ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအများဆုံးအဖြစ် အိန္ဒိယနိုင်ငံ ကမ္ဘာ့အဆင့်သုံး ဖြစ်လာ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအများဆုံးအဖြစ် အိန္ဒိယနိုင်ငံ ကမ္ဘာ့အဆင့်သုံး ဖြစ်လာ

ဒေလီ၊ ဇူလိုင်-၆-၂၀၂၀
မျိုးဆက် (VOM)

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဟာ ခုနှစ်သိန်းနီးပါးရှိနေပြီး ကမ္ဘာပေါ်မှာ ကူးစက်မှု အမြင့်ဆုံးနိုင်ငံတွေထဲမှာ အဆင့်သုံးနေရာက ရပ်တည်နေကာ ကူးစက်ပျံ့နှံ့မှုတွေ နှေးကွေးသွားမယ့် အရိပ်လက္ခဏာ မတွေ့ရသေးပါဘူး။

ဇူလိုင် ၆ ရက်အထိ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်မှု ၂၃၀၀၀ ကျော်ရှိနေပြီး ဇူလိုင် ၅ ရက်နေ့ကတော့ ၂၅၀၀၀ အထိ ကူးစက်မှုရှိနေပါတယ်။

နိုင်ငံအတွင်းမှာ ဇန်နဝါရီလအတွင်းက ပထမဆုံးကူးစက်မှုကို တွေ့ရှိပြီးနောက် သေဆုံးသူ နှစ်သောင်းနီး ပါးထိရှိနေပါတယ်။

ကူးစက်မှုမြင့်မားလာတာကြောင့် လက်ရှိအချိန်ထိ အိန္ဒိယနိုင်ငံဟာ အမေရိကန်နဲ့ ဘရာဇီးနိုင်ငံတို့ပြီးရင် ကူးစက်မှုအများဆုံး ဖြစ်နေပါတယ်။

ကူးစက်မှုအရေအတွက်ဟာ လွန်ခဲ့တဲ့နှစ်နှောင်းပိုင်းမှာ ဗိုင်းရပ်စ်စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံအတွင်း ကူးစက်မှုနှုန်းထက် ရှစ်ဆများနေပါတယ်။

ကူးစက်မှုတွေမြင့်မားနေတာကြောင့် ခရီးသွားတွေကို ဆွဲဆောင်မှုအရှိဆုံး အိန္ဒိယရဲ့ တပ်ချ်မဟာကို ဖွင့်ဖို့ဆုံးဖြတ်ချက်ကို တာဝန်ရှိသူတွေက ပြန်ရုတ်သိမ်းခဲ့ပါတယ်။

Ref : CNA
Photo: Reuters
#voiceeofmyanmar #VOM #ဒေလီ

Zawgyi

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈအမ်ားဆံုးအျဖစ္ အိႏိၵယနိုင္ငံ ကမၻာ႔အဆင္႔သံုး ျဖစ္လာ

ေဒလီ၊ ဇူလုိင္-၆-၂၀၂၀
မ်ိဳးဆက္ (VOM)

အိႏိၵယနုိင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူဟာ ခုနွစ္သိန္းနီးပါးရိွေနျပီး ကမၻာေပၚမွာ ကူးစက္မႈ အျမင္႔ဆံုးနိုင္ငံေတြထဲမွာ အဆင္႔သံုးေနရာက ရပ္တည္ေနကာ ကူးစက္ပ်ံ႕နွံ႔မႈေတြ ေနွးေကြးသြားမယ္႔ အရိပ္လကၡဏာ မေတြ႔ရေသးပါဘူး။

ဇူလိုင္ ၆ ရက္အထိ လြန္ခဲ႔တဲ႔ ၂၄ နာရီအတြင္း ကူးစက္မႈ ၂၃၀၀၀ ေက်ာ္ရိွေနျပီး ဇူလိုင္ ၅ ရက္ေန႔ကေတာ႔ ၂၅၀၀၀ အထိ ကူးစက္မႈရွိေနပါတယ္။

နိုင္ငံအတြင္းမွာ ဇန္န၀ါရီလအတြင္းက ပထမဆံုးကူးစက္မႈကို ေတြ႔ရိွျပီးေနာက္ ေသဆံုးသူ နွစ္ေသာင္းနီး ပါးထိရိွေနပါတယ္။

ကူးစက္မႈျမင္႔မားလာတာေၾကာင္႔ လက္ရိွအခ်ိန္ထိ အိႏိၵယနုိင္ငံဟာ အေမရိကန္နဲ႔ ဘရာဇီးနိုင္ငံတို႔ျပီးရင္ ကူးစက္မႈအမ်ားဆံုး ျဖစ္ေနပါတယ္။

ကူးစက္မႈအေရအတြက္ဟာ လြန္ခဲ႔တဲ႔နွစ္ေနွာင္းပိုင္းမွာ ဗိုင္းရပ္စ္စတင္ျဖစ္ပြားခဲ႔တဲ႔ တရုတ္နုိင္ငံအတြင္း ကူးစက္မႈနႈန္းထက္ ရွစ္ဆမ်ားေနပါတယ္။

ကူးစက္မႈေတြျမင္႔မားေနတာေၾကာင္႔ ခရီးသြားေတြကို ဆြဲေဆာင္မႈအရိွဆံုး အိႏိၵယရဲ႕ တပ္ခ်္မဟာကို ဖြင္႔ဖို႔ဆံုးျဖတ္ခ်က္ကို တာ၀န္ရိွသူေတြက ျပန္ရုတ္သိမ္းခဲ႔ပါတယ္။

Ref : CNA
Photo: Reuters
#voiceeofmyanmar #VOM #ေဒလီ

Related posts

Leave a Comment

VOM News

FREE
VIEW