မ်က္နွာမပါတဲ႔ ကေလးငယ္ေမြးဖြားေပးသူ ဆရာဝန္ကို ေဆးကုသခြင္႔ဆိုင္းငံ့

လစၥဘြန္း၊ ေအာက္တိုဘာ ၂၄-၂၀၁၉
မ်ိဳးဆက္ (VOM)

ေပၚတူဂီနိုင္ငံမွာ ထိတ္လန္႔တုန္လႈပ္ဖြယ္ျဖစ္ရပ္တစ္ခုအျဖစ္ မ်က္နွာမပါတဲ႔ ကေလးငယ္တစ္ဦးကို ေပါ႔ေပါ႔ဆဆေမြးဖြားေပးလိုက္တဲ႔ သားဖြားဆရာဝန္တစ္ဦးကို ေဆးကုသခြင္႔ ဆိုင္းငံ႔လိုက္ပါတယ္။

ရိုဒရီဂိုလို႔ အမည္ရတဲ႔ ကေလးငယ္ဟာ ေအာက္တိုဘာ ၇ရက္ေေန႔က ေမြးဖြားခဲ႔ရာ သူ႔ရဲ႕ နွာေခါင္း၊ မ်က္လံုးေတြ သို႔မဟုတ္ ဥိီးေခါင္းခြံတစ္စိတ္တစ္ပိုင္း ပါဝင္လာျခင္းမရိွပဲ ေမြးဖြားခဲ႔တာျဖစ္ပါတယ္။ ဒီလို အဂၤါမစံုမလင္ ပံုပ်က္ေမြးဖြားမႈဟာ လစၥဘြန္းျမိဳ႕ရဲ႕ ေတာင္ဘက္ ကီလိုမီတာ ၄၀အကြာရိွ ဆီတူဘယ္ေဆးရံုမွာ ျဖစ္ပြားခဲ႔တာျဖစ္ပါတယ္။

ကေလးငယ္ကို ေပါ႔ေပါ႔ဆဆ စမ္းသပ္ခဲ႔ျပီး ေမြးဖြားေပးလိုက္တဲ႔ ေဒါက္တာ အာတိုကာဗာဟိုကို ေဆးကုသခြင္႔ ေျခာက္လရပ္ဆိုင္းဖို႔ ေပၚတူဂီေဆးဘက္ဆုိင္ရာ ေကာင္စီက ေအာက္တိုဘာ ၂၂ ရက္မွာ တညီတညြတ္တည္းဆံုးျဖတ္လိုက္ၾကပါတယ္။

ျပီးခဲ႔တဲ႔ ၂၀၁၃ ခုနွစ္ေနာက္ပိုင္းအခ်ိန္ေတြကလည္း အဲဒီဆရာဝန္အေပၚ တိုင္ၾကားမႈ ေျခာက္ခုရိွခဲ႔ပါတယ္။ သူ႔ကို ပံုပ်က္ေမြးဖြားလာတဲ႔ ကေလးငယ္ရဲ႕ မိဘေတြက တိုင္ၾကားမႈျပဳလုပ္ျပီးေနာက္ ေဆးဘက္ဆိုင္ရာ ေကာင္စီက စံုစမ္းစစ္ေဆးမႈတစ္ရပ္ျပဳလုပ္ခဲ႔တာျဖစ္ပါတယ္။
ေဒါက္တာ ကာဗာဟိုဟာ အဲဒီကေလးငယ္ရဲ႕ မိခင္ကိုတာဝန္ယူစစ္ေဆးခဲ႔ျပီး ကိုယ္ဝန္ကိုသံုးၾကိမ္းစစ္ေဆးခဲ႔ရာ ကေလးဟာပံုမွန္အတိုင္းရိွတယ္လို႔ ဆိုခဲ႔ပါတယ္။ ကိုယ္ဝန္ေျခာက္လအၾကာမွာ ေနာက္ထပ္စမ္းသပ္မႈျပဳရာတြင္လည္း အေျခအေနေကာင္းမြန္ေၾကာင္း၊ ကေလးမ်က္နွာဟာ မိခင္ရဲ႕သားအိမ္အေနအထားေၾကာင္႔ တစ္ခါတစ္ရံ မျမင္ေတြ႔ရေၾကာင္း ေျပာဆိုခဲ႔တယ္လို႔ ကေလးငယ္ရဲ႕ေဆြမ်ိဳးေတာ္စပ္သူတစ္ဦးက ေျပာပါတယ္။

ဒီလိုေမြးဖြားလာတာဟာ စည္းကမ္းထိန္းသိမ္းေရးဆို္င္ရာ အေရးယူနုိင္ဖြယ္ရိွတဲ႔ အဲဒီဆရာဝန္ ေပါ႔ဆမႈရဲ႕ ခိုင္မာတဲ႔ အေထာက္အထားေတြျဖစ္ေၾကာင္း ေတာင္ပိုင္းေဒသ ေဆးဘက္ဆိုင္ရာေကာင္စီအၾကီးအကဲ အလက္ဇန္းဒါးဗာလက္တင္ေလာ္ရန္ကိုက ေျပာပါတယ္။ လက္ရိွမွာေတာ႔ ကေလးငယ္ဟာ သူေမြးဖြားခဲ႔ရာေဆးရံုရိွ ကေလးအထူးကုေဆာင္မွာ ကုသမႈခံယူေနဆဲျဖစ္ပါတယ္။

