ေဆးေျခာက္နဲ႔ ျပည္႔တန္ဆာလုပ္ငန္း တရား၀င္ခြင္႔ျပဳမယ္လို႔ သမၼတရာထူးဝင္ျပိဳင္မယ္႔ ပေလးဘြိဳင္းေမာ္ဒယ္ ကတိေပး

ဇာဂရက္၊ ေအာက္တိုဘာ-၁၆-၂၀၁၉
မ်ိဳးဆက္(VOM)

၂၀၂၀ ခုနွစ္မွာ က်င္းပမယ္႔ ခရိုေအးရွား သမၼတေရြးေကာက္ပြဲမွာ ပေလးဘြိဳင္းေမာ္ဒယ္ေဟာင္းနဲ႔ ရုပ္ျမင္သံၾကားအစီအစဥ္တင္ဆက္သူ ေအဗာကာရာဘာတစ္ ဝင္ေရာက္ယွဥ္ျပိဳင္မွာျဖစ္ျပီး နိုင္ငံရိွလူငယ္ေတြရဲ႕ မဲေတြရရိွေရးပစ္မွတ္ထားေနပါတယ္။

အသက္ ၃၁ နွစ္အရြယ္ ပေလးဘြိဳင္းေမာ္ဒယ္ေဟာင္းဟာ သမၼတေရြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ျပိဳင္မယ္႔ကိစၥကို သူ႔ရဲ႕ အင္စတာဂရမ္အေကာင္႔နဲ႕ကိုယ္ပိုင္ဘေလာ႔ဂ္တို႔ကတစ္ဆင္႔ ေၾကညာခဲ႔တာျဖစ္ပါတယ္။

သူ႕ရဲ႕ေရြးေကာက္ပြဲဆိုင္ရာ အဓိကမူ၀ါဒေတြကေတာ႔ ပို႔ကုန္တိုးျမင္႔ျပီး သြင္းကုန္ေလွ်ာ႔ခ်ေရး၊ လူငယ္ေတြအတြက္ အလုပ္အကိုင္မ်ားဖန္တီးေပးျခင္းနဲ႔ သီတင္းေျခာက္ပတ္ၾကာျပီျဖစ္တဲ႔ ကိုယ္၀န္ဖ်က္ခ်ျခင္းကို တားျမစ္ေရးဆိုတာေတြ ပါဝင္ပါတယ္။

ဒါ႔အျပင္ ေဆးေျခာက္ သံုးစြဲခြင္႔နဲ႔ လိင္အလုပ္သမားေတြအတြက္ ေဘးကင္းလံုျခံဳမႈရိွဖို႔ တရား၀င္လုပ္ကိုင္ခြင္႔ျပဳေရးတို႔အတြက္ ကတိျပဳထားျပီး အခြန္ဘ႑ာတိုးျမွင္႔ရရိွေစဖို႔ အစီအစဥ္ေတြလည္း ပါဝင္ပါတယ္။

နိုင္ငံေရးက သူ႔ရဲ႕ ဒုတိယအနွစ္သက္ဆံုး အလုပ္ျဖစ္တာေၾကာင္႔ သမၼတေရြးေကာက္ပြဲ၀င္ေရာက္ယွဥ္ျပိဳင္ဖို႔ ဆံုးျဖတ္ခဲ႔တာလို႔ ပေလးဘိြဳင္းေမာ္ဒယ္ေဟာင္းက ဆိုပါတယ္။

နုိင္ငံအတြင္းျဖစ္ပြားေနတဲ႔ ဆိုးရြားတဲ႔အရာေတြကို လက္ပိုက္ၾကည္႔မေနနိုင္ေတာ႔ေၾကာင္း၊ နိုင္ငံအတြင္းမွာ လူငယ္ေတြျပည္ပထြက္ခြာသြားေနၾကျပီး ကေလးေမြးဖြားမႈနႈန္းလည္း က်ဆင္းေနတယ္လို႔ ကာရာဘာတစ္ကေျပာပါတယ္။

ခရိုေအးရွားနုိင္ငံအတြက္ ေရြးခ်ယ္စရာ အေကာင္းဆံုးသမၼတအျဖစ္ သူ႔ကိုယ္သူေဖာ္ျပထားတဲ႔ ကာရာဘာတစ္ဟာ နုိင္ငံတကာေက်ာ္ၾကားမႈေတြပိုင္ဆိုင္ထားတဲ႔ အသက္ ၅၁ နွစ္အရြယ္ လက္ရိွသမၼတ ကိုလင္ဒါဂရာဘာ ကီတာရိုဗစ္ခ်္နွင္႔ ခက္ခက္ခဲခဲယွဥ္ျပိဳင္ရမွာျဖစ္ပါတယ္။

