ရိုဟင္ဂ်ာဒုကၡသည္အခ်ိဳ႕ ဘာဆန္ခ်ာကြ်န္းကို ေျပာင္းေရႊ႔ေပးေရး နိုဝင္ဘာလဆန္းမွာ စတင္မယ္

ဒါကာ၊ ေအာက္တိုဘာ-၂၂-၂၀၁၉
မိ်ဳးဆက္ (VOM)

ဘဂၤလားေဒ႔ရွ္နုိင္ငံ ေကာ့ဘဇားေဒသမွာခိုလံႈေနတဲ႔ ရိုဟင္ဂ်ာဒုကၡသည္ေတြထဲက အခ်ိဳ႕ကို ေရၾကီးေရလွ်ံျဖစ္ပြားေလ႔ရိွတဲ႔ ဘာဆန္ခ်ာကြ်န္းကို လာမယ္႔ နိုဝင္ဘာလကစျပီး စတင္ေျပာင္းေရႊ႕ေပးသြားမယ္လို႔ ဘဂၤလားေဒ႔ရွ္အစိုးရတာဝန္ရိွသူတစ္ဦးက ေျပာပါတယ္။

အဓိကကြ်န္းမၾကီးကေန တစ္နာရီၾကာသြားရတဲ႔ ဘဂၤလားပင္လယ္ေအာ္ထဲက ေျမနုကြ်န္းေပၚကို ဒုကၡသည္ တစ္သိန္းေလာက္ကို ေျပာင္းေရႊ႕ေနရာခ်ထားဖို႔ ဘဂၤလားေဒ႔ရွ္က ဆႏၵရိွေနတာျဖစ္ျပီး ေကာ႔ဘဇားဒုကၡသည္ စခန္းမွာ ဒုကၡသည္ေတြ အမ်ားအျပားစုျပံဳေနထိုင္ေနတာကို ေလွ်ာ႔ခ်ခ်င္ေနတာျဖစ္ပါတယ္။

လာမယ့္လအေစာပိုင္းမွာ ကြ်န္းေပၚကို ဒုကၡသည္ေတြေနရာခ်ထားေရး စတင္လုပ္ေဆာင္သြားမယ္လို႔ ေကာ႔ဘဇားအေျခစိုက္ ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရး ေကာ္မရွင္နာမင္းၾကီး မာဘတ္အလမ္တာလြတ္ဒါက ေျပာပါတယ္။

ကြ်န္းေပၚသို႔ ေျပာင္းေရႊ႕လိုသူ ဒုကၡသည္စာရင္းကို တာဝန္ရိွသူေတြက ေကာက္ယူေနျပီး ေအာက္တိုဘာ ၁၉ ရက္အထိ ေယာက္ ၇၀၀၀ ရိွေၾကာင္း သူကေျပာပါတယ္။

ဘာဆန္ခ်ာကြ်န္းသည္ ေဝးလံေခါင္သီျပီး ဆုိင္ကလုန္းမုန္တိုင္းမ်ားက်ေရာက္ေလ့ရိွတဲ့အတြက္ ဒုကၡသည္မ်ား ေျပာင္းေရႊ႔မည္႔အစီအစဥ္ကို စိုးရိမ္ပူပန္ေၾကာင္း လူ႔အခြင္႔အေရးအဖြဲ႔အခ်ိဳ႕က ထုတ္ေဖာ္ေျပာဆိုသည္။
ဒုကၡသည္အမ်ားစုကလည္း အဲဒီအစီအစဥ္ကို သေဘာမတူၾကပါဘူး။ ဒီလိုေျပာင္းေရႊ႕မယ္႔အစီအစဥ္ေၾကာင္႔ ေနာက္ထပ္ျပသနာသစ္ေတြ ထပ္ျဖစ္လာမွာကို လူ႔အခြင္႔အေရးအဖြဲ႔ေတြက စိုးရိမ္ေနၾကပါတယ္။

Ref & Photo : Reuters
#voiceofmyanmar #ရိုဟင္ဂ်ာဒုကၡသည္အခ်ိဳ႕ #ဘာဆန္ခ်ာကြ်န္းကိုေျပာင္းေရႊ႔ေပးေရး #နိုဝင္ဘာလဆန္းမွာစတင္မယ္

Unicode

ရိုဟင်ဂျာဒုက္ခသည်အချို့ ဘာဆန်ချာကျွန်းကို ပြောင်းရွှေ့ပေးရေး နိုဝင်ဘာလဆန်းမှာ စတင်မယ်

ဒါကာ၊ အောက်တိုဘာ-၂၂-၂၀၁၉
မျိုးဆက် (VOM)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒေသမှာခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက အချို့ကို ရေကြီးရေလျှံဖြစ်ပွားလေ့ရှိတဲ့ ဘာဆန်ချာကျွန်းကို လာမယ့် နိုဝင်ဘာလကစပြီး စတင်ပြောင်းရွှေ့ပေးသွားမယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဓိကကျွန်းမကြီးကနေ တစ်နာရီကြာသွားရတဲ့ ဘင်္ဂလားပင်လယ်အော်ထဲက မြေနုကျွန်းပေါ်ကို ဒုက္ခသည် တစ်သိန်းလောက်ကို ပြောင်းရွှေ့နေရာချထားဖို့ ဘင်္ဂလားဒေ့ရှ်က ဆန္ဒရှိနေတာဖြစ်ပြီး ကော့ဘဇားဒုက္ခသည် စခန်းမှာ ဒုက္ခသည်တွေ အများအပြားစုပြုံနေထိုင်နေတာကို လျှော့ချချင်နေတာဖြစ်ပါတယ်။

လာမယ့်လအစောပိုင်းမှာ ကျွန်းပေါ်ကို ဒုက္ခသည်တွေနေရာချထားရေး စတင်လုပ်ဆောင်သွားမယ်လို့ ကော့ဘဇားအခြေစိုက် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ကော်မရှင်နာမင်းကြီး မာဘတ်အလမ်တာလွတ်ဒါက ပြောပါတယ်။

ကျွန်းပေါ်သို့ ပြောင်းရွှေ့လိုသူ ဒုက္ခသည်စာရင်းကို တာဝန်ရှိသူတွေက ကောက်ယူနေပြီး အောက်တိုဘာ ၁၉ ရက်အထိ ယောက် ၇၀၀၀ ရှိကြောင်း သူကပြောပါတယ်။

ဘာဆန်ချာကျွန်းသည် ဝေးလံခေါင်သီပြီး ဆိုင်ကလုန်းမုန်တိုင်းများကျရောက်လေ့ရှိတဲ့အတွက် ဒုက္ခသည်များ ပြောင်းရွှေ့မည့်အစီအစဉ်ကို စိုးရိမ်ပူပန်ကြောင်း လူ့အခွင့်အရေးအဖွဲ့အချို့က ထုတ်ဖော်ပြောဆိုသည်။
ဒုက္ခသည်အများစုကလည်း အဲဒီအစီအစဉ်ကို သဘောမတူကြပါဘူး။ ဒီလိုပြောင်းရွှေ့မယ့်အစီအစဉ်ကြောင့် နောက်ထပ်ပြသနာသစ်တွေ ထပ်ဖြစ်လာမှာကို လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်နေကြပါတယ်။

Ref & Photo : Reuters
#voiceofmyanmar #ရိုဟင်ဂျာဒုက္ခသည်အချို့ #ဘာဆန်ချာကျွန်းကိုပြောင်းရွှေ့ပေးရေး #နိုဝင်ဘာလဆန်းမှာစတင်မယ်

Related posts

Leave a Comment

VOM News

FREE
VIEW