ဆီးရီးယားထိုးစစ် အဆုံးသတ်ရေး အမေရိကန်ရဲ့တောင်းဆိုမှု တူရကီသမ္မတပယ်ချ

အန်ကာရာ၊ အောက်တိုဘာ ၁၆-၂၀၁၉ မျိုးဆက် (VOM) ဆီးရီးယားနိုင်ငံ မြောက်ပိုင်းမှာ တူရကီရဲ့ ထိုးစစ်ဆင်နွှဲနေတာတွေကို ချက်ချင်းရပ်ဆိုင်းဖို့အတွက် အမေရိကန်ရဲ့ တောင်းဆိုချက်ကို တူရကီသမ္မတ အာဒိုဂန်က ပယ်ချလိုက်ပါတယ်။ အမေရိကန်ဒုသမ္မတ မိုက်ပင့်စ်နဲ့ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုတို့ရဲ့ တူရကီခရီးစဉ်မတိုင်မီမှပဲ သမ္မတအာဒိုဂန်ရဲ့ မှတ်ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဆီးရီးယားနယ်စပ်မှာရှိတဲ့ ကာ့ဒ်တပ်ဖွဲ့ဝင်တွေရဲ့ မဟာမိတ် အမေရိကန်တပ်ဖွဲ့ဝင်တွေရုပ်သိမ်းပြီးနောက် ကာ့ဒ်တွေကို နယ်စပ်ကနေမောင်းထုတ်ဖို့ ရည်ရွယ်ပြီး တူရကီက ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ တူရကီထိုးစစ်ကို တုံပြန်ဖို့အတွက် ကာ့ဒ်တွေနဲ့ ဆီးရီးယားအစိုးရတပ်ဖွဲ့တို့အကြား သဘောတူညီချက်ရရှိသွားပြီးနောက် အဲဒီဒေသကို အစိုးရတပ်ဖွဲ့တွေ ဖြန်ကြက်ထားလိုက်ပြီဖြစ်ပါတယ်။ ဒါပေမယ့် ဆီးရီးယားအစိုးရကို ကျောထောက်နောက်ခံပေးထားတဲ့ ရုရှားကတော့ တူရကီနဲ့ ဆီးရီးယားအစိုးရတပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲမဖြစ်အောင် ကာကွယ်တားဆီးမယ်လို့ ပြောပါတယ်။ လက်ရှိတွင် တူရကီရှိ ဆီးရီးယားဒုက္ခသည် နှစ်သန်းကျော်ကို ပြန်လည်နေရာချထားရန် ဆီးရီးယားနိုင်ငံအတွင်း မိုင် ၂၀ ပမာဏရှိ ဘေးကင်းဇုန်တစ်ခုတည်ဆောက်ဖို့ တူရကီက ဆန္ဒရှိနေတာဖြစ်ပါတယ်။…

Read More

ဟောင်ကောင်ပြည်သူတွေကို ထောက်ခံတဲ့ဥပဒေကြမ်း အမေရိကန်အောက်လွှတ်တော်အတည်ပြု

ဝါရှင်တန်၊ အောက်တိုဘာ ၁၆-၂၀၁၉ မျိုးဆက် (VOM) အမေရိကန် လွှတ်တော်အမတ်တွေဟာ ဟောင်ကောင်ရှိ လူ့အခွင့်အရေးအခြေအနေများကို ထောက်ခံဖို့ရည်ရွယ်တဲ့ ဥပဒေကြမ်းတစ်ခုကို အတည်ပြုလိုက်ပြီး ဟောင်ကောင်ဆန္ဒပြသူတွေကို ထောက်ခံလိုက်ပါတယ်။ အထက်လွှတ်တော်က အတည်ပြုဖို့ လိုအပ်နေသေးတဲ့ အဲဒီဥပဒေကြမ်းမှာ ဟောင်ကောင်ရဲ့ အထူးကုန်သွယ်ခွင့်ကို တရုတ်နိုင်ငံကပေးအပ်ထားတာ ဖြစ်ပေမယ့် သိသာထင်ရှားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိမရှိကို သိရှိနိုင်ဖို့ အမေရိကန် ဆီးနိတ်က နှစ်စဉ်ပြန်လည်သုံးသပ်ရမယ်လို့ ပြဌာန်းထားပါတယ်။ ဒါ့အပြင် ဟောင်ကောင်ကို မျက်ရည်ယိုဗုံးတွေ တင်ပို့တာကို ရပ်တန့်ဖို့အတွက်လည်း အောက်လွှတ်တော်က အတည်ြ့ပုခဲ့ပါတယ်။ ဟောင်ကောင်ဆန္ဒပြသူတွေဟာ အမေရိကန်ရဲ့ ဥပဒေကြမ်းကို ထောက်ခံဖို့ အောက်တိုဘာ ၁၄ ရက်က လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါသေးတယ်။ ဟောင်ကောင်ဆန္ဒပြပွဲတွေ အရှိန်မြင့်လာတဲ့ ဇွန်လမှာ တင်သွင်းခဲ့တဲ့ အဲဒီဥပဒေကြမ်းကို အမေရိကန်အောက်လွှတ်တော်အမတ်တွေက ထောက်ခံအတည်ပြုခဲ့တာဖြစ်ပြီး အမေရိကန်ရဲ့ ဥပဒေအရ ဟောင်ကောင်မှာ အကျိုးထူးခံစားရမယ်လို့ဆိုပါတယ်။ ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့အစိတ်အပိုင်းဖြစ်ပေမယ့်လည်း ဥပဒေနဲ့ စီးပွားရေးစနစ်တွေကတော့…

