အေမရိကန္ရဲ႕ အက္ဖ္-၁၆ တိုက္ေလယာဥ္ေတြဝယ္ယူဖို႔ ထိုင္ဝမ္ပါလီမန္ အတည္ျပဳ

တိုင္ေပ၊ ေအာက္တိုဘာ ၃၀-၂၀၁၉
မ်ိဳးဆက္ (VOM)

အေမရိကန္ရဲ႕ အက္ဖ္-၁၆ ဂ်က္တိုက္ေလယာဥ္ေတြဝယ္ယူဖို႔ ေအာက္တိုဘာ ၂၉ ရက္ေန႔မွာ ထိုင္ဝမ္ပါလီမန္က ခြင့္ျပဳလိုက္ပါတယ္။ဒါဟာ ၂၇ နွစ္တာကာလအတြင္း ပထမဆံုးအၾကိမ္အျဖစ္ အေမရိကန္ တိုက္ေလယာဥ္ေတြကို ထိုင္ဝမ္က ဝယ္ယူတာျဖစ္ပါတယ္။

သမၼတ ဆိုင္အင္းဝမ္ရဲ႕ ထိုင္ဝမ္အစိုးရက ေတာင္းဆိုမႈေၾကာင္႔ အက္ဖ္-၁၆ တိုက္ေလယာဥ္ ေနာက္ဆံုးမ်ိဳးဆက္ ၆၆ စင္း ေရာင္းခ်ဖို႔အစီအစဥ္ကို အိမ္ျဖဴေတာ္က အေမရိကန္ ကြန္ဂရက္ကို ၾသဂုတ္လအတြင္းက တင္ျပခဲ႔ပါတယ္။

ထိုင္ဝမ္ပါလီမန္ဟာ လာမည္႔ခုနွစ္နွစ္အတြင္း ေဒၚလာ ရွစ္ဘီလီယံေက်ာ္ စစ္ေရးအထူးဘတ္ဂ်က္တစ္ခုကို ေရးဆြဲေရး ျပဌာန္းခ်က္တစ္ခုကိုလည္း တညီတညြတ္တည္းအတည္ျပဳခဲ႔ပါတယ္။

၂၀၂၃ ခုနွစ္မွာ အေမရိကန္ဆီက ဝယ္ယူတဲ႔ အက္ဖ္-၁၆ တုိက္ေလယာဥ္ေတြကို နိုင္ငံအေရွ႕ပိုင္းေဒသမွာ ျဖည္းျဖည္းခ်င္း စတင္ျဖန္႔ၾကက္ဖို႔ စီစဥ္ထားပါတယ္။ ထို္င္ဝမ္မွာ အဓိကအသံုးျပဳေေနတဲ႔ တိုက္ေလယာဥ္ေတြ အျဖစ္ ၁၉၉၂ ခုနွစ္က အေမရိကန္နုိင္ငံမွ ၀ယ္ယူထားတဲ႔ အက္ဖ္ -၁၆ တိုက္ေလယာဥ္ ၁၄၄ ရိွေနပါတယ္။

ဒါေပမယ္႔ ထိုင္ဝမ္ဝန္းက်င္မွာ တရုတ္နုိင္ငံက သူ႔ရဲ႕စစ္ေရးစြမ္းအင္ကို တိုးခ်ဳဲ႕တည္ေဆာက္ေနစဥ္ခ်ိန္မွာ ထိုင္ဝမ္က အသံုးျပဳေနတဲ႔ အဲဒီတိုက္ေလယာဥ္ေတြဟာ အိုမင္းေနျပီျဖစ္ေၾကာင္း ေစာင္႔ၾကည္႔ေလ႔လာ သူေတြက ေထာက္ျပေျပာဆိုပါတယ္။
တရုတ္နိုင္ငံကေတာ႔ ထိုင္ဝမ္ကို လက္နက္ေတြေရာင္းခ်ရာမွာ ပါဝင္တဲ႔ အေမရိကန္ကုမၸဏီေတြကို အေရးယူပိတ္ဆို႔မႈေတြ ခ်မွတ္မယ္လို႔ သတိေပးထားပါတယ္။

