မြေပုံမြို့နယ် ရက်ချောင်းစစ်ဘေးရှောင်စခန်း ရေကြီးတဲ့အတွက် လေးတောင်ရွာသို့ ယာယီရွေ့ပြောင်းရ
မြေပုံမြို့နယ် ရက်ချောင်းစစ်ဘေးရှောင်စခန်း ရေကြီးတဲ့အတွက် လေးတောင်ရွာသို့ ယာယီရွေ့ပြောင်းရ မြောက်ဦး၊ ဇူလိုင် ၆- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်းက၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်မှာ မိုးတွင်းကာလ တောင်ကျရေတွေကြောင့် စစ်ဘေးရှောင်ဦးရေ ၅၀၀ နီးပါး ခိုလုံနေရတဲ့ ရက်ချောင်း စစ်ဘေးရှောင်စခန်းဟာ ရေကြီးရေလျှံမှုကြောင့် အဲ့ဒီစခန်းအနီးက လေးတောင်ကျေးရွာကို ယာယီပြောင်းရွှေ့နေရတယ်လို့ သိရပါတယ်။ ယခုလို မြောင်အနီးမှာတည်ဆောက်ထားတဲ့ စစ်ဘေးရှောင်စခန်းကို ရေတက်လာတာဟာ မိုးရွာသွန်းမှုသုံးရက်ဆက်တိုက်ရွာသွန်းပြီး ဒီရေကြီးတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ ရက်ချောင်းစစ်ဘေးရှောင်စခန်းမှာ မနေ့ဇူလိုင်လ ၅ ရက်နေ့ ညနေပိုင်းကနေ ဒီကနေ့အချိန်ထိ မိုးရွာသွန်းမှုကြောင့် တောင်ကျရေနဲ့ ဒီရေတွေကြောင့် ရေမျက်နှာပြင်အမြင့် (၅) ပေထိ မြင့်တက်ပြီး စစ်ဘေးရှောင်တွေနေထိုင်ဖို့ အခက်အခဲရှိတာကြောင့် လေးတောင်ရွာကို ပြောင်းရွေ့ခဲ့ရတာလို့ စစ်ဘေးရှောင်စခန်းတာဝန်ခံ မြတန်ဇောင်းဆရာတော်က VOM ကို မိန့်ပါတယ်။ မြတန်းဇောင်းဆရာတော် မိန့်တာကတော့” မနေ့က…
Read More
ကိုဗစ်လူနာ Case-311 ဆိုင်ကယ်ကယ်ရီနဲ့ YBSကို စီးနင်းခဲ့ခြင်းရှိမရှိ အတည်မပြုနိုင်သေး၊ ရန်ကုန် ၊ ဇူလိုင် ၆-၂၀၂၀ သိင်္ဂီ (VOM) လာအိုနိုင်ငံကပြန်လာတဲ့ ကိုဗစ် လူနာအမှတ်-၃၁၁ အမျိုးသားဟာ YBS 90 နဲ့ ဆိုင်ကယ် ကယ်ရီကို အမှန်တကယ်စီးနင်းခဲ့ခြင်းရှိမရှိ လတ်တလောမှာ အတည်မပြုနိုင်သေးဘူးလို့ တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စိုးခိုင်ကပြောပါတယ်။ လူနာအမှတ်-၃၁၁အနေနဲ့ ရွာကိုပြန်လာတာတော့ မှန်ကန်ပြီး ဘယ်လိုပုံစံနဲ့ ပြန်လာသလဲဆိုတာကို အတိအကျမသိရသေးတဲ့အတွက် အတည်ပြုသိရှိနိုင်ဖို့ ကာယကံရှင်ကိုယ်တိုင်ပြောရမှာဖြစ်ကြောင်းနဲ့ ဒီကိစ္စကိုလည်း ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဆက်လက်လုပ်ဆောင်ရမှာဖြစ်တယ်လို့ ပြောပါတယ်။ ” ရွာကို ပြန်လာတော့ဟုတ်တယ်။ ရွာကအဝင်မခံဘဲ ပြန်ပို့ခဲ့တယ်။ သူ YBS 90 စီးလာသလား ၊ ဆိုင်ကယ် ကယ်ရီတကယိပဲစီးလာသလား အတိအကျ မသိရသေးဘူး။ လူတွေအပြောပဲရှိသေးတယ်။ ကာယကံရှင်ဆီက ဘာမှမသိရသေးဘူး။ သူဆီကသိရတော့မှ ကားလိုင်းကဘာလဲ ၊ဆိုင်ကယ် ကယ်ရီ…
Read More
