လူတန္းစားညိီမွ်ေရး ေတာင္းဆိုမႈေတြေၾကာင္႔ သမၼတက အစိုးရတစ္ဖြဲ႔လံုးကို ရာထူးမွဖယ္ရွားမွဳ ခ်ီလီမွာျဖစ္

ဆန္တီယာဂုိ၊ ေအာက္တုိဘာ-၂၇-၂၀၁၉
မ်ိဳးဆက္ (VOM)

 

ခ်ီလီ သမၼတဆီးဘတ္စတိန္းပင္နီရာဟာ အစုိးရသစ္ဖဲြ႔စည္းဖို႔နဲ႔ ဆႏၵျပသူေတြေတာင္းဆုိထားတဲ႔ လူမႈေရးျပဳျပင္ေျပာင္းလဲမႈေတြကို စတင္လုပ္ေဆာင္ဖို႔ သူ႔ရဲ႕အစုိးရအဖဲြ႔တစ္ဖဲြ႔လံုးကို ရာထူးကေန ဖယ္ရွားလုိက္ပါတယ္။

 

ေတာင္းဆုိမႈအသစ္ေတြကုိ ရင္ဆုိင္ေျဖရွင္းဖို႔္ မိမိရဲ႕ အစုိးရအဖဲြ႔ကုိ ျပန္လည္ဖဲြ႔စည္းရမယ္ဆိုတာကို ဝန္ၾကီးေတြအားလံုးထံ အေၾကာင္းၾကားထားျပီးျဖစ္တယ္လို႔ သမၼတက ေျပာပါတယ္။ ဒါေပမယ္႔ ရာထူးအေျပာင္းအလဲေတြကို ဘယ္လိုလုပ္ေဆာင္မယ္ဆိုတာ ရွင္းရွင္းလင္းလင္းမသိရေသးပါဘူး။

 

ေအာက္တုိဘာ၂၅ရက္က ျမိဳ႔ေတာ္ဆန္တီယာဂုိမွာ ျငိမ္းခ်မ္းစြာ စုေဝးဆႏၵျပပဲြျပဳလုပ္ခဲ႔ျပီး လူေပါင္းတစ္သန္းေက်ာ္ ပူးေပါင္းပါဝင္ခဲ့ကာ လူတန္းစားညီမွ်ေရးအတြက္ ေတာင္းဆုိခဲ့ၾကပါတယ္။

ဒီလိုေတာင္းဆိုမႈေတြကို ၾကားသိခဲ့ရတယ္လို႔ သမၼတပင္နီရာကဆိုပါတယ္။မိမိတုိ႔မွာေျပာင္းလဲမႈ တစ္ခု ရွိေနျပီျဖစ္ေၾကာင္းနဲ႔ ခ်ီလီႏုိင္ငံဟာ လြန္ခဲ့ေသာသီတင္းတစ္ပတ္ကနဲ႔ မတူညီေတာ႔ေၾကာင္း သမၼတကေျပာပါတယ္။

 

လြန္ခဲ့ေသာသီတင္းတစ္ပတ္ခန္႔က ခ်ီလီႏုိင္ငံတစ္ဝန္းျမိဳ႔ေတြမွာ ျပဌာန္းထားတဲ႔ ညမထြက္ရအမိန္႔ကုိ ဖယ္ရွားလုိက္ျပီလို႔လည္း သမၼတက ေၾကညာပါတယ္။ အတုိက္အခံေတြကလည္း အေရးေပၚအေျခအေနဆက္လက္ျဖစ္ေပၚေနတာကို အဆံုးသတ္ဖို႔ တုိက္တြန္းေျပာဆုိထားပါတယ္။

ျပီးခဲ႔တဲ႔ သီတင္းတစ္ပတ္ေက်ာ္က စတင္ခဲ့တဲ႔ လူတန္းစားမညီမွ်မႈဆန္႔က်င္ေရး ဆႏၵျပပဲြေတြအတြင္း လူေပါင္း ၁၇ဦးထက္မနည္းေသဆံုးျပီး ရာႏွင့္ခ်ီကာ ထိခုိက္ဒဏ္ရာရရိွခဲ႔ပါတယ္။