Ref : NHK
Photo :AFP
#voiceofmyanmar #အေမရိကန္တိုက္ေလယာဥ္ #ထိုင္ဝမ္ပါလီမန္

 

Unicode

အမေရိကန်ရဲ့ အက်ဖ်-၁၆ တိုက်လေယာဉ်တွေဝယ်ယူဖို့ ထိုင်ဝမ်ပါလီမန် အတည်ပြု

တိုင်ပေ၊ အောက်တိုဘာ ၃၀-၂၀၁၉
မျိုးဆက် (VOM)

အမေရိကန်ရဲ့ အက်ဖ်-၁၆ ဂျက်တိုက်လေယာဉ်တွေဝယ်ယူဖို့ အောက်တိုဘာ ၂၉ ရက်နေ့မှာ ထိုင်ဝမ်ပါလီမန်က ခွင့်ပြုလိုက်ပါတယ်။ဒါဟာ ၂၇ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန် တိုက်လေယာဉ်တွေကို ထိုင်ဝမ်က ဝယ်ယူတာဖြစ်ပါတယ်။

သမ္မတ ဆိုင်အင်းဝမ်ရဲ့ ထိုင်ဝမ်အစိုးရက တောင်းဆိုမှုကြောင့် အက်ဖ်-၁၆ တိုက်လေယာဉ် နောက်ဆုံးမျိုးဆက် ၆၆ စင်း ရောင်းချဖို့အစီအစဉ်ကို အိမ်ဖြူတော်က အမေရိကန် ကွန်ဂရက်ကို သြဂုတ်လအတွင်းက တင်ပြခဲ့ပါတယ်။

ထိုင်ဝမ်ပါလီမန်ဟာ လာမည့်ခုနှစ်နှစ်အတွင်း ဒေါ်လာ ရှစ်ဘီလီယံကျော် စစ်ရေးအထူးဘတ်ဂျက်တစ်ခုကို ရေးဆွဲရေး ပြဌာန်းချက်တစ်ခုကိုလည်း တညီတညွတ်တည်းအတည်ပြုခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာ အမေရိကန်ဆီက ဝယ်ယူတဲ့ အက်ဖ်-၁၆ တိုက်လေယာဉ်တွေကို နိုင်ငံအရှေ့ပိုင်းဒေသမှာ ဖြည်းဖြည်းချင်း စတင်ဖြန့်ကြက်ဖို့ စီစဉ်ထားပါတယ်။ ထိုင်ဝမ်မှာ အဓိကအသုံးပြုေနေတဲ့ တိုက်လေယာဉ်တွေ အဖြစ် ၁၉၉၂ ခုနှစ်က အမေရိကန်နိုင်ငံမှ ဝယ်ယူထားတဲ့ အက်ဖ် -၁၆ တိုက်လေယာဉ် ၁၄၄ ရှိနေပါတယ်။

ဒါပေမယ့် ထိုင်ဝမ်ဝန်းကျင်မှာ တရုတ်နိုင်ငံက သူ့ရဲ့စစ်ရေးစွမ်းအင်ကို တိုးချုဲ့တည်ဆောက်နေစဉ်ချိန်မှာ ထိုင်ဝမ်က အသုံးပြုနေတဲ့ အဲဒီတိုက်လေယာဉ်တွေဟာ အိုမင်းနေပြီဖြစ်ကြောင်း စောင့်ကြည့်လေ့လာ သူတွေက ထောက်ပြပြောဆိုပါတယ်။
တရုတ်နိုင်ငံကတော့ ထိုင်ဝမ်ကို လက်နက်တွေရောင်းချရာမှာ ပါဝင်တဲ့ အမေရိကန်ကုမ္ပဏီတွေကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်မယ်လို့ သတိပေးထားပါတယ်။

Ref : NHK
Photo :AFP
#voiceofmyanmar #အမေရိကန်တိုက်လေယာဉ် #ထိုင်ဝမ်ပါလီမန်

Related posts

Leave a Comment

VOM News

FREE
VIEW