီဘက်ကို ပြန်သွားတာ။ မနေ့က ညနေပဲ ကားဂိတ်မှာပဲဖမ်းလိုက်တယ်သိရတယ်။ ဒီကအိမ်ရှင်ကို ခေါင်းအုံးနဲ့ဖိ သတ်ပြီး ပြေးတာ ငွေတွေကိုယူသွားတယ်သိရတယ် ။ ” လို့ လုံခြုံရေးတပ်ဖွဲ့နီးစပ်သူက ပြောပါတယ်။ အိမ်အကူက အိမ်ရှင်ကိုသတ်ဖြတ်တဲ့…

Read More

နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး)မှာ ကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်လို့ တယောက်သေ ၊တယောက်ဒဏ်ရာရ

စက်တင်ဘာ ၉ ၊ ၂၀၂၆ GG (VOM) မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာရှိ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)မှာ ကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်ပြီး တယောက်သေကာ တယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာ ၈ ရက်နေ့ ၊ ညပိုင်း ၇ နာရီကျော်လောက်မှာ တက္ကသိုလ်ကျောင်းဝန်းထဲက ရွှေကျွန်းသာအမျိုးသားအဆောင်ရဲ့ တတိယထပ်မှာ ကျောင်းသားနှစ်ယောက်က အရက်သောက်စားပြီး ဆူညံနေတဲ့အတွက် ပတ်ဝန်းကျင်ကို အနှောက်အယှက်ဖြစ်တာကြောင့် ဆူညံခြင်းမလုပ်ဖို့ ကျောင်းသားတယောက်က သွားရောက်ပြော​ရာကနေ အချင်းချင်း ရန်ဖြစ်ပြီး လူသေစေ တဲ့အထိ ဓားထိုးမှု ဖြစ်ခဲ့တာလို့ သိရပါတယ်။ ” အရက်သောက်ဆူနေလို့ အောက်ထပ်က ကျောင်းသားက သွားတားတာကို အရက်သောက်နေတဲ့ ကျောင်းသားနှစ်ယောက်က လက်သီးနဲ့ဝိုင်းထိုးကြတာလို့သိရတယ်။ အဲဒီမှာ အထိုးခံရတဲ့ကျောင်းသားက ဝရံတာမှာတွေ့တဲ့ ဓားနဲ့ထိုးလိုက်တာ ။တယောက်ကသေတယ်။ တယောက်က ဒဏ်ရာရတယ် သိရတယ်။ ကျန်တာတော့ မသိသေးဘူး။ ဒီကိစ္စမျိုးတွေဆိုရင်…

Read More
VOM News

FREE
VIEW