စက်တင်ဘာ ၂၈ ၊ ၂၀၂၆ GG (VOM) တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင်ထဲက ရွာပေါင်း ၆၀ လောက်မှာ ရေကြီး ၊ မြေပြိုမှုကြောင့် သေဆုံးသူ နဲ့ ပျောက်ဆုံးသူတွေများနေပေမယ့် ဒီနေ့အထိ ကူညီကယ်ဆယ်ရေးပိုင်း ထိထိရောက်ရောက် မလုပ်နိုင်သေးတဲ့အတွက် ဒေသခံတွေ ဒုက္ခရောက်နေတယ်လို့ သိရပါတယ်။ ထားဝယ်ဒေသမှာ လောင်းလုံးမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တွေက မြေပြို ၊ရေကြီးမှု အဆိုးဆုံးဖြစ်နေပြီး သေဆုံးသူ ၁၀ ယောက်လောက် ၊ ဒဏ်ရာရရှိသူ ၁၀ ယောက်ကျော်နဲ့ ပျောက်ဆုံးသူ ၂၀ လောက် အပြင် နေအိမ်မှာ ပိတ်မိနေသူတွေ ခုထိရှိနေတာ ဖြစ်တယ်လို့ သိရပါတယ် ။ လောင်းလုံးမြို့နယ်မှာ မြို့ပေါ်ရပ်ကွက်တွေအပြင် ကျေးရွာပေါင်း ၂၅ ရွာထက်မနည်း ရေကြီးမှုနဲ့ မြေပြိုမှုဒဏ်ကို ကြုံတွေ့နေရပြီး ရွာထဲမှာ အိမ်တွေမြေပိတာ ၊ နေအိမ်ထဲပိတ်မိနေတာ…
Read MoreDay: September 29, 2026
တိုင်းနဲ့ ပြည်နယ်တချို့မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်
စက်တင်ဘာ ၂၈ – ၂၀၂၆ SN (VOM) မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ အခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပြီး သေဆုံး၊ ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်နဲ့ ခမောင်းတောကျေးရွာမှာ ဒီကနေ့ စက်တင်ဘာ ၂၈ ရက်၊ မနက် ၁၀ နာရီဝန်းကျင်နဲ့ မနေ့ စက်တင်ဘာ ၂၇ ရက်၊ ညပိုင်းက လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ခဲ့သလို မင်းပြားမြို့နယ်၊ စွန်ရဲကျေးရွာမှာလည်း ဒီကနေ့ မနက် ၇ နာရီကျော်ဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့တာမှာ ခုနစ်ယောက် ဒဏ်ရာရပြီး နေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “ဒီမနက် ထိခိုက်မိသူတွေရဲ့ ဒဏ်ရာအခြေအနေနဲ့ နေအိမ်ပျက်စီးမှု အခြေအနေတွေကို အသေးစိတ် ပြောလို့မရသေးဘူး။ လေကြောင်းက…
Read Moreမုန်တိုင်းငယ် မြန်မာနိုင်ငံအတွင်း ဝင်ရောက် ဖြတ်ကျော်နိုင်တဲ့အတွက် အနီရောင်အဆင့် သတ်မှတ်
စက်တင်ဘာ ၂၈ – ၂၀၂၆ SS (VOM) လက်ရှိ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံ၊ မုတ္တမကွေ့အနီးကနေ မြန်မာနိုင်ငံအတွင်း ဝင်ရောက် ဖြတ်ကျော်နိုင်တဲ့အတွက် အနီရောင်အဆင့် သတ်မှတ်ထားတယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ( မိုး/ဇလ) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ မိုး/ဇလဌာနရဲ့ ဒီကနေ့ ညနေ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ မြန်မာနိုင်ငံ၊ မုတ္တမကွေ့၊ မွန် – တနင်္သာရီ ကမ်းရိုးတန်းတို့မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မြောက် – အနောက် မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဆင့် ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံ၊ မော်လမြိုင်မြို့ရဲ့ တောင်ဘက် ရေမိုင် ၂၀ မိုင်ခန့်၊ သုံးခွမြို့ရဲ့ အရှေ့တောင်ဘက်…
Read Moreအခန်း (၂၃၄)
ဆူးငှက် ရှေးဟောင်းရေကန် မြေဖို့ ဝင်းခတ် ————————————- ရပ်ကွက်လေးကား မျက်နှာစာ ၂၆ဘီ လမ်းမပေါ်က “တပ်ပိုင်မြေ မကျူးကျော်ရ” ဟူသော ဆိုင်းဘုတ်များ၊ ရပ်ကွက် အတွင်း အလံနီများတလူလူနှင့် သူနှင့် မဆိုင်သလို ပုံမှန်လှုပ်ရှား စည်ကားနေဆဲ ဖြစ်သည်။ မြေ အရောင်းအဝယ် ကတော့ ရပ်တံ့သွားပြီ။ မြေလွတ်မှားမှာ အိမ် ဆောက်လက်စတွေ ကတော့ ဆက်ဆောက်နေကြဆဲ ဖြစ်၏။ ထိုအတောအတွင်းမှာပဲ ၂၆ဘီလမ်းထိပ် အောင်ပင်လယ် ကန်ဘောင်လမ်း အနောက်ဘက်ရှိ ကျွဲနွားရေသောက် ကန်ကြီးကို အမှိုက်များ မြေများဖို့ပြီး အိမ်ဝင်းအသစ် ဖော်သူက ဖော်နေသည်။ သည်ကန်နေရာက ပေ၁၀၀ကျော် ပတ်လည်လောက် ရှိမှာပေါ့။ တကယ်တော့ သည် ကျွဲ နွားရေသောက်ကန်ဆိုသည်မှာ ခပ်လွယ်လွယ် မှတ်သားထားကြခြင်းသာ ဖြစ်သည်။…
Read Moreကျောက်တော် လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးဒဏ်ရာရသူ ၁၀၀ ကျော်အထိရှိလာ
စက်တင်ဘာ ၂၉ ၊ ၂၀၂၆ GG (VOM) ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသူနဲ့ ဒဏ်ရာရသူထပ်တိုးလာလို့ သေဆုံး ၄၉ ယောက် ၊ ဒဏ်ရာရ ၅၈ ယောက်အထိရှိလာတယ်လို့ သိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ တချို့လူတွေ က မီးလောင်ပြာကျသွားတဲ့အတွက် အလောင်းပကောက်ယူနိုင်တာ မရှိဘူးကြောင်း ၊ ဒဏ်ရာရသူတွေထဲမှာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသူတွေရှိတာကြောင့် သေဆုံးအရေအတွက် ထပ်တိုးလာနိုင်တယ် လို့သိရပါတယ်။ ” ထပ်တိုးအလာင်းတွေကြောင့် သေဆုံး ၄၉ ယောက်ရှိတယ်။ ဒဏ်ရာရ ၅၈ ယောက်ရှိတယ်။ အဲဒီထဲမှာ ၂၂ ယောက်က စိုးရိမ်ရတယ်။ ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ မနေ့က စက်တင်ဘာ ၂၈ ရက် ၊ နေ့လယ် ၁၂ နာရီကျော်မှာ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နဲ့ အိန္ဒိယဈေးဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်ခံရတာဖြစ်ပါတယ်။…
Read More