ျမန္မာႏိုင္ငံမွာ မ်က္ခမ္းစပ္ေရာဂါကင္းစင္းေၾကာင္း ေၾကာ္ျငာႏိုင္ရန္ စစ္တမ္းေကာက္ေန

စစ္ကိုင္း ေအာက္တိုဘာ ၂၄-၂၀၁၉
ေမာင္တာရာ (VOM)

ျမန္မာႏိုင္ငံမွာ မ်က္ခမ္းစပ္ေရာဂါကင္းစင္းေၾကာင္းကို လာမယ့္ ၂၀၂၀ ခုႏွစ္မွာ ေၾကာ္ျငာႏိုင္ဖို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ၊ကမာၻ႔က်န္းမာေရးအဖြဲ႕(WHO) နဲ႔ The Fred Hollows Foundation တို႔ ပူးေပါင္းၿပီး စ္ေတမ္းေကာက္ယူမႈျပဳလုပ္ေနတယ္လို႔ မ်က္ခမ္းစပ္ေရာဂါ ျဖစ္ပြားမႈ စစ္တမ္းေကာက္ယူေရးအဖြဲ႕၊ စဥ့္ကိုင္မ်က္စီေဆး႐ံုကေန သိရပါတယ္။

”မႏၲေလးတိုင္း၊မေကြးတိုင္း၊ စစ္ကိုင္းတိုင္း ၊တိုင္းေဒသႀကီးသုံးခု ကို ေကာက္ယူသြားမွာျဖစ္ပါတယ္၊ မႏၲေလးတိုင္းကေတာ့ ၿပီးသြားပါၿပီ စက္တင္ဘာလလယ္ေလာက္က စလိုက္တာ ေအာက္တိုဘာလလယ္မွာ အားလုံးၿပီးေျမာက္သြားပါတယ္၊အခု စစ္ကိုင္းတိုင္းထဲက စစ္ကိုင္းၿမိဳ႕နယ္က ေက်း႐ြာ(၃၀)ကို စတင္ၿပီးေတာ့ စစ္တမ္းေကာက္ယူေနပါၿပီ”ဟု မ်က္ခမ္းစပ္ေရာဂါ ျဖစ္ပြားမႈ စစ္တမ္းေကာက္ယူေရးအဖြဲ႕၊ စဥ့္ကိုင္မ်က္စိေဆး႐ုံမွ အထူးကုဆရာဝန္ႀကီးေဒါက္တာရီလင္းက ေျပာပါတယ္။

မႏၲေလးတိုင္းထဲက စဥ့္ကိုင္ၿမိဳ႕နယ္၊ ျမင္းၿခံၿမိဳ႕နယ္၊မိထၱီလာၿမိဳ႕နယ္၊ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ေတြထဲက ေက်း႐ြာေပါင္း (၁၂၀)မွာ အိမ္ေျခ ၃၆၀၀ ကို မ်က္ခမ္းစပ္ေရာဂါ ျဖစ္ပြားမႈ စစ္တမ္းေကာက္ယူရာ မိထၱီလာၿမိဳ႕နယ္မွာေတာ့ တစ္ဦးေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

စစ္ကိုင္းတိုင္း၊စစ္ကိုင္းၿမိဳ႕နယ္အတြင္းက ေက်း႐ြာ (၃၀)ကိုလည္း ေအာက္တိုဘာလ ၂၂ ရက္ေန႔က စတင္ကာ စစ္တမ္းေကာက္ယူမႈမ်ား ျပဳလုပ္ေဆာင္႐ြက္ေနတာျဖစ္ၿပီး စစ္ကိုင္းၿမိဳ႕နယ္မွာ ၿပီးဆုံးလွ်င္ မုံ႐ြာၿမိဳ႕နယ္၊ေ႐ႊဘိုၿမိဳ႕နယ္တို႔မွာ တစ္ၿမိဳ႕နယ္ကို ေက်း႐ြာ(၃၀) စစ္တမ္းေကာက္ယူသြားမွာျဖစ္ကာ မေကြးတိုင္းထဲက ၿမိဳ႕နယ္ (၇)ၿမိဳ႕နယ္ကိုလည္း ကြင္းဆင္းစစ္တမ္းေကာက္ယူသြားမွာျဖစ္ပါတယ္။

