မႏၲေလး ေက်ာက္မ်က္ျပပြဲအတြက္ဝင္ခြင့္ကဒ္ေတြ စတင္လုပ္ေပးေန

မႏၲေလး ေအာက္တိုဘာ ၁၅
ျဖဴျဖဴ (VOM)

မႏၲေလးကြန္ဗင္းရွင္းစင္တာမွာျပဳလုပ္မယ့္ ေက်ာက္စိမ္းအ႐ိုင္း၊ အေခ်ာထည္နဲ႔ ေက်ာက္မ်က္ရတနာ ျပပြဲအတြက္ဝင္ခြင့္ကဒ္ေတြကိုု ေအာက္တိုဘာ ၁၄ ရက္ကစတင္လုပ္ေပးေနတာျဖစ္ၿပီးကဒ္တန္ဖိုုးေစ်းေတြကိုု ေနျပည္ေတာ္ပြဲေတြထက္ ေလွ်ာ့ခ်ေပးထားတယ္လို႔ ျပပြဲျဖစ္ေျမာက္ေရးေကာ္မတီက သိရပါတယ္။

 

 

ေနျပည္ေတာ္ျပပြဲေတြမွာ ႏိုင္ငံသားဝင္ခြင့္ကဒ္ကိုု ေျခာက္ေသာင္း၊ ႏိုင္ငံျခားသားဆို ႏွစ္သိန္းေလာက္ေပးရတာျဖစ္ၿပီး အခုမႏၲေလးျပပြဲမွာ ျပပြဲကာလအတြက္ ႏိုင္ငံသားဝင္ခြင့္ကဒ္ကိုု ၂၀၀၀၀ က်ပ္၊ ႏိုင္ငံျခားသားဝင္ခြင့္ကဒ္ကိုု တစ္သိန္းသတ္မွတ္ေပးထားတယ္လို႔ ျပပြဲျဖစ္ေျမာက္ေရးေကာ္မတီ ဥကၠ႒ ဦးေက်ာ္ေဇာေအာင္က ေျပာပါတယ္။

 

 

“မႏၲေလးပြဲကို ကိုယ့္လုပ္ငန္းရွင္ေတြ သက္သာေအာင္လို႔ အတတ္ႏိုင္ဆုံး ေဈးေလွ်ာ့ၿပီး လုပ္ေပးတာပါ။ ဘာေၾကာင့္ဝင္ခြင့္ကဒ္လုုပ္ရတယ္ဆိုုတဲ႕ အေၾကာင္းရင္းကေတာ့ တန္ဖိုးရွိတဲ့ေက်ာက္ေတြျဖစ္တဲ့အတြက္ ဝင္ေရာက္တဲ့သူေတြ စည္းကမ္းေလးတစ္ခု သတ္မွတ္တဲ့သေဘာပါ။” လို႔ သူကေျပာပါတယ္။

 

ဝင္ခြင့္ကဒ္ ေတြကို တစ္ဦးနဲ႔တစ္ဦးလႊဲေျပာင္းခြင့္ျပဳမွာမဟုတ္ဘဲ ျပပြဲရက္ျဖစ္တဲ့ေအာက္တိုဘာ ၂၃ ရက္ေန႔အထိ ေရာင္းခ်ေပးသြားမွာျဖစ္ၿပီး ျပပြဲကိုေတာ့ ၂၉ ရက္ေန႔အထိ က်င္းပသြားမွာျဖစ္ပါတယ္။

 

“ေက်ာက္ေတြအားလုံး၊ ေထာင္ေက်ာက္(သိန္းေထာင္ခ်ီတန္ဖိုးရွိေက်ာက္)၊ေသာင္းေက်ာက္ကအစ အျပင္မွာ မျမင္တဲ့ဟာအားလုံးကို ဒီပြဲလုပ္တဲ့အတြက္ သူတို႔အေနနဲ႔ ကိုယ္တိုင္မဝယ္ႏိုင္ေသာ္ျငားလည္း ႏွစ္ေသာင္းေလးေပးၿပီးေတာ့ ဒီေက်ာက္ပြဲကေန အေတြ႕အႀကဳံေတြရမယ္။ ဒါက ေက်ာက္သမားေတြအတြက္ အားသာခ်က္ေပါ့။ ”လို႔ ေ႐ႊနဒီဦးေက်ာက္မ်က္ေရာင္းဝယ္ေရးလုပ္ငန္းရွင္ ဦးေမာင္လြင္က ေျပာပါတယ္။