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအများဆုံးအဖြစ် အိန္ဒိယနိုင်ငံ ကမ္ဘာ့အဆင့်သုံး ဖြစ်လာ
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအများဆုံးအဖြစ် အိန္ဒိယနိုင်ငံ ကမ္ဘာ့အဆင့်သုံး ဖြစ်လာ ဒေလီ၊ ဇူလိုင်-၆-၂၀၂၀ မျိုးဆက် (VOM) အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဟာ ခုနှစ်သိန်းနီးပါးရှိနေပြီး ကမ္ဘာပေါ်မှာ ကူးစက်မှု အမြင့်ဆုံးနိုင်ငံတွေထဲမှာ အဆင့်သုံးနေရာက ရပ်တည်နေကာ ကူးစက်ပျံ့နှံ့မှုတွေ နှေးကွေးသွားမယ့် အရိပ်လက္ခဏာ မတွေ့ရသေးပါဘူး။ ဇူလိုင် ၆ ရက်အထိ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်မှု ၂၃၀၀၀ ကျော်ရှိနေပြီး ဇူလိုင် ၅ ရက်နေ့ကတော့ ၂၅၀၀၀ အထိ ကူးစက်မှုရှိနေပါတယ်။ နိုင်ငံအတွင်းမှာ ဇန်နဝါရီလအတွင်းက ပထမဆုံးကူးစက်မှုကို တွေ့ရှိပြီးနောက် သေဆုံးသူ နှစ်သောင်းနီး ပါးထိရှိနေပါတယ်။ ကူးစက်မှုမြင့်မားလာတာကြောင့် လက်ရှိအချိန်ထိ အိန္ဒိယနိုင်ငံဟာ အမေရိကန်နဲ့ ဘရာဇီးနိုင်ငံတို့ပြီးရင် ကူးစက်မှုအများဆုံး ဖြစ်နေပါတယ်။ ကူးစက်မှုအရေအတွက်ဟာ လွန်ခဲ့တဲ့နှစ်နှောင်းပိုင်းမှာ ဗိုင်းရပ်စ်စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံအတွင်း ကူးစက်မှုနှုန်းထက် ရှစ်ဆများနေပါတယ်။ ကူးစက်မှုတွေမြင့်မားနေတာကြောင့် ခရီးသွားတွေကို ဆွဲဆောင်မှုအရှိဆုံး အိန္ဒိယရဲ့…
Read More
ကနီမြို့နယ်မှာ ကျေးရွာချင်းဆက် လမ်းခင်းဖို့ မြေတူးရာကနေ ရှေးဟောင်းသံထည်ပစ္စည်းများတွေ့
ကနီမြို့နယ်မှာ ကျေးရွာချင်းဆက် လမ်းခင်းဖို့ မြေတူးရာကနေ ရှေးဟောင်းသံထည်ပစ္စည်းများတွေ့ ကလေး ဇူလိုင် ၆-၂၀၂၀ ငြိမ်းသူမင်း(VOM) စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ခုံကြီးကျေးရွာအုပ်စု၊ ပါဟဲမြောက်ရွာအနီးမှာ ကျေးရွာချင်းဆက် လမ်းခင်းဖို့ ကုန်းကမူတစ်ခုကို တူးဖော်ရာကနေ ရှေးဟောင်းပစ္စည်းလို့ယူဆရတဲ့ သံထည်ပစ္စည်းတွေကို မနေ့ဇူလိုင်(၅)ရက်နေ့ကတွေ့ရှိခဲ့တယ်လို့ ကနီမြို့နယ် အုပ်ချုပ်ရေးမှူးဦးသိုက်စိုးထွန်း က ပြောပါတယ်။ တွေ့ရှိခဲ့တဲ့ပစ္စည်းတွေကတော့ ပစ္စည်းပေါင်း အခု(၂၀)ဝန်းကျင်ရှိပြီး သံထည်ပစ္စည်းတွေကတော့ လှံသွား ၊ ဓါးကောက် ၊ပုဆိန် ကဲ့သို့သော ပစ္စည်းတွေ ဖြစ်ပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်စိုးထွန်း ပြောပြတာက “ကျွန်တော်တို့ကတော့ ရှေးဟောင်းလို့ယူဆရ တယ်လို့ပဲ ပြောလို့ရတယ်။ ပညာရှင်တွေလာကြည့်မှ ဘယ်နှစ်ခုနှစ်ကဟာဆိုတာ သိရမယ်။ အဲ့ချိန်ကျမှ တိတိကျကျ ပြောလို့ရမယ်။ ပစ္စည်းကတော့ ဓါးတို့၊ လှံတို့ အဲ့လိုပစ္စည်းတွေ့ရတယ်။ အခု လောလောဆယ်တော့ ပါဟဲရွာမှာ ထိန်းသိမ်းထားတယ်။ ရှေးဟောင်းပညာရှင်တွေကို အကြောင်း ကြားထားတယ်။ မနက်ဖြန်…
