အျငင္းပြားဖြယ္ ကတ္ရွမီးယားေဒသမွာ အိႏိၵယနဲ႔ပါကစၥတန္တပ္ဖြဲ႔ဝင္ေတြ အျပန္အလွန္ပစ္ခတ္

ေဒလီ၊ ေအာက္တိုဘာ-၂၁-၂၀၁၉
မ်ိဳးဆက္ (VOM)

အျငင္းပြားဖြယ္ ကတ္ရွမီးယားေဒသမွာ အိႏိၵယနဲ႔ ပါကစၥတန္တပ္ဖြဲ႔ဝင္ေတြ ေအာက္တိုဘာ ၂၀ ရက္က အျပန္လွန္ပစ္ခတ္မႈေတြျဖစ္ပြားခဲ့ျပီး နွစ္ဘက္စလံုး ထိခိုက္ေသဆံုးမႈေတြျဖစ္ေပၚခဲ႔ပါတယ္။

ပါကစၥတန္တပ္ဖြဲ႔ဝင္ေတြဟာ အပစ္အခတ္ရပ္စဲေရးမ်ဥ္းတစ္ေလွ်ာက္ ေအာက္တိုဘာ ၂၀ ရက္က တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ႔တာေၾကာင္႔ အိႏိၵယတပ္ဖြဲ႔၀င္နွစ္ဦးန႔ဲ အရပ္သားတစ္ဦး ေသဆံုးသြားတယ္လို႔ အိႏိၵယစစ္ဘက္က ေျပာပါတယ္။

ပါကစၥတန္ဘက္ျခမ္းရိွ ေနရာေလးခုကို လက္နက္ၾကီးေတြနဲ႔ အိႏိၵယတပ္ဖြဲ႔ဝင္ေတြက ျပန္လည္ပစ္ခတ္ခဲ႔ျပီး အၾကမ္းဖက္သမားနဲ႔ ပါကစၥတန္တပ္ဖြဲ႔ဝင္ ၁၀ ဦးထက္မနည္းေသဆံုးသြားတယ္လို႔ အိႏိၵယစစ္ဘက္က ထုတ္ျပန္ထားပါတယ္။ အိႏိၵယစစ္ဘက္ဟာ အဲဒီေဒသေတြဟာ အၾကမ္းဖက္သမားေတြ ေျခကုပ္ယူထားရာ ေဒသေတြအျဖစ္ ရႈျမင္ထားပါတယ္။

ပါကစၥတန္ဘက္က အၾကမ္းဖက္သမားေတြဟာ ပါကစၥတန္ရဲ႕အကူအညီနဲ႔ နယ္စပ္အပစ္အခတ္ရပ္စဲေရး မ်ဥ္းကိုျဖတ္ျပီး အိႏိၵယဘက္ျခမ္းကို မၾကာခဏ ျဖတ္ေက်ာ္၀င္ေရာက္တယ္လို႔ အိႏိၵယနုိင္ငံက အခိုင္အမာေျပာဆိုပါတယ္။

အိႏိၵစစ္ဘက္ရဲ႕ တုိက္ခိုက္မႈေၾကာင္႔ ပါကစၥတန္တပ္ဖြဲ႔၀င္တစ္ဦးနဲ႔ အရပ္သား ငါးဦးေသဆံုးသြားေၾကာင္း ပါကစၥတန္စစ္ဘက္က ထုတ္ျပန္ပါတယ္။ ကတ္ရွမီးယားေဒသရဲ႕ အိႏိၵယကထိန္းခ်ဳပ္ထားတဲ႔ ေဒသမွာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင္႔အား အိႏိၵအစိုးရက ၾသဂုတ္မွာ ရုပ္သိမ္းလိုက္ျပီးေနာက္ ဒီကိစၥအေပၚ ပါကစၥတန္က ျပင္းျပင္းထန္ထန္တံု႕ျပန္ခဲ႔ျပီး နွစ္နုိင္ငံအၾကား တင္းမားမႈမ်ား ျမင္႔တက္ေနခဲ႔ပါတယ္။

