ရန်သူ ရုပ်ရှင်ဇာတ်ကားမှာ Tom Boy ပုံစံ ပီပြင်အောင် သရုပ်ဆောင်ထားတယ်ဆိုတဲ့ ၀တ်မှုံရွှေရည်

ရန်ကုန် ဒီဇင်ဘာ ၆-၂၀၁၈

သင်းသဒ္ဒါ(VOM)

အနုပညာနဲ့ပတ်သက်ရင် ဘယ်လိုကာရိုက်တာပဲဖြစ်ဖြစ် ဆေးစက်ကျရာ အရုပ်ထင်အောင် သရုပ်ဆောင်နိုင်တဲ့ အကယ်ဒမီ ဝတ်မှုန်ရွှေရည်ကတော့ ”ရန်သူ ရုပ်ရှင်ဇာတ်ကားမှာ Tom Boy ပုံစံ ပီပြင်အောင် သရုပ်ဆောင်ထားတယ်”လို့ဆိုပါတယ်။

”Tom Boy ဆိုတဲ့ ကာရိုက်တာကို ကစ် တစ်ခါမှလည်း မရိုက်ဖူးဘူး။ကစ်က ဒီဇာတ်ကားမှာ Tom Boy ကောင်လေးတစ်ယောက်ဖြစ်တဲ့ ဆန်းကြယ်ဆိုတဲ့ ကာရိုက်တာနဲ့ သရုပ် ဆောင်ထားပါတယ်။ ဒီကား မရိုက်ခင်ထဲက Tom Boy တွေရဲ့ နေထိုင်ပုံတွေကို ကစ်က လိုက်ပြီးတော့ လေ့လာဖြစ်ပါတယ်။သွားပုံလာပုံတွေ ဝတ်ပုံစားပုံတွေကအစပေါ့၊ တကယ့် Tom Boy အစစ်တွေနဲ့လည်း ကစ် စကား ပြောကြည့်တယ်၊ သူတို့နဲ့ နေတိုင်းတွေ့ ဖြစ်တယ်”လို့ဆိုပါတယ်။

ဒီဇင်ဘာ ၁၄ ရက်မှာ ရုံတင်ပြသမယ့် ဒါရိုက်တာ မီးပွားက လူငယ်အချစ် ဇာတ်လမ်းကို ပုံဖော်ထားတဲ့ ”ရန်သူ” ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ နေမင်း ၊သရုပ်ဆောင်သစ်ဖြစ်တဲ့ နေခြည်ဦး တို့အတူ သရုပ်ဆောင်ထားပါတယ်။

”သူတိုရဲ့ လေယူလေသိမ်းက အစလိုက်လေ့လာဖြစ်ပါတယ်။ Tom Boy က ပုံစံမျိုးစုံရှိတယ် တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူး။ကိုယ့်ကလည်း ဘယ်လို Tom Boy မျိုးကို ဖမ်းမလဲပေါ့၊ ကိုယ်စိတ်ကူးနဲ့ ပုံဖော်ထားပါတယ်”လို့ဆိုပါတယ်။

#voiceofmyanmar#၀တ်မှုံရွှေရည်#ရန်သူရုပ်ရှင်ဇာတ်ကားမှာTom Boyပုံစံသရုပ်ဆောင်ထား#

ဓာတ်ပုံ – သင်းသဒ္ဒါ

Related posts

Leave a Comment

VOM News

FREE
VIEW