Ref : RT , Photo : CEN
#voiceofmyanmar#သမၼတရာထူးဝင္ျပိဳင္မယ္႔#ပေလးဘြိဳင္းေမာ္ဒယ္

Unicode

ဆေးခြောက်နဲ့ ပြည့်တန်ဆာလုပ်ငန်း တရားဝင်ခွင့်ပြုမယ်လို့ သမ္မတရာထူးဝင်ပြိုင်မယ့် ပလေးဘွိုင်းမော်ဒယ် ကတိပေး

ဇာဂရက်၊ အောက်တိုဘာ-၁၆-၂၀၁၉
မျိုးဆက်(VOM)

၂၀၂၀ ခုနှစ်မှာ ကျင်းပမယ့် ခရိုအေးရှား သမ္မတရွေးကောက်ပွဲမှာ ပလေးဘွိုင်းမော်ဒယ်ဟောင်းနဲ့ ရုပ်မြင်သံကြားအစီအစဉ်တင်ဆက်သူ အေဗာကာရာဘာတစ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး နိုင်ငံရှိလူငယ်တွေရဲ့ မဲတွေရရှိရေးပစ်မှတ်ထားနေပါတယ်။

အသက် ၃၁ နှစ်အရွယ် ပလေးဘွိုင်းမော်ဒယ်ဟောင်းဟာ သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိစ္စကို သူ့ရဲ့ အင်စတာဂရမ်အကောင့်နဲ့ကိုယ်ပိုင်ဘလော့ဂ်တို့ကတစ်ဆင့် ကြေညာခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ရွေးကောက်ပွဲဆိုင်ရာ အဓိကမူဝါဒတွေကတော့ ပို့ကုန်တိုးမြင့်ပြီး သွင်းကုန်လျှော့ချရေး၊ လူငယ်တွေအတွက် အလုပ်အကိုင်များဖန်တီးပေးခြင်းနဲ့ သီတင်းခြောက်ပတ်ကြာပြီဖြစ်တဲ့ ကိုယ်ဝန်ဖျက်ချခြင်းကို တားမြစ်ရေးဆိုတာတွေ ပါဝင်ပါတယ်။

ဒါ့အပြင် ဆေးခြောက် သုံးစွဲခွင့်နဲ့ လိင်အလုပ်သမားတွေအတွက် ဘေးကင်းလုံခြုံမှုရှိဖို့ တရားဝင်လုပ်ကိုင်ခွင့်ပြုရေးတို့အတွက် ကတိပြုထားပြီး အခွန်ဘဏ္ဍာတိုးမြှင့်ရရှိစေဖို့ အစီအစဉ်တွေလည်း ပါဝင်ပါတယ်။

နိုင်ငံရေးက သူ့ရဲ့ ဒုတိယအနှစ်သက်ဆုံး အလုပ်ဖြစ်တာကြောင့် သမ္မတရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ပလေးဘွိုင်းမော်ဒယ်ဟောင်းက ဆိုပါတယ်။

နိုင်ငံအတွင်းဖြစ်ပွားနေတဲ့ ဆိုးရွားတဲ့အရာတွေကို လက်ပိုက်ကြည့်မနေနိုင်တော့ကြောင်း၊ နိုင်ငံအတွင်းမှာ လူငယ်တွေပြည်ပထွက်ခွာသွားနေကြပြီး ကလေးမွေးဖွားမှုနှုန်းလည်း ကျဆင်းနေတယ်လို့ ကာရာဘာတစ်ကပြောပါတယ်။

ခရိုအေးရှားနိုင်ငံအတွက် ရွေးချယ်စရာ အကောင်းဆုံးသမ္မတအဖြစ် သူ့ကိုယ်သူဖော်ပြထားတဲ့ ကာရာဘာတစ်ဟာ နိုင်ငံတကာကျော်ကြားမှုတွေပိုင်ဆိုင်ထားတဲ့ အသက် ၅၁ နှစ်အရွယ် လက်ရှိသမ္မတ ကိုလင်ဒါဂရာဘာ ကီတာရိုဗစ်ချ်နှင့် ခက်ခက်ခဲခဲယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Ref : RT , Photo : CEN
#voiceofmyanmar#သမ္မတရာထူးဝင်ပြိုင်မယ့်#ပလေးဘွိုင်းမော်ဒယ်

Related posts

Leave a Comment

VOM News

FREE
VIEW