ရန်ကုန် ဇန်နဝါရီ ၁-၂၀၁၉
သင်းသဒ္ဒါ(VOM)
ဒါရိုက်တာ ဥာဏတင်ဦး (ခ)ဏကြီး နဲ့ အကယ်ဒမီ ပိုင်ဖြိုးသုတို့ရဲ့ မင်္ဂလာဦးအလှူပွဲကိုတော့ ဇန်နဝါရီ ၁ ရက်နေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းရှိတဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဗဟိုမှာ ပြုလုပ်ခဲ့ပါတယ်။
”သု အကယ်ဒမီ စရတုန်းကလည်း ကိုယ်လူချောအဖွဲ့ရော စက်မှုအဖွဲ့တွေကို လှူခဲ့ဖူးပါတယ်၊ အဲလှူရတာ သုအရမ်းပျော်တယ်၊ မင်္ဂလာဦးကျရင် ထိုင်မသိမ်းတွေနဲ့ လုပ်မယ့်အစား သုတို့တွေကို လှူရအောင်လို့ တိုင်ပင်ပြီး လှူဖြစ်တာပါ၊ ယနေ့ ဝတ်စုံကို ယဉ်သူထိုက်ပိုးထည်တိုက်ကပါ၊ကြာတိုက်ပုံကိုတော့ ခင်စန်းယဉ်ယက္ကန်းတိုက်ပါ၊ ဒီဇိုင်နာ မယုံ့ယုံ့ ဖန်တီးပေးထားတာပါ၊ လက်ဝတ်ရတနာက စိန်နန်းတော်ကပါ ”လို့ အကယ်ဒမီ ပိုင်ဖြိုးသုကပြောပါတယ်။
အဆိုပါ အခမ်းအနားမှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌဇင်ဝိုင်း ၊ စက်မှုအခြေခံ သာရေးနာရေးအဖွဲ့ဝင် ခေါင်းဆောင် ကိုသားကျော်တို့က မုဒိတာစကားပြောဆိုခဲ့ပါတယ်။
ဏကြီး နှင့် ပိုင်ဖြိုးသုက သရုပ်ဆောင် ကိုယ်လူချောအဖွဲ့ (၈၂)ဦး၊ စက်မှုအခြေခံ သာရေးနာရေးအဖွဲ့ဝင် (၁၈၀)ဦး၊ စုစုပေါင်း ၂၆၂ ဦးတို့အတွက် ဆန်တစ်တင်းခွဲ၊ ဆီ ၃ပိသာ ဆီလှူဒါန်းပွဲကို လှူဒါန်းခဲ့ကြပါတယ်။
ဒါရိုက်တာ ဏကြီး နှင့် အကယ်ဒမီ ပိုင်ဖြိုးသုကတော့ ၂၀၁၈ခုနှစ် ဇွန် ၂၁ ရက် နံနက်ပိုင်းကလည်း ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ စေ့စပ်ခဲ့ကြပါတယ်။ ယနေ့ညနေ ညနေ ၆ နာရီမှာလည်း ရန်ကုန်မြို့ အင်ယားလိတ်ဟိုတယ်မှာ မင်္ဂလာဧည့်ခံပွဲကို ဆက်လက် ကျင်းပသွားမှာဖြစ်ပါတယ်။
#voiceofmyanmar#အကယ်ဒမီပိုင်ဖြိုးသု#
သင်းသဒ္ဒါ -ဓာတ်ပုံ