ခ်င္းတိုင္းရင္းသားလူငယ္(၆)ဦး ေထာင္ဒဏ္ေလးႏွစ္ခြဲ အမိန႔္ခ်ခံရတဲ့အတြက္ ဆႏၵေဖာ္ထုတ္

မတူပီ ေအာက္တိုဘာ ၃၀-၂၀၁၉

မိုးယံ(VOM)

ခ်င္းျပည္နယ္ မတူပီၿမိဳ႕မွာ ခ်င္းတိုင္းရင္းသားလူငယ္(၆)ဦးကို ေထာင္ဒဏ္ေလးႏွစ္ခြဲစီ အမိန႔္ခ်မွတ္ခံရတဲ့အေပၚ

အျမန္ဆုံးလြတ္ေျမာက္ေစေရးအတြက္ ေဒသခံမ်ားက ေအာက္တိုဘာ၂၉ရက္ မနက္ပိုင္းက

ဆႏၵေဖာ္ထုတ္ခဲ့ၾကပါတယ္။

‟ခ်င္းအမ်ိဳးသားေန႔မွာ လူငယ္ေတြေရာရဲေတြေရာ ႏွစ္ဘက္စလုံးမူးၿပီးရန္ျဖစ္တာကို

ရဲေတြကတစ္ဘက္သတ္အႏိုင္ယူ အမႈဖြင့္ၿပီး ခ်င္းလူငယ္ေတြကို ေထာင္ဒီေလာက္ခ်တဲ့အတြက္ ခ်င္းလူငယ္အမ်ားစုက စိတ္ထိခိုက္ၾကရတယ္၊ အျမန္ဆုံးလြတ္ေျမာက္ေစခ်င္ပါတယ္လို႔ ”ခ်င္းလူငယ္အဖြဲ႕အစည္းChin Youth Organization(CYO) ကအတြင္းေရးမႉး ဆလိုင္းထန္အုပ္ကေျပာပါတယ္။

ဆႏၵေဖာ္ထုတ္ၾကသူေတြဟာ မတူပီၿမိဳ႕၊ ရွစ္လမ္းဆုံမွာ စုေဝးၿပီး ခရစ္ယာန္ဓမၼဆရာတစ္ဦးက ဆုေတာင္းေပးျခင္းျပဳလုပ္ကာ ရွစ္လမ္းဆုံမွဗိုလ္ခ်ဳပ္လမ္းအတိုင္းထိုမွတစ္ဆင့္

စန္ေဘာင္လမ္းဆုံအထိ၊ စန္ေဘာင္လမ္းဆုံမွျပန္ေကြ႕ၿပီး ပလက္ဝလမ္းအတိုင္း

ဗိုလ္တိုက္ခြၽန္းအားကစားကြင္းအထိ ခ်ီတက္လမ္းေလွ်ာက္ ဆႏၵျပခဲ့ၾကပါတယ္။

ေထာင္ခ်ခံရတဲ့ခ်င္းလူငယ္တစ္ဦးရဲ႕မိခင္ျဖစ္သူေဒၚဆန္ဒါးက ‟က်မသားက အခင္းျဖစ္ပြားရာေနရာကိုမသြားခဲ့ပါဘူး အခုလိုေထာင္ခ်ခံရတဲ့အတြက္ အျမန္ဆုံးလႊတ္ေပးေစခ်င္ပါတယ္လို႔”ေျပာပါတယ္။

ခ်ီတက္လမ္းေလွ်ာက္ ဆႏၵျပရာမွာ ‟သားသမီးမ်ားဘဝၿငိမ္းခ်မ္းေရး မိဘမ်ားကူညီေပး၊ လူငယ္မ်ားဘဝၿငိမ္းခ်မ္းေရး လူႀကီးမ်ားကူညီေပး၊ တိုင္းရင္းသားမ်ားဘဝၿငိမ္းခ်မ္းေရး

ေဒသအာဏာပိုင္မ်ားကူညီေပး၊ ျပည္သူမ်ားဘဝၿငိမ္းခ်မ္းေရး အစိုးရကူညီေပး.”စတဲ့

ေႂကြးေၾကာ္သံေတြနဲ႔ လူအင္အား တစ္ရာ့ငါးဆယ္ခန႔္က ဆႏၵေဖာ္ထုတ္ခဲ့ၾကတာျဖစ္ပါတယ္။

မိခင္ျဖစ္သူေဒၚမခင္ကလည္း ၎ရဲ႕သားျဖစ္သူေမာင္သက္ႏိုင္ဦးမွာ တကၠသိုလ္ေက်ာင္းသားျဖစ္ၿပီး

