ေဖာက္ခြဲေရးပစၥည္းေတြဖမ္းမိထားတဲ့ AAအဖြဲ႕ဝင္အပါ ၆ဦးကို ဒုတိယအႀကိမ္ ရံုးထုတ္

မႏၱေလး ေအာက္တိုဘာ ၂၂-၂၀၁၉
ျဖဴျဖဴ (VOM)

မႏၱေလးၿမိဳ႕၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္မွာ ေဖာက္ခြဲေရးအပါအဝင္ စပ္ဆက္ပစၥည္းေတြနဲ႔အတူ စက္တင္လာ ၁၀ ရက္က ဖမ္းမိထားတဲ့ AA တပ္ဖြဲ႔ဝင္ေတြအပါေျခာက္ဦးကို ဒီေန႔မြန္းလြဲပိုင္းက မႏၱေလးခရိုင္တရားရံုးမွာ ဒုတိယအႀကိမ္ ရံုးထုတ္ခဲ့ပါတယ္။

“တရားခံေျပးနဲ႔ပတ္သက္ျပီးေတာ့ ဒီေန႔က ဖမ္းဝရမ္းအတည္ျပဳတဲ့ရဲအရာရွိ ၂ေယာက္နဲ႔ အရပ္ဖက္သက္ေသ ၂ေယာက္ကိုစစ္ေဆးခဲ့ပါတယ္။ အဲဒါစစ္ေဆးျပီးေတာ့ ရံုးခ်ိန္းကို ၄ ရက္ ၁၁ လ ၂၀၁၉ ကို ခ်ိန္းဆိုထားပါတယ္။ အဲ့ဒီေန႔မွာေတာ့ ဒီအမွဳၾကီးကို ဘယ္လိုစစ္ေဆးမယ္ဆိုတာကို မွဳခင္းစီမံခန္႔ခြဲမွဳ အစီအစဥ္ အစည္းအေဝးလုပ္မွာျဖစ္ပါတယ္။ “လို႔ မႏၱေလးခရိုင္သတင္းျပန္ၾကားေရးအရာရွိ ေဒၚမာလာထြဋ္က ေျပာပါတယ္။

အမွဳနဲ႔ပက္သက္ၿပီး ထြက္ေျပးလြတ္ေျမာက္ေနတဲ့ က်န္သံုးဦးကိုေတာ့ ေအာက္တိုဘာ ၈ ရက္ေန႔က ဖမ္းဝရမ္းထုတ္ထားၿပီး လက္ရွိအခ်ိန္အထိ ဖမ္းဆီးရမိျခင္း မရွိေသးပါဘူး။

ဖမ္းဆီးရမိသူေတြထဲမွာ AA တပ္ဖြဲ႕ဝင္ေတြျဖစ္တဲ့ ဒုရာခံဗိုလ္ ေအာင္လင္းထက္ (ခ) လင္းထက္ (ခ) ေက်ာ္သူရ ၊ ဒုတပ္ၾကပ္ ခ်မ္းၿငိမ္း ၊ ဒုတပ္ၾကပ္ ျမတ္ခိုင္နဲ႕ ေက်ာက္အေရာင္းအဝယ္ လုပ္ကိုင္သူ မိုးေက်ာ္ ၊ဝင္းသိန္း၊ ကားဂိတ္မႉး ေက်ာ္ေက်ာ္ၿဖိဳး (ခ) ကိုၿဖိဳး တို႔ျဖစ္ၿပီး ၿဖိဳးေဝ (ခ) ကိုၿဖိဳး၊ ေမာင္ေမာင္စိုးနဲ႕ မဦးသန္းခင္ တို႔သုံးဦးကေတာ့ ထြက္ေျပးလြတ္ေျမာက္ေနဆဲျဖစ္တယ္လို႔ မႏၲေလးခရိုင္တရား႐ုံး ကသိရပါတယ္။

ေနအိမ္တစ္ခုအတြင္းကေန ေဖာက္ခြဲေရးပစၥည္းေတြနဲ႔ ဆက္စပ္ပစၥည္းေတြကို ဖမ္းဆီးရမိခဲ့တဲ့ အမႈမွာပါဝင္သူေတြကို အၾကမ္းဖက္ဥပေဒ ပုဒ္မ ၅၁(ဂ)၊၅၂(က) တို႔နဲ႔ တရားရံုးစြဲတင္ထားတာျဖစ္ၿပီး အၾကမ္းဖက္တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၁(ဂ)ဟာ အနည္းဆုံးေထာင္ဒဏ္ ၅ႏွစ္ကေန အမ်ားဆုံး ၁၀ႏွစ္ထိခ်နိဳင္တဲ့ အျပင္ေငြဒဏ္လည္းခ်နိုင္သလို အၾကမ္းဖက္တိုက္ဖ်က္ေရးဥေဒပုဒ္မ ၅၂(က)ဟာ အနည္းဆံုးေထာင္ဒဏ္သုံးႏွစ္ကေန ၇ ႏွစ္အထိခ်မွတ္နိုင္တဲ့အျပင္ ေငြဒဏ္လည္းခ်မွတ္နိုင္တာ ျဖစ္ပါတယ္။

