အေမရိကန္ရဲ႕ အထူးစစ္ဆင္ေရးအတြင္း အိုင္အက္စ္အဖြဲ႔ေခါင္းေဆာင္ ေသဆံုးခဲ႕ဖြယ္ရွိ

zawgyi

 

ဒမတ္စကတ္၊ ေအာက္တိုဘာ-၂၇-၂၀၁၉
မ်ိဳးဆက္ (VOM)

ဆီးရီးယားေျမာက္ပိုင္းမွာျပဳလုပ္တဲ႔ အေမရိကန္ရဲ႕ အထူးစစ္ဆင္ေရးအတြင္း အိုင္အက္စ္အဖြဲ႔ေခါင္းေဆာင္ ဘဂၢဒါဒီဟာ ေအာက္တိုဘာ ၂၇ ရက္က ေသဆံုးသြားတယ္လို႔ ယံုၾကည္ရပါတယ္။

အိုင္ဒလစ္ျပည္နယ္မွာ အေမရိကန္စစ္ဘက္ရဲ႕ စီးနွင္းတိုက္ခိုက္မႈအတြင္းမွာ အိုင္အက္စ္အဖြဲ႔ေခါင္းေဆာင္ ေသဆံုးခဲ႔ဖြယ္ရိွတယ္လို႔ အေမရိကန္သတင္းဌာနေတြက ေအာက္တိုဘာ ၂၇ ရက္အေစာပိုင္းမွာ ေဖာ္ျပထားပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္လို႔ အေမရိကန္သမၼတ ေဒၚနယ္ထရန္႔က အဓိကထုတ္ျပန္ခ်က္တစ္ေစာင္ ထုတ္ျပန္မယ္လို႔ အိမ္ျဖဴေတာ္က ေျပာဆိုျပီး အေသးစိတ္အခ်က္အလက္ေတြ ထုတ္ျပန္တာမ်ိဳးမရိွေသးပါဘူး။

အို္င္အက္စ္အဖြဲ႔နဲ႔ ဆက္ႏြယ္သူေတြေနထိုင္တဲ႔ အိုင္ဒလစ္ျပည္နယ္က ေနရာတစ္ခုကို အေမရိကန္ရဟတ္ယာဥ္ေတြက တပ္ဖြဲ႔၀င္ေတြခ်ေပးခဲ႔တယ္လို႔ စစ္ပြဲေလ႔လာေစာင္႔ၾကည္႔ေရး အဖြဲ႔တစ္ဖြဲ႔က ဆိုပါတယ္။

အိုင္အက္စ္ထိပ္တန္းေခါင္းေဆာင္ အဘူရာမန္၊ ကေလးတစ္ဦးနဲ႔ အမိ်ဳးသမီးနွစ္ဦအပါအ၀င္ လူကိုးဦးေသဆံုးခဲ႔တဲ႔ အေမရိကန္အထူးတပ္ဖြဲ႔၀င္ေတြရဲ႕ စစ္ဆင္ေရးမွာ ရဟတ္ယာဥ္ေတြဟာ ဘာရီရွာေက်းရြာျပင္ပက ေနအိမ္တစ္လံုးနဲ႔ ကားတစ္စီးကို ပစ္မွတ္ထားတိုက္ခိုက္ခဲ႔တယ္လို႔ ဆီးရီးယားလူ႔အခြင္႔အေရးေစာင္႔ၾကည္႔အဖြဲ႔က ေျပာပါတယ္။

အခင္းျဖစ္ရာေနရာမွာ အိုင္အက္စ္ေခါင္းေဆာင္ ဘဂၢဒါဒီရိွ၊ မရိွကိုေတာ႔ ခ်က္ခ်င္းမသိရေသးဘူးလို႔ဆိုပါတယ္။ ဒါေပမယ္႔ အေမရိကန္ရဲ႕ စစ္ဆင္ေရးအတြင္းမွာ ဘဂၢဒါဒီေသဆံုးသြားျပီဆိုတာ ဆီးရီးယားက သတင္းရင္းျမစ္ေတြက အီရန္ကိုအေၾကာင္းၾကားခဲ႔တယ္လို႔ အီရန္တာ၀န္ရိွသူနွစ္ဦးက ရိုက္တာသတင္းဌာနကို ေအာက္တိုဘာ ၂၇ ရက္က ေျပာၾကားခဲ႔ပါတယ္။