Ref : CAN , Photo : Getty Images
#voiceofmyanmar #မ်က္နွာမပါတဲ႔ကေလးငယ္ေမြးဖြားေပးသူ #ဆရာဝန္ကိုေဆးကုသခြင္႔ဆိုင္းငံ့

 

Unicode

မျက်နှာမပါတဲ့ ကလေးငယ်မွေးဖွားပေးသူ ဆရာဝန်ကို ဆေးကုသခွင့်ဆိုင်းငံ့

လစ္စဘွန်း၊ အောက်တိုဘာ ၂၄-၂၀၁၉
မျိုးဆက် (VOM)

ပေါ်တူဂီနိုင်ငံမှာ ထိတ်လန့်တုန်လှုပ်ဖွယ်ဖြစ်ရပ်တစ်ခုအဖြစ် မျက်နှာမပါတဲ့ ကလေးငယ်တစ်ဦးကို ပေါ့ပေါ့ဆဆမွေးဖွားပေးလိုက်တဲ့ သားဖွားဆရာဝန်တစ်ဦးကို ဆေးကုသခွင့် ဆိုင်းငံ့လိုက်ပါတယ်။

ရိုဒရီဂိုလို့ အမည်ရတဲ့ ကလေးငယ်ဟာ အောက်တိုဘာ ၇ရက်ေနေ့က မွေးဖွားခဲ့ရာ သူ့ရဲ့ နှာခေါင်း၊ မျက်လုံးတွေ သို့မဟုတ် ဦးခေါင်းခွံတစ်စိတ်တစ်ပိုင်း ပါဝင်လာခြင်းမရှိပဲ မွေးဖွားခဲ့တာဖြစ်ပါတယ်။ ဒီလို အင်္ဂါမစုံမလင် ပုံပျက်မွေးဖွားမှုဟာ လစ္စဘွန်းမြို့ရဲ့ တောင်ဘက် ကီလိုမီတာ ၄၀အကွာရှိ ဆီတူဘယ်ဆေးရုံမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ကလေးငယ်ကို ပေါ့ပေါ့ဆဆ စမ်းသပ်ခဲ့ပြီး မွေးဖွားပေးလိုက်တဲ့ ဒေါက်တာ အာတိုကာဗာဟိုကို ဆေးကုသခွင့် ခြောက်လရပ်ဆိုင်းဖို့ ပေါ်တူဂီဆေးဘက်ဆိုင်ရာ ကောင်စီက အောက်တိုဘာ ၂၂ ရက်မှာ တညီတညွတ်တည်းဆုံးဖြတ်လိုက်ကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်နောက်ပိုင်းအချိန်တွေကလည်း အဲဒီဆရာဝန်အပေါ် တိုင်ကြားမှု ခြောက်ခုရှိခဲ့ပါတယ်။ သူ့ကို ပုံပျက်မွေးဖွားလာတဲ့ ကလေးငယ်ရဲ့ မိဘတွေက တိုင်ကြားမှုပြုလုပ်ပြီးနောက် ဆေးဘက်ဆိုင်ရာ ကောင်စီက စုံစမ်းစစ်ဆေးမှုတစ်ရပ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒေါက်တာ ကာဗာဟိုဟာ အဲဒီကလေးငယ်ရဲ့ မိခင်ကိုတာဝန်ယူစစ်ဆေးခဲ့ပြီး ကိုယ်ဝန်ကိုသုံးကြိမ်းစစ်ဆေးခဲ့ရာ ကလေးဟာပုံမှန်အတိုင်းရှိတယ်လို့ ဆိုခဲ့ပါတယ်။ ကိုယ်ဝန်ခြောက်လအကြာမှာ နောက်ထပ်စမ်းသပ်မှုပြုရာတွင်လည်း အခြေအနေကောင်းမွန်ကြောင်း၊ ကလေးမျက်နှာဟာ မိခင်ရဲ့သားအိမ်အနေအထားကြောင့် တစ်ခါတစ်ရံ မမြင်တွေ့ရကြောင်း ပြောဆိုခဲ့တယ်လို့ ကလေးငယ်ရဲ့ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောပါတယ်။

ဒီလိုမွေးဖွားလာတာဟာ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အရေးယူနိုင်ဖွယ်ရှိတဲ့ အဲဒီဆရာဝန် ပေါ့ဆမှုရဲ့ ခိုင်မာတဲ့ အထောက်အထားတွေဖြစ်ကြောင်း တောင်ပိုင်းဒေသ ဆေးဘက်ဆိုင်ရာကောင်စီအကြီးအကဲ အလက်ဇန်းဒါးဗာလက်တင်လော်ရန်ကိုက ပြောပါတယ်။ လက်ရှိမှာတော့ ကလေးငယ်ဟာ သူမွေးဖွားခဲ့ရာဆေးရုံရှိ ကလေးအထူးကုဆောင်မှာ ကုသမှုခံယူနေဆဲဖြစ်ပါတယ်။

Ref : CAN , Photo : Getty Images
#voiceofmyanmar #မျက်နှာမပါတဲ့ကလေးငယ်မွေးဖွားပေးသူ #ဆရာဝန်ကိုဆေးကုသခွင့်ဆိုင်းငံ့

Related posts

Leave a Comment

VOM News

FREE
VIEW