Read More
ကျောင်းပြန်ဖွင့်ချိန်မှာ ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး ဘာတွေပြင်ဆင်ထားလဲ
Read More
ဂျပန်မှာ ရေကြီးရေလျှံမှုကြောင့် လူ ၄၀ နီးပါးသေဆုံး၊ နှစ်သိန်းကျော်ဘေးလွတ်ရာရွှေ့ပြောင်း
ဂျပန်မှာ ရေကြီးရေလျှံမှုကြောင့် လူ ၄၀ နီးပါးသေဆုံး၊ နှစ်သိန်းကျော်ဘေးလွတ်ရာရွှေ့ပြောင်း တိုကျို၊ ဇူလိုင်-၆-၂၀၂၀ မျိုးဆက် (VOM) ဂျပန်နိုင်ငံအနောက်တောင်ပိုင်း ကျူရှူးကျွန်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် လူ ၄၀ ဦးနီးပါးသေဆုံးသွားပြီး ဒီကနေ့ဇူလိုင် ၆ ရက်မနက်ပိုင်းမှာ မြစ်ရေကြီးမြင့်လာခြင်းနဲ့အတူ ဘေးလွတ်ရာပြောင်းရွှေ့ဖို့ ညွှန်ကြားချက်အသစ်တွေလည်း ထုတ်ပြန်ခဲ့ရပါတယ်။ ရေကြီးပြီး မြေပြိုမှုတွေကြောင့် လက်ရှိအချိန်ထိ ၂၁ ဦးသေဆုံးခဲ့ပြီး အခြား ၁၈ ဦးမှာလည်း သေဆုံးသွားဖွယ်ရှိကာ ၁၃ ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဂျပန်အစိုးရအဖွဲ့အတွင်းရေးမှူး ယိုရှီဟီဒါဆူဂါက ပြောပါတယ်။ ရေဘေးသင့်ဒေသက ပြည်သူတွေအတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်း ဆူဂါကပြောဆိုခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ ဂျပန်တပ်ဖွဲ့ဝင် လေးသောင်းစေလွှတ်ထားတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်တားဆီးရေးအတွက် ကယ်ဆယ်ရေးဌာနတွေမှာ ပိုးသတ်ဆေးဖြန်းတာတွေလုပ်ဆောင်နေပြီး ရေဘေးသင့်ပြည်သူတွေအနေနဲ့ ခပ်ခွာခွာနေရေးစည်းမျဉ်းတွေကို လိုက်နာကြဖို့တိုက်တွန်းထားတယ်လို့ သူကပြောပါတယ်။ လက်ရှိအချိန်ထိ ရေဘေးကြောင့် လူနှစ်သိန်းကျော်ကို ဘေးလွတ်ရာရွှေ့ကြဖို့ အမိန့်ထုတ်ထားတာ…
Read More
အလယ်တန်းကျောင်းခွဲ ကျောင်းအုပ်နဲ့ အမျိုးသားတစ်ဦးဆီကနေ စိတ်ကြွမူးယစ်ဆေးဝါးများဖမ်းမိ
အလယ်တန်းကျောင်းခွဲ ကျောင်းအုပ်နဲ့ အမျိုးသားတစ်ဦးဆီကနေ စိတ်ကြွမူးယစ်ဆေးဝါးများဖမ်းမိ ပဲခူး၊ ဇူလိုင် ၆-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ အေးချမ်းသာယာရပ်ကွက် အလယ်တန်းကျောင်းခွဲကျောင်းအုပ်ကြီးနဲ့ အမျိုးသားတစ်ဦးဆီကနေ စိတ်ကြွရူးသွပ်ဆေးဝါး အပြား ၁၃၀၀ ကျော်ကို မနေ့ဇူလိုင်လ၅ ရက် နေ့လယ်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ ဝေါမြို့မရဲစခန်းမှ စခန်းမှူး ဒု-ရဲမှူးနိုင်စိုးကပြောပါတယ်။ “သတင်းအရစောင့်နေတုန်း ဆိုင်ကယ်မောင်းနှင်လာသူတစ်ဦးဆီက WY ဆေးပြား ၈ ပြားဖမ်းမိလို့ စစ်လိုက်တဲ့အခါ ကျောင်းအုပ်ဆရာကြီးဆီကနေ ဝယ်လာတာပေါ်ပေါက်ခဲ့တယ်၊ ချမ်းမြသာစည်ကျောင်းအုပ်ကို ဝင်စစ်တဲ့အခါ ဆေးပြား ၁၃၀၀ ခန့်နဲ့ အိုက်စ်ပုံဆောင်ခဲတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်”လို့ စခန်းမှူး ဒု-ရဲမှူးနိုင်စိုးကပြောပါတယ်။ ဖြစ်စဉ်ဖြစ်တဲ့နေ့လယ်ပိုင်းက ဝေါမြို့ နယ်၊ အေးချမ်းသာယာရပ်ကွက်၊ ဇီဇဝါလမ်းထိပ်မှာ နယ်မြေခံရဲတပ်ဖွဲ့တာဝန်ရှိသူနဲ့ ပူးပေါင်းအဖွဲ့က သတင်းအရစောင့်ဆိုင်း‌နေကြစဉ် ဆိုင်ကယ်မောင်းနှင်လာသူ ဆင်ကြီး(ခ)ဘိုဘိုဇင်(၄၆နှစ်)ကိုစစ်ဆေးရာ WY အမှတ်သားပါ စိတ်ကြွ ဆေး ၈ ပြား ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးရမိသူကို…
Read More
စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နဲ့ဝန်ကြီးများ ရွေးကောက်ပွဲတွင်အလိုမရှိ စာသားပါ စာရွက်များ မုံရွာမြို့ပေါ်မှာ လိုက်လံကပ်ထားမှု ဖြစ်ပွား
စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နဲ့ဝန်ကြီးများ ရွေးကောက်ပွဲတွင်အလိုမရှိ စာသားပါ စာရွက်များ မုံရွာမြို့ပေါ်မှာ လိုက်လံကပ်ထားမှု ဖြစ်ပွား ကလေး ဇူလိုင် ၆-၂၀၂၀ ငြိမ်းသူမင်း(VOM) စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် နဲ့ ဝန်ကြီးများ ရွေးကောက်ပွဲမှာ အလိုမရှိ ဆိုတဲ့ စာသားတွေရေးထားတဲ့ စာရွက်တွေကို မြို့ပေါ်မှာလိုက်လံကပ်ထားမှု ဒီကနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ မုံရွာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးကပြောပါတယ်။ မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးကို ဆက်သွယ်မေးမြန်းရာမှာတော့ “အောင်မင်္ဂလာရပ်ကွက်က စည်ပင်သာယာကြော်ငြာဘုတ်ကလေးမှာ လိုက်ပြီးတော့ ကပ်တာပါ။ တစ်ခြား ရပ်ကွက်တွေမှာတော့ မရှိဘူး။ ကြေးနန်းတော့ တင်ထားတယ်။ ဘယ်သူကပ်လဲဆိုတာတော့ လိုက်ပြီးတော့ စုံစမ်းခိုင်းထားတယ်”လို့ ပြောပါတယ်။ စက္ကူပေါ်မှာ ဆော့ပင်အနီနဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် နဲ့ ဝန်ကြီးများ ရွေးကောက်ပွဲမှာအလိုမရှိ ဆိုတဲ့ စာသားပါ စာရွက်တွေကို မုံရွာမြို့၊ မြို့တော်ခန်းမရှေ့မှာ တစ်စောင်၊ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း ဆိုင်းဘုတ်ပေါ်မှာ…
Read More
VOM News
FREE
VIEW