၂၀၀၈ ဖြဲ႔စည္းပံုျပင္ဆင္ေရးမွာ တပ္မေတာ္ စိတ္အားထက္သန္မႈမရိွဘူးလို႔ ေဒၚေအာင္ဆန္းစုၾကည္ဆို

တိုက်ိဳ၊ ေအာက္တိုဘာ-၂၄-၂၀၁၉
မ်ိဳးဆက္ (VOM)

 

ျမန္မာနုိင္ငံမွာ ဒီမိုကေရစီ အျပည္႔အ၀အသြင္းကူးေျပာင္းေရးအတြက္ ၂၀၀၈ ခုနွစ္ဖြဲ႔စည္းပံုအေျခခံဥပေဒကို ျပင္ဆင္ဖို႔လိုအပ္တယ္လို႔ နုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္႔ ေျပာဆိုလိုက္ပါတယ္။ ဒါေပမယ္႔ အေျခခံဥပေဒျပင္ဆင္ေရးဟာ ၂၀၂၀ ခုနွစ္ေရြးေကာက္ပြဲမတိုင္မီ ျဖစ္နုိင္ေျခမရိွဘူးလို႔ သူကဆိုပါတယ္။

 

ဂ်ပန္နုိင္ငံအေျခစိုက္ နစ္ကိုင္ေအးရွင္းရီဗ်ဴးသတင္းဌာနန႔ဲ ေအာက္တိုဘာ ၂၃ ရက္မွာျပဳလုပ္တဲ႔ မိနစ္ ၃၀ ၾကာေတြ႔ဆံုေမးျမန္းခန္းတစ္ခုမွာ ေဒၚေအာင္ဆန္းစုၾကည္႕ အခုလို ထုတ္ေဖာ္ေျပာဆိုလိုက္တာျဖစ္ပါတယ္။

 

လက္ရိွဖြဲ႔စည္းပံုတြင္ ပါ၀င္တဲ႔ အပိုဒ္တစ္ခုေၾကာင္႔ တပ္မေတာ္သား ၂၅ ရာခို္င္နႈန္းကို လႊတ္ေတာ္တြင္ တာ၀န္ထမ္းေဆာင္ေစျပီး တပ္မေတာ္ကၾကီးမားတဲ႔ အာဏာကိုရယူထားပါတယ္။ ဒါေၾကာင္႔ ဒီအပိုဒ္အျပင္ ဖြဲ႔စည္းပံုရဲ႕ အျခားေသာ အပိုင္းေတြကိုလည္း ျပင္ဆင္ဖို႔လိုတယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

 

လႊတ္ေတာ္မွာ ဖြဲ႔စည္းပံုျပင္ဆင္ေရး ပူးတြဲေကာ္မတီတစ္ခုကို ဖြဲ႔စည္းျပီး ျပင္ဆင္ေရးအၾကံျပဳခ်က္ေတြ တင္ျပထားေပမယ္႔ တပ္မေတာ္ဘက္က စိတ္အားထက္သန္မႈမရိွဘူးလို႔လည္း သူမကေျပာဆိုျပီး လာမယ္႔ ၂၀၂၀ ခုနွစ္ေရြးေကာက္ပြဲမွာ အနုိင္ရမယ္ဆုိရင္ ဖြဲ႔စည္းပံုျပင္ဆင္ေရးကို ေဆာင္ရြက္သြားနိုင္မယ္လို႔ ေျပာပါတယ္။

 

ဒါေပမယ္႔ လာမယ္႔နွစ္အတြင္း ဖြဲ႔စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးအတြက္ မိမိတို႔ရဲ႕ စြမ္းေဆာင္ရည္ကို လာမယ္႔ေရြးေကာက္ပြဲအေပၚ အေျချပဳသြားမွာမဟုတ္ဘူးလို႔လည္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

 

ရခိုင္ျပည္နယ္အေရးနဲ႔ ပတ္သက္၍ ျပည္နယ္အတြင္း ျငိမ္းခ်မ္းေရးမလိုလားသူေတြနဲ႔ ျပသနာကို ေျပလည္သြားမွာ မလိုလားတဲ႔ အစြန္းေရာက္အင္အားစုေတြရိွေနတယ္လို႔ ယူဆေၾကာင္း သူကဆက္လက္ေျပာဆိုခဲ႔ပါတယ္။

Ref : Nikkei Asian Review
Photo : Wataru Ito

#voiceofmyanmar #ေဒၚေအာင္ဆန္းစုုၾကည္ #ဖြဲ႕စည္းပံုုျပင္ဆင္ေရး

 

Unicode

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ တပ်မတော် စိတ်အားထက်သန်မှုမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ဆို

တိုကျို၊ အောက်တိုဘာ-၂၄-၂၀၁၉
မျိုးဆက် (VOM)

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြည့်အဝအသွင်းကူးပြောင်းရေးအတွက် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့လိုအပ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည့် ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် အခြေခံဥပဒေပြင်ဆင်ရေးဟာ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေမရှိဘူးလို့ သူကဆိုပါတယ်။

ဂျပန်နိုင်ငံအခြေစိုက် နစ်ကိုင်အေးရှင်းရီဗျူးသတင်းဌာနနဲ့ အောက်တိုဘာ ၂၃ ရက်မှာပြုလုပ်တဲ့ မိနစ် ၃၀ ကြာတွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည့် အခုလို ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။

လက်ရှိဖွဲ့စည်းပုံတွင် ပါဝင်တဲ့ အပိုဒ်တစ်ခုကြောင့် တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို လွှတ်တော်တွင် တာဝန်ထမ်းဆောင်စေပြီး တပ်မတော်ကကြီးမားတဲ့ အာဏာကိုရယူထားပါတယ်။ ဒါကြောင့် ဒီအပိုဒ်အပြင် ဖွဲ့စည်းပုံရဲ့ အခြားသော အပိုင်းတွေကိုလည်း ပြင်ဆင်ဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

လွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးတွဲကော်မတီတစ်ခုကို ဖွဲ့စည်းပြီး ပြင်ဆင်ရေးအကြံပြုချက်တွေ တင်ပြထားပေမယ့် တပ်မတော်ဘက်က စိတ်အားထက်သန်မှုမရှိဘူးလို့လည်း သူမကပြောဆိုပြီး လာမယ့် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမှာ အနိုင်ရမယ်ဆိုရင် ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဆောင်ရွက်သွားနိုင်မယ်လို့ ပြောပါတယ်။

ဒါပေမယ့် လာမယ့်နှစ်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် မိမိတို့ရဲ့ စွမ်းဆောင်ရည်ကို လာမယ့်ရွေးကောက်ပွဲအပေါ် အခြေပြုသွားမှာမဟုတ်ဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်၍ ပြည်နယ်အတွင်း ငြိမ်းချမ်းရေးမလိုလားသူတွေနဲ့ ပြသနာကို ပြေလည်သွားမှာ မလိုလားတဲ့ အစွန်းရောက်အင်အားစုတွေရှိနေတယ်လို့ ယူဆကြောင်း သူကဆက်လက်ပြောဆိုခဲ့ပါတယ်။

Ref : Nikkei Asian Review
Photo : Wataru Ito

#voiceofmyanmar #ဒေါ်အောင်ဆန်းစုကြည် #ဖွဲ့စည်းပုံပြင်ဆင်ရေး

Related posts

Leave a Comment

VOM News

FREE
VIEW