”အဓိကကေတာ့ေက်း႐ြာေတြေပါ့၊ၿမိဳ႕ေပၚရပ္ကြက္ေတြ မပါဘူး၊အဓိကရွာတာ အသက္(၁)ႏွစ္နဲ႔ (၉)ႏွစ္ၾကားမွာရွိတဲ့ ကေလးငယ္ေတြကို ရွာပါတယ္။မ်က္ခမ္းစပ္ေရာဂါက လူေနထူထပ္တဲ့ေနရာေတြ၊ဖုန္မ်ားတဲ့ေနရာ၊ ေရရွားတဲ့ေနရာ လူေနမႈအဆင့္အတန္းႏွိမ္တဲ့ ဆင္းရဲသားလူတန္းစားေတြမွာ ျဖစ္တာမ်ားပါတယ္။ ျမန္မာျပည္မွာ ၁၉၆၀ ခုႏွစ္ေက်ာ္ေလာက္ကဆို လူႏွစ္ေယာက္မွာ တစ္ေယာက္ေလာက္ကျဖစ္တယ္၊႐ြာလုံးကြၽတ္ျဖစ္တဲ့ အေနအထားမွာ ေတြ႕ရပါတယ္။အခု ဒီအဆင့္ကေန ေတာ္ေတာ္ေလးလြန္ေျမာက္ၿပီးေတာ့ မ်က္ခမ္းစပ္ေရာဂါဆိုတာ ရွာယူရတဲ့ အဆင့္ထိ က်ဆင္းသြားၿပီျဖစ္ပါတယ္၊ ကင္းစင္းေၾကာင္း ေၾကာ္ျငာႏိုင္ဖို႔ အေျခအေနေကာင္းတဲ့ အေနအထားမွာေတြ႕ပါတယ္ ” လို႔ အထူးကုဆရာဝန္ႀကီးေဒါက္တာရီလင္းက ေျပာပါတယ္။

စစ္တမ္းေကာက္ယူရာမွာ တစ္ဖြဲ႕ကို ၁၂ ဦးပါဝင္တဲ့ အဖြဲ႕ (၆) ဖြဲ႕နဲ႔ ကြင္းဆင္းစစ္ေဆးစစ္တမ္းေကာက္ယူေနၿပီး စစ္တမ္းေကာက္ယူတဲ့အခါ ျပည္သူေတြအေနနဲ႔ ပူးေပါင္းေဆာင္႐ြက္မွသာ ၂၀၂၀ ခုႏွစ္ ျမန္မာႏိုင္ငံမွာ မ်က္ခမ္းစပ္ေရာဂါကင္းစင္းေၾကာင္းကို ဂုဏ္ယူဝင့္ၾကားစြာနဲ႔ ေၾကာ္ျငာႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #ျမန္မာႏိုင္ငံ #မ်က္ခမ္းစပ္ေရာဂါကင္းစင္းေၾကာင္း #ေၾကာ္ျငာႏိုင္ရန္စစ္တမ္းေကာက္

 

Unicode

မြန်မာနိုင်ငံမှာ မျက်ခမ်းစပ်ရောဂါကင်းစင်းကြောင်း ကြော်ငြာနိုင်ရန် စစ်တမ်းကောက်နေ

စစ်ကိုင်း အောက်တိုဘာ ၂၄-၂၀၁၉
မောင်တာရာ (VOM)

မြန်မာနိုင်ငံမှာ မျက်ခမ်းစပ်ရောဂါကင်းစင်းကြောင်းကို လာမယ့် ၂၀၂၀ ခုနှစ်မှာ ကြော်ငြာနိုင်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ၊ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) နဲ့ The Fred Hollows Foundation တို့ ပူးပေါင်းပြီး စ်တေမ်းကောက်ယူမှုပြုလုပ်နေတယ်လို့ မျက်ခမ်းစပ်ရောဂါ ဖြစ်ပွားမှု စစ်တမ်းကောက်ယူရေးအဖွဲ့၊ စဉ့်ကိုင်မျက်စီဆေးရုံကနေ သိရပါတယ်။

”မန္တလေးတိုင်း၊မကွေးတိုင်း၊ စစ်ကိုင်းတိုင်း ၊တိုင်းဒေသကြီးသုံးခု ကို ကောက်ယူသွားမှာဖြစ်ပါတယ်၊ မန္တလေးတိုင်းကတော့ ပြီးသွားပါပြီ စက်တင်ဘာလလယ်လောက်က စလိုက်တာ အောက်တိုဘာလလယ်မှာ အားလုံးပြီးမြောက်သွားပါတယ်၊အခု စစ်ကိုင်းတိုင်းထဲက စစ်ကိုင်းမြို့နယ်က ကျေးရွာ(၃၀)ကို စတင်ပြီးတော့ စစ်တမ်းကောက်ယူနေပါပြီ”ဟု မျက်ခမ်းစပ်ရောဂါ ဖြစ်ပွားမှု စစ်တမ်းကောက်ယူရေးအဖွဲ့၊ စဉ့်ကိုင်မျက်စိဆေးရုံမှ အထူးကုဆရာဝန်ကြီးဒေါက်တာရီလင်းက ပြောပါတယ်။