က်န္သားသမီးေလးဦးမွာလည္း ေက်ာင္းသားလူငယ္မ်ားျဖစ္တဲ့အတြက္ ပညာသင္ၾကားမႈေျဖာင့္ျဖဴးေအာင္ သက္ဆိုင္ရာတို႔က သနားငဲ့ညႇာေပးပါရန္ အသနားခံပါေၾကာင္းကိုလည္း ထည့္သြင္းေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

၂၀၁၉ခုႏွစ္ ေဖာ္ေဖာ္ဝါရီ ၂၀ရက္ေန႔က မတူပီၿမိဳ႕၊ ဗိုလ္တိုက္ခြၽန္းအားကစားကြင္းထဲမွာ

ခ်င္းအမ်ိဳးသားေန႔ပြဲေတာ္က်င္းပၿပီးခါနီး ည ၁၁ နာရီဝန္းက်င္မွာ လုံၿခဳံေရးရဲဝန္ထမ္းမ်ားနဲ႔

ခ်င္းလူငယ္တို႔ အျပန္အလွန္ခိုက္ရန္ျဖစ္ပြားခဲ့တာေၾကာင့္ အမႈျဖစ္ကာတရားရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

ခ်င္းလူငယ္(၆)ဦးကို ျပည္သူပိုင္ပစၥည္းကာကြယ္ေစာင့္ေရွာက္မႈပုဒ္မ ၆(၁)ရာဇဝတ္ပုဒ္မ ၃၃၂/၃၂၃/၄၂၇ တို႔နဲ႔စြဲခ်က္တင္ၿပီး ေအာက္တိုဘာ၁၀ရက္ေန႔က မတူပီၿမိဳ႕နယ္တရား႐ုံးမွာ ၎တို႔ ၆ဦးစလုံးကို

ပုဒ္မ ၆(၁)အတြက္ ေထာင္ဒဏ္ ၃ႏွစ္၊ ပုဒ္မ ၃၃၂အတြက္ ေထာင္ဒဏ္ ၁ႏွစ္၊ ပုဒ္မ ၃၂၃ႏွင့္ပုဒ္မ ၄၂၇အတြက္ေထာင္ဒဏ္ ၃လစီ၊ တစ္ဦးလ်င္စုစုေပါင္းေထာင္ဒဏ္ ၄ႏွစ္ခြဲစီ အမိန္႔ခ်မွတ္ခဲ့တာေၾကာင့္

ျပစ္ဒဏ္မွာ မ်ားလြန္းတဲ့အတြက္ အခုလိုဆႏၵေဖာ္ထုတ္ျခင္းျဖစ္တယ္လို႔  ဆႏၵျပရာမွာ ပါဝင္တဲ့သူေတြက ေျပာၾကားခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #ခ်င္းလူငယ္အတြက္ #ဆႏၵေဖာ္ထုတ္

Unicode

ချင်းတိုင်းရင်းသားလူငယ်(၆)ဦး ထောင်ဒဏ်လေးနှစ်ခွဲ အမိန့်ချခံရတဲ့အတွက် ဆန္ဒဖော်ထုတ်

မတူပီ အောက်တိုဘာ ၃၀-၂၀၁၉
မိုးယံ(VOM)

ချင်းပြည်နယ် မတူပီမြို့မှာ ချင်းတိုင်းရင်းသားလူငယ်(၆)ဦးကို ထောင်ဒဏ်လေးနှစ်ခွဲစီ အမိန့်ချမှတ်ခံရတဲ့အပေါ်
အမြန်ဆုံးလွတ်မြောက်စေရေးအတွက် ဒေသခံများက အောက်တိုဘာ၂၉ရက် မနက်ပိုင်းက
ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

‟ချင်းအမျိုးသားနေ့မှာ လူငယ်တွေရောရဲတွေရော နှစ်ဘက်စလုံးမူးပြီးရန်ဖြစ်တာကို
ရဲတွေကတစ်ဘက်သတ်အနိုင်ယူ အမှုဖွင့်ပြီး ချင်းလူငယ်တွေကို ထောင်ဒီလောက်ချတဲ့အတွက် ချင်းလူငယ်အများစုက စိတ်ထိခိုက်ကြရတယ်၊ အမြန်ဆုံးလွတ်မြောက်စေချင်ပါတယ်လို့ ”ချင်းလူငယ်အဖွဲ့အစည်းChin Youth Organization(CYO) ကအတွင်းရေးမှူး ဆလိုင်းထန်အုပ်ကပြောပါတယ်။

