ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ဘေးရှောင်တွေ ထပ်မံရောက်ရှိ

ကျောက်တော်၊ ဇန်နဝါရီ ၁-၂၀၁၉
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ကျောက်တော်မြို့နယ်အတွင်းက ဒေသခံတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးလာခဲ့ကြတဲ့ စစ်ဘေးရှောင်တွေဟာ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ထပ်မံရောက်ရှိလာနေ ကြပါတယ်။

အဲဒီစစ်ဘေးရှောင်တွေဟာ ကျောက်တော်မြို့နယ် ယိုးချောင်အထက်ပိုင်း တိုက်ပွဲတွေဖြစ်ပွားနေတဲ့နေရာတွေမှာရှိတဲ့ လေကွိနဲ့ တဲဝ ကျေးရွာသားတွဖြစ်ပြီးတော့ ဒီဇင်ဘာလ ၃၀ ရက်နေ့က ရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။

“စစ်ဘေးရှောင်တွေက လျော့သွားတာလည်းရှိတယ်၊ တိုးလာတာလည်းရှိတယ်၊ တောင်မင်းကုလာားရွာမှာဆိုရင် တချို့ပြန်သွားကြပါပြီ၊ ထပ်တိုးလာတာက ဝါးတောင်ကျေးရွာမှာ အိမ်ထောင်စု ၈၁ စုရောက်နေတယ်၊ လူဦးရေက ၄၅၀ ရောက်နေပါတယ် ”လို့ ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်က ပြောပါတယ်။

ဒ့ါအပြင် ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လေးကျေးရွာကိုလည်း ပြီးခဲ့တဲ့ ၂၈ ရက်နေ့က ကျောက်တော်မြို့နယ် ပညာဝကျေးရွာက ထွက်ပြေးလာခဲ့ကြသူ ၁၆၀ ကျော်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

“သူတို့ရောက်တာ သုံးလေးရက်ရှိပြီ၊ တစ်နေ့ကလည်း ထပ်ရောက်လာသေးတာပါ၊ သူတို့အဓိကလာတာကတော့ ရိက္ခာဖြတ်ထားတဲ့အတွက် စားရေးသောက်ရေး အခက်အခဲတွေရှိနေတာကြောင့် လာခဲ့ကြတာပါ၊ လောလောဆယ်တော့ စာသင်ကျောင်းမှာယာယီနေထိုင်ခွင့်ပေးထားပါတယ် ”လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလပြည့်အောင်က ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ယိုးချောင်းအထက်ပိုင်းကျေးရွာတွေကို ရိက္ခာသယ်ယူပို့ဆောင်ခွင့် ပိတ်ထားခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ စိစစ်ဆောင်ရွက်ပြီး သယ်ယူခွင့်ပြုထားပြီဖြစ်ပါတယ်။

“အတတ်နိုင်ဆုံးတော့ ညှိနိုင်းပြီးတော့ ဆောင်ရွက်နေပါတယ်၊ အပေါ်ဖက်မှာက တိုက်ပွဲဖြစ်နေတဲ့နေရာဖြစ်နေတော့ အရမ်းကာရောသွားလိုက်လို့ရှိရင် မှားယွင်းပစ်ခတ်မှာစိုးရတာကြောင့် တပ်ကတော့နည်းနည်းစိစစ်တာတွေရှိတာပေါ့ ”လို့ ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသီဟဇော်က ပြောပါတယ်။

အဲဒီစစ်ဘေးရှောင်တွေကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းစတဲ့ ဌာနအသီးသီးတွေနဲ့ ညှိနှိုင်းပြီးတော့ ဆန်၊ အဝတ်အထည်၊ အစားအစာ၊ ဆေးဝါးနဲ့တခြားအသုံးအဆောင်ပစ္စည်းတွေကို ထောက်ပံ့ကူညီပေးထားတယ်လို့ ဦးသီဟဇော်က ပြောပါတယ်။

#voiceofmyanmar#ကျောက်တော်နှင့်ပုဏ္ဏားကျွန်း#စစ်ဘေးရှောင်တွေထပ်မံရောက်ရှိ#

Related posts

Leave a Comment

VOM News

FREE
VIEW