 

အခုလို ေက်ာက္စိမ္းအ႐ိုင္း၊ အေခ်ာထည္နဲ႔ ေက်ာက္မ်က္ရတနာ ျမန္မာက်ပ္ေငြနဲ႔ ေရာင္းခ်ပြဲကို မႏၲေလးၿမိဳ႕မွာ ျပဳလုပ္တာဟာ ဒါက ပထမဆုံးျဖစ္ပါတယ္။ အရင္က ေနျပည္ေတာ္နဲ႔ ရန္ကုန္ၿမိဳ႕မွာသာ က်င္းပေလ့ရွိၿပီး အခုႏွစ္မွာေတာ့ စစ္ကိုင္း၊ ျမစ္ႀကီးနားနဲ႔ တခ်ိဳ႕တိုင္းနဲ႔ ျပည္နယ္ေတြမွာ က်င္းပလာၾကတာျဖစ္ပါတယ္။

 

ဒီျပပြဲမွာ ေက်ာက္စိမ္းအ႐ိုင္းတြဲနဲ႔ အေခ်ာထည္အတြက္ ၾကမ္းခင္းေဈးကို ဆယ္သိန္းက်ပ္သတ္မွတ္ထားၿပီး တင္ဒါစနစ္နဲ႔ ေရာင္းခ်ေပးသြားမွာျဖစ္ပါတယ္။ ျမန္မာက်ပ္ေငြျပပြဲျဖစ္တဲ့အတြက္ ျပည္တြင္းေက်ာက္မ်က္လုပ္ငန္းရွင္ေတြကိုပြဲ ေရာင္းဝယ္ခြင့္ျပဳမွာျဖစ္ၿပီး ႏိုင္ငံျခားသားေတြအေနနဲ႔က ဝင္ေရာက္ေလ့လာခြင့္သာရွိမွာ ျဖစ္တယ္လို႔ ျပပြဲျဖစ္ေျမာက္ေရးေကာ္မတီက သိရပါတယ္။

#voiceofmyanmar #မႏၲေလး #ေက်ာက္မ်က္ျပပြဲ# ကြန္ဗင္းရွင္းစင္တာ

 

Unicode

မန္တလေး ကျောက်မျက်ပြပွဲအတွက်ဝင်ခွင့်ကဒ်တွေ စတင်လုပ်ပေးနေ

မန္တလေး အောက်တိုဘာ ၁၅
ဖြူဖြူ (VOM)

မန္တလေးကွန်ဗင်းရှင်းစင်တာမှာပြုလုပ်မယ့် ကျောက်စိမ်းအရိုင်း၊ အချောထည်နဲ့ ကျောက်မျက်ရတနာ ပြပွဲအတွက်ဝင်ခွင့်ကဒ်တွေကို အောက်တိုဘာ ၁၄ ရက်ကစတင်လုပ်ပေးနေတာဖြစ်ပြီးကဒ်တန်ဖိုးဈေးတွေကို နေပြည်တော်ပွဲတွေထက် လျှော့ချပေးထားတယ်လို့ ပြပွဲဖြစ်မြောက်ရေးကော်မတီက သိရပါတယ်။

နေပြည်တော်ပြပွဲတွေမှာ နိုင်ငံသားဝင်ခွင့်ကဒ်ကို ခြောက်သောင်း၊ နိုင်ငံခြားသားဆို နှစ်သိန်းလောက်ပေးရတာဖြစ်ပြီး အခုမန္တလေးပြပွဲမှာ ပြပွဲကာလအတွက် နိုင်ငံသားဝင်ခွင့်ကဒ်ကို ၂၀၀၀၀ ကျပ်၊ နိုင်ငံခြားသားဝင်ခွင့်ကဒ်ကို တစ်သိန်းသတ်မှတ်ပေးထားတယ်လို့ ပြပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဇောအောင်က ပြောပါတယ်။