မန္တလေးတိုင်းထဲက စဉ့်ကိုင်မြို့နယ်၊ မြင်းခြံမြို့နယ်၊မိထ္တီလာမြို့နယ်၊ကျောက်ပန်းတောင်းမြို့နယ်တွေထဲက ကျေးရွာပေါင်း (၁၂၀)မှာ အိမ်ခြေ ၃၆၀၀ ကို မျက်ခမ်းစပ်ရောဂါ ဖြစ်ပွားမှု စစ်တမ်းကောက်ယူရာ မိထ္တီလာမြို့နယ်မှာတော့ တစ်ဦးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့နယ်အတွင်းက ကျေးရွာ (၃၀)ကိုလည်း အောက်တိုဘာလ ၂၂ ရက်နေ့က စတင်ကာ စစ်တမ်းကောက်ယူမှုများ ပြုလုပ်ဆောင်ရွက်နေတာဖြစ်ပြီး စစ်ကိုင်းမြို့နယ်မှာ ပြီးဆုံးလျှင် မုံရွာမြို့နယ်၊ရွှေဘိုမြို့နယ်တို့မှာ တစ်မြို့နယ်ကို ကျေးရွာ(၃၀) စစ်တမ်းကောက်ယူသွားမှာဖြစ်ကာ မကွေးတိုင်းထဲက မြို့နယ် (၇)မြို့နယ်ကိုလည်း ကွင်းဆင်းစစ်တမ်းကောက်ယူသွားမှာဖြစ်ပါတယ်။

”အဓိကကတော့ကျေးရွာတွေပေါ့၊မြို့ပေါ်ရပ်ကွက်တွေ မပါဘူး၊အဓိကရှာတာ အသက်(၁)နှစ်နဲ့ (၉)နှစ်ကြားမှာရှိတဲ့ ကလေးငယ်တွေကို ရှာပါတယ်။မျက်ခမ်းစပ်ရောဂါက လူနေထူထပ်တဲ့နေရာတွေ၊ဖုန်များတဲ့နေရာ၊ ရေရှားတဲ့နေရာ လူနေမှုအဆင့်အတန်းနှိမ်တဲ့ ဆင်းရဲသားလူတန်းစားတွေမှာ ဖြစ်တာများပါတယ်။ မြန်မာပြည်မှာ ၁၉၆၀ ခုနှစ်ကျော်လောက်ကဆို လူနှစ်ယောက်မှာ တစ်ယောက်လောက်ကဖြစ်တယ်၊ရွာလုံးကျွတ်ဖြစ်တဲ့ အနေအထားမှာ တွေ့ရပါတယ်။အခု ဒီအဆင့်ကနေ တော်တော်လေးလွန်မြောက်ပြီးတော့ မျက်ခမ်းစပ်ရောဂါဆိုတာ ရှာယူရတဲ့ အဆင့်ထိ ကျဆင်းသွားပြီဖြစ်ပါတယ်၊ ကင်းစင်းကြောင်း ကြော်ငြာနိုင်ဖို့ အခြေအနေကောင်းတဲ့ အနေအထားမှာတွေ့ပါတယ် ” လို့ အထူးကုဆရာဝန်ကြီးဒေါက်တာရီလင်းက ပြောပါတယ်။

စစ်တမ်းကောက်ယူရာမှာ တစ်ဖွဲ့ကို ၁၂ ဦးပါဝင်တဲ့ အဖွဲ့ (၆) ဖွဲ့နဲ့ ကွင်းဆင်းစစ်ဆေးစစ်တမ်းကောက်ယူနေပြီး စစ်တမ်းကောက်ယူတဲ့အခါ ပြည်သူတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်မှသာ ၂၀၂၀ ခုနှစ် မြန်မာနိုင်ငံမှာ မျက်ခမ်းစပ်ရောဂါကင်းစင်းကြောင်းကို ဂုဏ်ယူဝင့်ကြားစွာနဲ့ ကြော်ငြာနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #မြန်မာနိုင်ငံ #မျက်ခမ်းစပ်ရောဂါကင်းစင်းကြောင်း #ကြော်ငြာနိုင်ရန်စစ်တမ်းကောက်

Related posts

Leave a Comment

VOM News

FREE
VIEW