ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ေျပာစကားနဲ႔ပက္သက္ၿပီး ရွင္းလင္းပြဲမွာ ဟန္႔တားထိုးႀကိတ္သူ ျပည္ခိုင္ၿဖိဳးပါတီဝင္ဆိုသူကို ႏိုင္လြတ္လုံပုဒ္မနဲ႔အမႈဖြင့္

နတၱလင္း ေအာက္တိုဘာ ၁၆-၂၀၁၉
မိုးယံ(VOM)

ပဲခူးတိုင္းအေနာက္ျခမ္း၊ သာယာဝတီခ႐ိုင္၊ နတၱလင္းၿမိဳ႕နယ္၊ ဒမငယ္ေက်း႐ြာမွာ မေန႔ေအာက္တိုဘာ၁၅ရက္ေန႔က ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ေျပာၾကားခ်က္ကို ေဒသခံမ်ားက ရွင္းလင္းေနစဥ္ ဝင္ေရာက္ဟန႔္တားထိုးႀကိတ္သူဟာ ျပည္ခိုင္ၿဖိဳးပါတီဝင္ျဖစ္တယ္လို႔ ေဒသခံအခ်ိဳ႕က စြပ္စြဲေျပာဆိုမွုေတြျဖစ္ေပၚခဲ့ပါတယ္။

မႀကီးမငယ္ဘုရားဝန္းအတြင္းက ဓမၼ႐ုံမွာရွင္းလင္းပြဲျပဳလုပ္ေနစဥ္ ေဂါပကအတြင္းေရးမႉး
ဦးသန္းထြန္းက ပြဲဦးေဆာင္ျပဳလုပ္သူ ကိုခ်စ္ကို ကို ဓမၼာ႐ုံအျပင္ဘက္ေခၚေဆာင္ၿပီး ကိုတာတာဦး(ျပည္ခိုင္ျဖိဳးပါတီဝင္)ဆိုသူမွ ကိုခ်စ္ကိုရဲ႕ ေနာက္ေစ့ကို လက္သီးနဲ႔ထိုးခဲ့တဲ့အတြက္
ႏိုင္လြတ္လုံပုဒ္မနဲ႔အမႈဖြင့္ခံထားရတယ္လို႔ ေတာင္ညိဳရဲကင္းစခန္းကသိရပါတယ္။

“ သူတို႔က က်ေနာ္ရွင္းလင္းပြဲလုပ္ေနတာကို ေနာက္ေယာင္ခံလိုက္လာတယ္၊ ေျပာစရာရွိလို႔ဆိုၿပီး
က်ေနာ့ကိုေခၚေတာ့ က်ေနာ္ကသေဘာ႐ိုးနဲ႔ထြက္တယ္၊ ဒါကိုတစ္ေယာက္ကေခၚတယ္ တစ္ေယာက္က ေနာက္ကထိုးတယ္ လူေပါင္း ႏွစ္ရာ၊သုံးရာၾကားထဲမွာ၊က်ေနာ့ဂုဏ္သိကၡာက်ဆင္းတဲ့အတြက္ ႏိုင္လြတ္လုံ၁၀နဲ႔ အမႈဖြင့္လိုက္တာပါသူတို႔က ျပည္ခိုင္ၿဖိဳးပါတီဝင္ေတြပါလို” ကိုခ်စ္ကိုကေျပာပါတယ္။

ကိုတာတာဦးနဲ႔ဦးသန္းထြန္းတို႔ကို ေဒသခံတစ္ခ်ိဳ႕က ျပည္ခိုင္ၿဖိဳးပါတီဝင္ေတြလို႔ ေျပာဆိုတာနဲ႔ပတ္သက္ၿပီး နတၱလင္းၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးပါတီဥကၠဌ ဦးျမတ္စိုးကို ဆက္သြယ္ေမးျမန္္းၾကည့္တဲ့အခါ
“ သူတို႔ႏွစ္ဦးက ျပည္ခိုင္ၿဖိဳးပါတီဝင္ မဟုတ္ပါဘူး၊ ကိုတာတာဦးဆိုရင္ အရင္၂၀၁၅မွာNLDကပါ သူကိုယ္တိုင္ NLDကစည္း႐ုံးေရးလုပ္ၿပီး၊ သူကိုယ္တိုင္NLDကိုမဲထည့္ခဲ့တာပါ က်ေနာ္တို႔
ျပည္ခိုင္ၿဖိဳး႐ုံးမွာလည္း ကိုတာတာဦးနဲ႔ပတ္သက္တဲ့ ကြန္ဖန္းျဖစ္ေအာင္ ျပန္ၾကည့္ေတာ့လည္းမရွိဘူး၊ အဲဒါနဲ႔ေဒသကိုျပန္ေမးၾကည့္ေတာ့ ကိုတာတာဦးက NLDေပါ့ေနာ္ ေျပာရရင္ အခုအမႈဖြင့္တဲ့
ကိုခ်စ္ကိုနဲ႔ အတူတူေတြပါ ” လို႔ ေျပာပါတယ္။

အဆိုပါျဖစ္စဥ္နဲ႔ပက္သက္ၿပီး ကိုခ်စ္ကိုက တရားလိုျပဳလုပ္ကာ ေတာင္ညိဳရဲကင္းစခန္းတြင္ ကိုတာတာဦးကို (ပ)၅၇/၁၉ ႏိုင္ငံသားမ်ားပုဂၢိဳလ္ ဆိုင္ရာလြတ္လပ္မႈႏွင့္လုံၿခဳံမႈကိုကာကြယ္ေရး ဥပေဒပုဒ္မ(၁၀)နဲ႔ အမႈဖြင့္ထားတာျဖစ္ပါတယ္။