“မန္တလေးပွဲကို ကိုယ့်လုပ်ငန်းရှင်တွေ သက်သာအောင်လို့ အတတ်နိုင်ဆုံး ဈေးလျှော့ပြီး လုပ်ပေးတာပါ။ ဘာကြောင့်ဝင်ခွင့်ကဒ်လုပ်ရတယ်ဆိုတဲ့ အကြောင်းရင်းကတော့ တန်ဖိုးရှိတဲ့ကျောက်တွေဖြစ်တဲ့အတွက် ဝင်ရောက်တဲ့သူတွေ စည်းကမ်းလေးတစ်ခု သတ်မှတ်တဲ့သဘောပါ။” လို့ သူကပြောပါတယ်။

ဝင်ခွင့်ကဒ် တွေကို တစ်ဦးနဲ့တစ်ဦးလွှဲပြောင်းခွင့်ပြုမှာမဟုတ်ဘဲ ပြပွဲရက်ဖြစ်တဲ့အောက်တိုဘာ ၂၃ ရက်နေ့အထိ ရောင်းချပေးသွားမှာဖြစ်ပြီး ပြပွဲကိုတော့ ၂၉ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

“ကျောက်တွေအားလုံး၊ ထောင်ကျောက်(သိန်းထောင်ချီတန်ဖိုးရှိကျောက်)၊သောင်းကျောက်ကအစ အပြင်မှာ မမြင်တဲ့ဟာအားလုံးကို ဒီပွဲလုပ်တဲ့အတွက် သူတို့အနေနဲ့ ကိုယ်တိုင်မဝယ်နိုင်သော်ငြားလည်း နှစ်သောင်းလေးပေးပြီးတော့ ဒီကျောက်ပွဲကနေ အတွေ့အကြုံတွေရမယ်။ ဒါက ကျောက်သမားတွေအတွက် အားသာချက်ပေါ့။ ”လို့ ရွှေနဒီဦးကျောက်မျက်ရောင်းဝယ်ရေးလုပ်ငန်းရှင် ဦးမောင်လွင်က ပြောပါတယ်။

အခုလို ကျောက်စိမ်းအရိုင်း၊ အချောထည်နဲ့ ကျောက်မျက်ရတနာ မြန်မာကျပ်ငွေနဲ့ ရောင်းချပွဲကို မန္တလေးမြို့မှာ ပြုလုပ်တာဟာ ဒါက ပထမဆုံးဖြစ်ပါတယ်။ အရင်က နေပြည်တော်နဲ့ ရန်ကုန်မြို့မှာသာ ကျင်းပလေ့ရှိပြီး အခုနှစ်မှာတော့ စစ်ကိုင်း၊ မြစ်ကြီးနားနဲ့ တချို့တိုင်းနဲ့ ပြည်နယ်တွေမှာ ကျင်းပလာကြတာဖြစ်ပါတယ်။

ဒီပြပွဲမှာ ကျောက်စိမ်းအရိုင်းတွဲနဲ့ အချောထည်အတွက် ကြမ်းခင်းဈေးကို ဆယ်သိန်းကျပ်သတ်မှတ်ထားပြီး တင်ဒါစနစ်နဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ မြန်မာကျပ်ငွေပြပွဲဖြစ်တဲ့အတွက် ပြည်တွင်းကျောက်မျက်လုပ်ငန်းရှင်တွေကိုပွဲ ရောင်းဝယ်ခွင့်ပြုမှာဖြစ်ပြီး နိုင်ငံခြားသားတွေအနေနဲ့က ဝင်ရောက်လေ့လာခွင့်သာရှိမှာ ဖြစ်တယ်လို့ ပြပွဲဖြစ်မြောက်ရေးကော်မတီက သိရပါတယ်။

#voiceofmyanmar #မန္တလေး #ကျောက်မျက်ပြပွဲ# ကွန်ဗင်းရှင်းစင်တာ

Related posts

Leave a Comment

VOM News

FREE
VIEW