Read More

ပဲခူးတိုင်းဝန်ကြီးချုပ်ပြောစကားနဲ့ပက်သက်ပြီး ရှင်းလင်းပွဲမှာ ဟန့်တားထိုးကြိတ်သူ ပြည်ခိုင်ဖြိုးပါတီဝင်ဆိုသူကို နိုင်လွတ်လုံပုဒ်မနဲ့အမှုဖွင့်

နတ္တလင်း အောက်တိုဘာ ၁၆-၂၀၁၉ မိုးယံ(VOM) ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ နတ္တလင်းမြို့နယ်၊ ဒမငယ်ကျေးရွာမှာ မနေ့အောက်တိုဘာ၁၅ရက်နေ့က ပဲခူးတိုင်းဝန်ကြီးချုပ်ပြောကြားချက်ကို ဒေသခံများက ရှင်းလင်းနေစဉ် ဝင်ရောက်ဟန့်တားထိုးကြိတ်သူဟာ ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်တယ်လို့ ဒေသခံအချို့က စွပ်စွဲပြောဆိုမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ မကြီးမငယ်ဘုရားဝန်းအတွင်းက ဓမ္မရုံမှာရှင်းလင်းပွဲပြုလုပ်နေစဉ် ဂေါပကအတွင်းရေးမှူး ဦးသန်းထွန်းက ပွဲဦးဆောင်ပြုလုပ်သူ ကိုချစ်ကို ကို ဓမ္မာရုံအပြင်ဘက်ခေါ်ဆောင်ပြီး ကိုတာတာဦး(ပြည်ခိုင်ဖြိုးပါတီဝင်)ဆိုသူမှ ကိုချစ်ကိုရဲ့ နောက်စေ့ကို လက်သီးနဲ့ထိုးခဲ့တဲ့အတွက် နိုင်လွတ်လုံပုဒ်မနဲ့အမှုဖွင့်ခံထားရတယ်လို့ တောင်ညိုရဲကင်းစခန်းကသိရပါတယ်။ “ သူတို့က ကျနော်ရှင်းလင်းပွဲလုပ်နေတာကို နောက်ယောင်ခံလိုက်လာတယ်၊ ပြောစရာရှိလို့ဆိုပြီး ကျနော့ကိုခေါ်တော့ ကျနော်ကသဘောရိုးနဲ့ထွက်တယ်၊ ဒါကိုတစ်ယောက်ကခေါ်တယ် တစ်ယောက်က နောက်ကထိုးတယ် လူပေါင်း နှစ်ရာ၊သုံးရာကြားထဲမှာ၊ကျနော့ဂုဏ်သိက္ခာကျဆင်းတဲ့အတွက် နိုင်လွတ်လုံ၁၀နဲ့ အမှုဖွင့်လိုက်တာပါသူတို့က ပြည်ခိုင်ဖြိုးပါတီဝင်တွေပါလို” ကိုချစ်ကိုကပြောပါတယ်။ ကိုတာတာဦးနဲ့ဦးသန်းထွန်းတို့ကို ဒေသခံတစ်ချို့က ပြည်ခိုင်ဖြိုးပါတီဝင်တွေလို့ ပြောဆိုတာနဲ့ပတ်သက်ပြီး နတ္တလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးမြတ်စိုးကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ “ သူတို့နှစ်ဦးက ပြည်ခိုင်ဖြိုးပါတီဝင် မဟုတ်ပါဘူး၊ ကိုတာတာဦးဆိုရင် အရင်၂၀၁၅မှာNLDကပါ…