#voiceofmyanmar#နတၱလင္း#နိုင္လြတ္လံု#

Unicode

ပဲခူးတိုင်းဝန်ကြီးချုပ်ပြောစကားနဲ့ပက်သက်ပြီး ရှင်းလင်းပွဲမှာ ဟန့်တားထိုးကြိတ်သူ ပြည်ခိုင်ဖြိုးပါတီဝင်ဆိုသူကို နိုင်လွတ်လုံပုဒ်မနဲ့အမှုဖွင့်

နတ္တလင်း အောက်တိုဘာ ၁၆-၂၀၁၉
မိုးယံ(VOM)

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ နတ္တလင်းမြို့နယ်၊ ဒမငယ်ကျေးရွာမှာ မနေ့အောက်တိုဘာ၁၅ရက်နေ့က ပဲခူးတိုင်းဝန်ကြီးချုပ်ပြောကြားချက်ကို ဒေသခံများက ရှင်းလင်းနေစဉ် ဝင်ရောက်ဟန့်တားထိုးကြိတ်သူဟာ ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်တယ်လို့ ဒေသခံအချို့က စွပ်စွဲပြောဆိုမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။

မကြီးမငယ်ဘုရားဝန်းအတွင်းက ဓမ္မရုံမှာရှင်းလင်းပွဲပြုလုပ်နေစဉ် ဂေါပကအတွင်းရေးမှူး
ဦးသန်းထွန်းက ပွဲဦးဆောင်ပြုလုပ်သူ ကိုချစ်ကို ကို ဓမ္မာရုံအပြင်ဘက်ခေါ်ဆောင်ပြီး ကိုတာတာဦး(ပြည်ခိုင်ဖြိုးပါတီဝင်)ဆိုသူမှ ကိုချစ်ကိုရဲ့ နောက်စေ့ကို လက်သီးနဲ့ထိုးခဲ့တဲ့အတွက်
နိုင်လွတ်လုံပုဒ်မနဲ့အမှုဖွင့်ခံထားရတယ်လို့ တောင်ညိုရဲကင်းစခန်းကသိရပါတယ်။

“ သူတို့က ကျနော်ရှင်းလင်းပွဲလုပ်နေတာကို နောက်ယောင်ခံလိုက်လာတယ်၊ ပြောစရာရှိလို့ဆိုပြီး
ကျနော့ကိုခေါ်တော့ ကျနော်ကသဘောရိုးနဲ့ထွက်တယ်၊ ဒါကိုတစ်ယောက်ကခေါ်တယ် တစ်ယောက်က နောက်ကထိုးတယ် လူပေါင်း နှစ်ရာ၊သုံးရာကြားထဲမှာ၊ကျနော့ဂုဏ်သိက္ခာကျဆင်းတဲ့အတွက် နိုင်လွတ်လုံ၁၀နဲ့ အမှုဖွင့်လိုက်တာပါသူတို့က ပြည်ခိုင်ဖြိုးပါတီဝင်တွေပါလို” ကိုချစ်ကိုကပြောပါတယ်။

ကိုတာတာဦးနဲ့ဦးသန်းထွန်းတို့ကို ဒေသခံတစ်ချို့က ပြည်ခိုင်ဖြိုးပါတီဝင်တွေလို့ ပြောဆိုတာနဲ့ပတ်သက်ပြီး နတ္တလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးမြတ်စိုးကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ
“ သူတို့နှစ်ဦးက ပြည်ခိုင်ဖြိုးပါတီဝင် မဟုတ်ပါဘူး၊ ကိုတာတာဦးဆိုရင် အရင်၂၀၁၅မှာNLDကပါ သူကိုယ်တိုင် NLDကစည်းရုံးရေးလုပ်ပြီး၊ သူကိုယ်တိုင်NLDကိုမဲထည့်ခဲ့တာပါ ကျနော်တို့
ပြည်ခိုင်ဖြိုးရုံးမှာလည်း ကိုတာတာဦးနဲ့ပတ်သက်တဲ့ ကွန်ဖန်းဖြစ်အောင် ပြန်ကြည့်တော့လည်းမရှိဘူး၊ အဲဒါနဲ့ဒေသကိုပြန်မေးကြည့်တော့ ကိုတာတာဦးက NLDပေါ့နော် ပြောရရင် အခုအမှုဖွင့်တဲ့
ကိုချစ်ကိုနဲ့ အတူတူတွေပါ ” လို့ ပြောပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပက်သက်ပြီး ကိုချစ်ကိုက တရားလိုပြုလုပ်ကာ တောင်ညိုရဲကင်းစခန်းတွင် ကိုတာတာဦးကို (ပ)၅၇/၁၉ နိုင်ငံသားများပုဂ္ဂိုလ် ဆိုင်ရာလွတ်လပ်မှုနှင့်လုံခြုံမှုကိုကာကွယ်ရေး ဥပဒေပုဒ်မ(၁၀)နဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။

#voiceofmyanmar#နတ္တလင်း#နိုင်လွတ်လုံ#

Related posts

Leave a Comment

VOM News

FREE
VIEW