ဆန္ဒဖော်ထုတ်ကြသူတွေဟာ မတူပီမြို့၊ ရှစ်လမ်းဆုံမှာ စုဝေးပြီး ခရစ်ယာန်ဓမ္မဆရာတစ်ဦးက ဆုတောင်းပေးခြင်းပြုလုပ်ကာ ရှစ်လမ်းဆုံမှဗိုလ်ချုပ်လမ်းအတိုင်းထိုမှတစ်ဆင့်
စန်ဘောင်လမ်းဆုံအထိ၊ စန်ဘောင်လမ်းဆုံမှပြန်ကွေ့ပြီး ပလက်ဝလမ်းအတိုင်း
ဗိုလ်တိုက်ချွန်းအားကစားကွင်းအထိ ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။

ထောင်ချခံရတဲ့ချင်းလူငယ်တစ်ဦးရဲ့မိခင်ဖြစ်သူဒေါ်ဆန်ဒါးက ‟ကျမသားက အခင်းဖြစ်ပွားရာနေရာကိုမသွားခဲ့ပါဘူး အခုလိုထောင်ချခံရတဲ့အတွက် အမြန်ဆုံးလွှတ်ပေးစေချင်ပါတယ်လို့”ပြောပါတယ်။

ချီတက်လမ်းလျှောက် ဆန္ဒပြရာမှာ ‟သားသမီးများဘဝငြိမ်းချမ်းရေး မိဘများကူညီပေး၊ လူငယ်များဘဝငြိမ်းချမ်းရေး လူကြီးများကူညီပေး၊ တိုင်းရင်းသားများဘဝငြိမ်းချမ်းရေး
ဒေသအာဏာပိုင်များကူညီပေး၊ ပြည်သူများဘဝငြိမ်းချမ်းရေး အစိုးရကူညီပေး.”စတဲ့
ကြွေးကြော်သံတွေနဲ့ လူအင်အား တစ်ရာ့ငါးဆယ်ခန့်က ဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။

မိခင်ဖြစ်သူဒေါ်မခင်ကလည်း ၎င်းရဲ့သားဖြစ်သူမောင်သက်နိုင်ဦးမှာ တက္ကသိုလ်ကျောင်းသားဖြစ်ပြီး
ကျန်သားသမီးလေးဦးမှာလည်း ကျောင်းသားလူငယ်များဖြစ်တဲ့အတွက် ပညာသင်ကြားမှုဖြောင့်ဖြူးအောင် သက်ဆိုင်ရာတို့က သနားငဲ့ညှာပေးပါရန် အသနားခံပါကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

၂၀၁၉ခုနှစ် ဖော်ဖော်ဝါရီ ၂၀ရက်နေ့က မတူပီမြို့၊ ဗိုလ်တိုက်ချွန်းအားကစားကွင်းထဲမှာ
ချင်းအမျိုးသားနေ့ပွဲတော်ကျင်းပပြီးခါနီး ည ၁၁ နာရီဝန်းကျင်မှာ လုံခြုံရေးရဲဝန်ထမ်းများနဲ့
ချင်းလူငယ်တို့ အပြန်အလှန်ခိုက်ရန်ဖြစ်ပွားခဲ့တာကြောင့် အမှုဖြစ်ကာတရားရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ချင်းလူငယ်(၆)ဦးကို ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်မှုပုဒ်မ ၆(၁)ရာဇဝတ်ပုဒ်မ ၃၃၂/၃၂၃/၄၂၇ တို့နဲ့စွဲချက်တင်ပြီး အောက်တိုဘာ၁၀ရက်နေ့က မတူပီမြို့နယ်တရားရုံးမှာ ၎င်းတို့ ၆ဦးစလုံးကို
ပုဒ်မ ၆(၁)အတွက် ထောင်ဒဏ် ၃နှစ်၊ ပုဒ်မ ၃၃၂အတွက် ထောင်ဒဏ် ၁နှစ်၊ ပုဒ်မ ၃၂၃နှင့်ပုဒ်မ ၄၂၇အတွက်ထောင်ဒဏ် ၃လစီ၊ တစ်ဦးလျင်စုစုပေါင်းထောင်ဒဏ် ၄နှစ်ခွဲစီ အမိန့်ချမှတ်ခဲ့တာကြောင့်
ပြစ်ဒဏ်မှာ များလွန်းတဲ့အတွက် အခုလိုဆန္ဒဖော်ထုတ်ခြင်းဖြစ်တယ်လို့ ဆန္ဒပြရာမှာ ပါဝင်တဲ့သူတွေက ပြောကြားခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #ချင်းလူငယ်အတွက် #ဆန္ဒဖော်ထုတ်

Related posts

Leave a Comment

VOM News

FREE
VIEW