Read More

မြန်မာနိုင်ငံပြန်ပို့မယ့် ရိုဟင်ဂျာငါးသောင်း စာရင်းသစ် ဘင်္ဂလားဒေ့ရှ်ပေးအပ်

ဒါကာ၊ အောက်တိုဘာ ၁၆-၂၀၁၉ မျိုးဆက် (VOM) ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံပြန်ပို့ရေးလုပ်ငန်းစဉ် ဆက်လက်နှောင့်နှေးနေချိန်မှာ မြန်မာနိုင်ငံက စီစစ်ဖို့အတွက် ပြန်ပို့မယ့် ရိုဟင်ဂျာဒုက္ခသည် ငါးသောင်းရဲ့စာရင်းကို ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံဘက်ကို လွှဲပြောင်းပေးလိုက်ပါတယ်။ ဒီလို စာရင်းသစ်ထပ်ပြီးပေးပို့လိုက်တာနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမန်က အောက်တိုဘာ ၁၅ ရက်မှာ သတင်းထောက်တွေကို ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။ “ လက်ရှိအချိန်ထိတော့ ရိုဟင်ဂျာတွေနေရပ်ပြန်ရေးနှစ်နိုင်ငံ သဘောတူညီချက်လက်မှတ်ထိုးပြီးနောက် ပြန်ပို့မယ့် ရိုဟင်ဂျာ တစ်သိန်းကျော်ရဲ့ စာရင်းတွေကို မြန်မာဘက်ကို ဘင်္ဂလားဒေ့ရှ်က ပေးအပ်ထားပြီးဖြစ်ပါတယ်။ ဇူလိုင် ၂၉ ရက်မှာ ဒါကာမှာပြုလုပ်တဲ့ မြန်မာနိုင်ငံနဲ့ ဆွေးနွေးပွဲမှာလည်း ပြန်ပို့မယ့်သူတွေစာရင်းကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ နေရပ်ပြန်ရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဘက်က အာမခံချက်တွေပေးထားပေမယ့်လည်း ရိုဟင်ဂျာဒုက္ခသည်တွေအနေနဲ့ ပြန်လိုတဲ့အရိပ်အယောင်မတွေ့ရပါဘူး။ မြန်မာနိုင်ငံကို ဒီလိုစာရင်းတွေ လွှဲပြောင်းပေးအပ်ရတဲ့အကြောင်းကတော့ နေရပ်ပြန်ရေး အားထုတ်မှုတွေအတွက် စီစစ်ရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့်လုပ်ဆောင်လိုတာကြောင့်လို့ ” နိုင်ငံခြားရေးဝန်ကြီး မိုမန်ကပြောပါတယ်။…

Read More

ပညာရေး‌နဲ့ နိုင်ငံရေးလောကမှာ ပူးပေါင်းဆောင်ရွက်မှုကို အလေးထားစေချင်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံ‌ပုဂ္ဂိုလ်ပြော

နေပြည်တော်၊ အောက်တိုဘာ ၁၆-၂၀၁၉ ကိုထွန်း(VOM) ပညာရေးလောက နဲ့ နိုင်ငံရေးလောကမှာ ခေါင်းဆောင်ဖြစ်မှုကို အလေးမထားပဲ ပူးပေါင်းဆောင်ရွက်မှုကို အလေးထားစေချင်တယ်၊ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မယ် လို့ ဒီကနေ့မနက်ပိုင်းက နေပြည်တော် MICC-2ခန်းမမှာ ကျင်းပြုလုပ်တဲ့ ၂၀၁၉ခုနှစ် တက္ကသိုလ်များဖွံ့ ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးနှီးနှောဖလှယ်ပွဲကို တက်ရောက်ခဲ့တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကားပြောကြားမှုမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ “ကျွန်မတို့ အားလုံးအတွက်အရေးကြီးတာက ပူးပေါင်းဆောင်ရွက်မှုဘဲ ဖြစ်ပါတယ်၊ ဒါမှ ပညာရေးလောကမှာရော နိုင်ငံရေးလောကမှာရော အခု သိပ်ခေတ်စားနေတဲ့ ခေါင်းဆောင်ဖြစ်မှုကို အလေးမထားဘဲနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အလေးထားစေချင်ပါတယ်၊ စုပေါင်းပြီးတော့ ဆောင်ရွက်မှသာ အောင်မြင်နိုင်မှာပါ “လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အနာဂတ် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ထောင်ရာမှာ ပြည်ထောင်စုကြီး အဖက်ဖက်က ဖွံ့ ဖြိုးတိုးတက်ရေး၊ ပြည်တွင်းစစ်ငြိမ်းချမ်းရေး၊ စစ်မှန်သော ပြည်ထောင်စုတည်ဆောက်နိုင်ရေး နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက်…

Read More
VOM News

FREE
VIEW