Ref : NHK , Photo :Getty Images
#voiceofmyanmar#ကတ္ရွမီးယားေဒသမွာ#အိႏိၵယနဲ႔ပါကစၥတန္တပ္ဖြဲ႔ဝင္ေတြ#အျပန္အလွန္ပစ္ခတ္

Unicode

အငြင်းပွားဖွယ် ကတ်ရှမီးယားဒေသမှာ အိန္ဒိယနဲ့ပါကစ္စတန်တပ်ဖွဲ့ဝင်တွေ အပြန်အလှန်ပစ်ခတ်

ဒေလီ၊ အောက်တိုဘာ-၂၁-၂၀၁၉
မျိုးဆက် (VOM)

အငြင်းပွားဖွယ် ကတ်ရှမီးယားဒေသမှာ အိန္ဒိယနဲ့ ပါကစ္စတန်တပ်ဖွဲ့ဝင်တွေ အောက်တိုဘာ ၂၀ ရက်က အပြန်လှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး နှစ်ဘက်စလုံး ထိခိုက်သေဆုံးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။

ပါကစ္စတန်တပ်ဖွဲ့ဝင်တွေဟာ အပစ်အခတ်ရပ်စဲရေးမျဉ်းတစ်လျှောက် အောက်တိုဘာ ၂၀ ရက်က တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အိန္ဒိယတပ်ဖွဲ့ဝင်နှစ်ဦးနဲ့ အရပ်သားတစ်ဦး သေဆုံးသွားတယ်လို့ အိန္ဒိယစစ်ဘက်က ပြောပါတယ်။

ပါကစ္စတန်ဘက်ခြမ်းရှိ နေရာလေးခုကို လက်နက်ကြီးတွေနဲ့ အိန္ဒိယတပ်ဖွဲ့ဝင်တွေက ပြန်လည်ပစ်ခတ်ခဲ့ပြီး အကြမ်းဖက်သမားနဲ့ ပါကစ္စတန်တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးသွားတယ်လို့ အိန္ဒိယစစ်ဘက်က ထုတ်ပြန်ထားပါတယ်။ အိန္ဒိယစစ်ဘက်ဟာ အဲဒီဒေသတွေဟာ အကြမ်းဖက်သမားတွေ ခြေကုပ်ယူထားရာ ဒေသတွေအဖြစ် ရှုမြင်ထားပါတယ်။

ပါကစ္စတန်ဘက်က အကြမ်းဖက်သမားတွေဟာ ပါကစ္စတန်ရဲ့အကူအညီနဲ့ နယ်စပ်အပစ်အခတ်ရပ်စဲရေး မျဉ်းကိုဖြတ်ပြီး အိန္ဒိယဘက်ခြမ်းကို မကြာခဏ ဖြတ်ကျော်ဝင်ရောက်တယ်လို့ အိန္ဒိယနိုင်ငံက အခိုင်အမာပြောဆိုပါတယ်။

အိန္ဒိစစ်ဘက်ရဲ့ တိုက်ခိုက်မှုကြောင့် ပါကစ္စတန်တပ်ဖွဲ့ဝင်တစ်ဦးနဲ့ အရပ်သား ငါးဦးသေဆုံးသွားကြောင်း ပါကစ္စတန်စစ်ဘက်က ထုတ်ပြန်ပါတယ်။ ကတ်ရှမီးယားဒေသရဲ့ အိန္ဒိယကထိန်းချုပ်ထားတဲ့ ဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အား အိန္ဒိအစိုးရက သြဂုတ်မှာ ရုပ်သိမ်းလိုက်ပြီးနောက် ဒီကိစ္စအပေါ် ပါကစ္စတန်က ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပြီး နှစ်နိုင်ငံအကြား တင်းမားမှုများ မြင့်တက်နေခဲ့ပါတယ်။

Ref : NHK , Photo :Getty Images
#voiceofmyanmar#ကတ်ရှမီးယားဒေသမှာ#အိန္ဒိယနဲ့ပါကစ္စတန်တပ်ဖွဲ့ဝင်တွေ#အပြန်အလှန်ပစ်ခတ်

Related posts

Leave a Comment

VOM News

FREE
VIEW