Ref & Photo : AFP
#voiceofmyanmar #အိုုင္အက္စ္ေခါင္းေဆာင္ေသဆံုုး #အေမရိကန္အထူးစစ္ဆင္ေရး

Unicode

အမေရိကန်ရဲ့ အထူးစစ်ဆင်ရေးအတွင်း အိုင်အက်စ်အဖွဲ့ခေါင်းဆောင် သေဆုံးခဲ့ဖွယ်ရှိ

ဒမတ်စကတ်၊ အောက်တိုဘာ-၂၇-၂၀၁၉
မျိုးဆက် (VOM)

ဆီးရီးယားမြောက်ပိုင်းမှာပြုလုပ်တဲ့ အမေရိကန်ရဲ့ အထူးစစ်ဆင်ရေးအတွင်း အိုင်အက်စ်အဖွဲ့ခေါင်းဆောင် ဘဂ္ဂဒါဒီဟာ အောက်တိုဘာ ၂၇ ရက်က သေဆုံးသွားတယ်လို့ ယုံကြည်ရပါတယ်။

အိုင်ဒလစ်ပြည်နယ်မှာ အမေရိကန်စစ်ဘက်ရဲ့ စီးနှင်းတိုက်ခိုက်မှုအတွင်းမှာ အိုင်အက်စ်အဖွဲ့ခေါင်းဆောင် သေဆုံးခဲ့ဖွယ်ရှိတယ်လို့ အမေရိကန်သတင်းဌာနတွေက အောက်တိုဘာ ၂၇ ရက်အစောပိုင်းမှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အဓိကထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်မယ်လို့ အိမ်ဖြူတော်က ပြောဆိုပြီး အသေးစိတ်အချက်အလက်တွေ ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

အိုင်အက်စ်အဖွဲ့နဲ့ ဆက်နွယ်သူတွေနေထိုင်တဲ့ အိုင်ဒလစ်ပြည်နယ်က နေရာတစ်ခုကို အမေရိကန်ရဟတ်ယာဉ်တွေက တပ်ဖွဲ့ဝင်တွေချပေးခဲ့တယ်လို့ စစ်ပွဲလေ့လာစောင့်ကြည့်ရေး အဖွဲ့တစ်ဖွဲ့က ဆိုပါတယ်။

အိုင်အက်စ်ထိပ်တန်းခေါင်းဆောင် အဘူရာမန်၊ ကလေးတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦအပါအဝင် လူကိုးဦးသေဆုံးခဲ့တဲ့ အမေရိကန်အထူးတပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆင်ရေးမှာ ရဟတ်ယာဉ်တွေဟာ ဘာရီရှာကျေးရွာပြင်ပက နေအိမ်တစ်လုံးနဲ့ ကားတစ်စီးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောပါတယ်။

အခင်းဖြစ်ရာနေရာမှာ အိုင်အက်စ်ခေါင်းဆောင် ဘဂ္ဂဒါဒီရှိ၊ မရှိကိုတော့ ချက်ချင်းမသိရသေးဘူးလို့ဆိုပါတယ်။ ဒါပေမယ့် အမေရိကန်ရဲ့ စစ်ဆင်ရေးအတွင်းမှာ ဘဂ္ဂဒါဒီသေဆုံးသွားပြီဆိုတာ ဆီးရီးယားက သတင်းရင်းမြစ်တွေက အီရန်ကိုအကြောင်းကြားခဲ့တယ်လို့ အီရန်တာဝန်ရှိသူနှစ်ဦးက ရိုက်တာသတင်းဌာနကို အောက်တိုဘာ ၂၇ ရက်က ပြောကြားခဲ့ပါတယ်။

Ref & Photo : AFP
#voiceofmyanmar #အိုင်အက်စ်ခေါင်းဆောင်သေဆုံး #အမေရိကန်အထူးစစ်ဆင်ရေး

Related posts

Leave a Comment

VOM News

FREE
VIEW