#voiceofmyanmar #မႏၱေလး #ေဖာက္ခြဲေရးပစၥည္းေတြဖမ္းမိထားတဲ့AAအဖြဲ႕ဝင္ #အပါ၆ဦးဒုတိယအႀကိမ္ရံုးထုတ္

 

Unicode

ဖောက်ခွဲရေးပစ္စည်းတွေဖမ်းမိထားတဲ့ AAအဖွဲ့ဝင်အပါ ၆ဦးကို ဒုတိယအကြိမ် ရုံးထုတ်

မန္တလေး အောက်တိုဘာ ၂၂-၂၀၁၉
ဖြူဖြူ (VOM)

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ဖောက်ခွဲရေးအပါအဝင် စပ်ဆက်ပစ္စည်းတွေနဲ့အတူ စက်တင်လာ ၁၀ ရက်က ဖမ်းမိထားတဲ့ AA တပ်ဖွဲ့ဝင်တွေအပါခြောက်ဦးကို ဒီနေ့မွန်းလွဲပိုင်းက မန္တလေးခရိုင်တရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ်ခဲ့ပါတယ်။

“တရားခံပြေးနဲ့ပတ်သက်ပြီးတော့ ဒီနေ့က ဖမ်းဝရမ်းအတည်ပြုတဲ့ရဲအရာရှိ ၂ယောက်နဲ့ အရပ်ဖက်သက်သေ ၂ယောက်ကိုစစ်ဆေးခဲ့ပါတယ်။ အဲဒါစစ်ဆေးပြီးတော့ ရုံးချိန်းကို ၄ ရက် ၁၁ လ ၂၀၁၉ ကို ချိန်းဆိုထားပါတယ်။ အဲ့ဒီနေ့မှာတော့ ဒီအမှုကြီးကို ဘယ်လိုစစ်ဆေးမယ်ဆိုတာကို မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် အစည်းအဝေးလုပ်မှာဖြစ်ပါတယ်။ “လို့ မန္တလေးခရိုင်သတင်းပြန်ကြားရေးအရာရှိ ဒေါ်မာလာထွဋ်က ပြောပါတယ်။

အမှုနဲ့ပက်သက်ပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ ကျန်သုံးဦးကိုတော့ အောက်တိုဘာ ၈ ရက်နေ့က ဖမ်းဝရမ်းထုတ်ထားပြီး လက်ရှိအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။

ဖမ်းဆီးရမိသူတွေထဲမှာ AA တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ဒုရာခံဗိုလ် အောင်လင်းထက် (ခ) လင်းထက် (ခ) ကျော်သူရ ၊ ဒုတပ်ကြပ် ချမ်းငြိမ်း ၊ ဒုတပ်ကြပ် မြတ်ခိုင်နဲ့ ကျောက်အရောင်းအဝယ် လုပ်ကိုင်သူ မိုးကျော် ၊ဝင်းသိန်း၊ ကားဂိတ်မှူး ကျော်ကျော်ဖြိုး (ခ) ကိုဖြိုး တို့ဖြစ်ပြီး ဖြိုးဝေ (ခ) ကိုဖြိုး၊ မောင်မောင်စိုးနဲ့ မဦးသန်းခင် တို့သုံးဦးကတော့ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်လို့ မန္တလေးခရိုင်တရားရုံး ကသိရပါတယ်။

နေအိမ်တစ်ခုအတွင်းကနေ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တဲ့ အမှုမှာပါဝင်သူတွေကို အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၁(ဂ)၊၅၂(က) တို့နဲ့ တရားရုံးစွဲတင်ထားတာဖြစ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၁(ဂ)ဟာ အနည်းဆုံးထောင်ဒဏ် ၅နှစ်ကနေ အများဆုံး ၁၀နှစ်ထိချနိုင်တဲ့ အပြင်ငွေဒဏ်လည်းချနိုင်သလို အကြမ်းဖက်တိုက်ဖျက်ရေးဥဒေပုဒ်မ ၅၂(က)ဟာ အနည်းဆုံးထောင်ဒဏ်သုံးနှစ်ကနေ ၇ နှစ်အထိချမှတ်နိုင်တဲ့အပြင် ငွေဒဏ်လည်းချမှတ်နိုင်တာ ဖြစ်ပါတယ်။

#voiceofmyanmar #မန္တလေး #ဖောက်ခွဲရေးပစ္စည်းတွေဖမ်းမိထားတဲ့AAအဖွဲ့ဝင် #အပါ၆ဦးဒုတိယအကြိမ်ရုံးထုတ်

Related posts

Leave a Comment

VOM News

FREE
VIEW