Ref : BBC
Photo : Reuters
#voiceofmyamar #ခ်ီလီ #အစိုုးရတဖြဲ႕လံုုးရာထူးကဖယ္ရွား

 

Unicode

လူတန်းစားညီမျှရေး တောင်းဆိုမှုတွေကြောင့် သမ္မတက အစိုးရတစ်ဖွဲ့လုံးကို ရာထူးမှဖယ်ရှားမှု ချီလီမှာဖြစ်

ဆန်တီယာဂို၊ အောက်တိုဘာ-၂၇-၂၀၁၉
မျိုးဆက် (VOM)

ချီလီ သမ္မတဆီးဘတ်စတိန်းပင်နီရာဟာ အစိုးရသစ်ဖွဲ့စည်းဖို့နဲ့ ဆန္ဒပြသူတွေတောင်းဆိုထားတဲ့ လူမှုရေးပြုပြင်ပြောင်းလဲမှုတွေကို စတင်လုပ်ဆောင်ဖို့ သူ့ရဲ့အစိုးရအဖွဲ့တစ်ဖွဲ့လုံးကို ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။

တောင်းဆိုမှုအသစ်တွေကို ရင်ဆိုင်ဖြေရှင်းဖို့် မိမိရဲ့ အစိုးရအဖွဲ့ကို ပြန်လည်ဖွဲ့စည်းရမယ်ဆိုတာကို ဝန်ကြီးတွေအားလုံးထံ အကြောင်းကြားထားပြီးဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။ ဒါပေမယ့် ရာထူးအပြောင်းအလဲတွေကို ဘယ်လိုလုပ်ဆောင်မယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

အောက်တိုဘာ၂၅ရက်က မြို့တော်ဆန်တီယာဂိုမှာ ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြပွဲပြုလုပ်ခဲ့ပြီး လူပေါင်းတစ်သန်းကျော် ပူးပေါင်းပါဝင်ခဲ့ကာ လူတန်းစားညီမျှရေးအတွက် တောင်းဆိုခဲ့ကြပါတယ်။
ဒီလိုတောင်းဆိုမှုတွေကို ကြားသိခဲ့ရတယ်လို့ သမ္မတပင်နီရာကဆိုပါတယ်။မိမိတို့မှာပြောင်းလဲမှု တစ်ခု ရှိနေပြီဖြစ်ကြောင်းနဲ့ ချီလီနိုင်ငံဟာ လွန်ခဲ့သောသီတင်းတစ်ပတ်ကနဲ့ မတူညီတော့ကြောင်း သမ္မတကပြောပါတယ်။

လွန်ခဲ့သောသီတင်းတစ်ပတ်ခန့်က ချီလီနိုင်ငံတစ်ဝန်းမြို့တွေမှာ ပြဌာန်းထားတဲ့ ညမထွက်ရအမိန့်ကို ဖယ်ရှားလိုက်ပြီလို့လည်း သမ္မတက ကြေညာပါတယ်။ အတိုက်အခံတွေကလည်း အရေးပေါ်အခြေအနေဆက်လက်ဖြစ်ပေါ်နေတာကို အဆုံးသတ်ဖို့ တိုက်တွန်းပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းတစ်ပတ်ကျော်က စတင်ခဲ့တဲ့ လူတန်းစားမညီမျှမှုဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း လူပေါင်း ၁၇ဦးထက်မနည်းသေဆုံးပြီး ရာနှင့်ချီကာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Ref : BBC
Photo : Reuters
#voiceofmyamar #ချီလီ #အစိုးရတဖွဲ့လုံးရာထူးကဖယ်ရှား

Related posts

Leave a Comment

VOM News

FREE
VIEW