ကိုဗစ်လူနာ Case-311 ဆိုင်ကယ်ကယ်ရီနဲ့ YBSကို စီးနင်းခဲ့ခြင်းရှိမရှိ အတည်မပြုနိုင်သေး၊

ရန်ကုန် ၊ ဇူလိုင် ၆-၂၀၂၀
သိင်္ဂီ (VOM)

လာအိုနိုင်ငံကပြန်လာတဲ့ ကိုဗစ် လူနာအမှတ်-၃၁၁ အမျိုးသားဟာ YBS 90 နဲ့ ဆိုင်ကယ် ကယ်ရီကို အမှန်တကယ်စီးနင်းခဲ့ခြင်းရှိမရှိ လတ်တလောမှာ အတည်မပြုနိုင်သေးဘူးလို့ တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စိုးခိုင်ကပြောပါတယ်။

လူနာအမှတ်-၃၁၁အနေနဲ့ ရွာကိုပြန်လာတာတော့ မှန်ကန်ပြီး ဘယ်လိုပုံစံနဲ့ ပြန်လာသလဲဆိုတာကို အတိအကျမသိရသေးတဲ့အတွက် အတည်ပြုသိရှိနိုင်ဖို့ ကာယကံရှင်ကိုယ်တိုင်ပြောရမှာဖြစ်ကြောင်းနဲ့ ဒီကိစ္စကိုလည်း ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဆက်လက်လုပ်ဆောင်ရမှာဖြစ်တယ်လို့ ပြောပါတယ်။

” ရွာကို ပြန်လာတော့ဟုတ်တယ်။ ရွာကအဝင်မခံဘဲ ပြန်ပို့ခဲ့တယ်။ သူ YBS 90 စီးလာသလား ၊ ဆိုင်ကယ် ကယ်ရီတကယိပဲစီးလာသလား အတိအကျ မသိရသေးဘူး။ လူတွေအပြောပဲရှိသေးတယ်။ ကာယကံရှင်ဆီက ဘာမှမသိရသေးဘူး။ သူဆီကသိရတော့မှ ကားလိုင်းကဘာလဲ ၊ဆိုင်ကယ် ကယ်ရီ ကဘယ်လိုဆိုတာ သိပြိး ဆက်လက်ရှာဖွေရမှာ၊ ခုက အတိကျမသိသေးဘူး။ လူနာက ဆေးရုံရောက်နေပြီ၊ ကျန်းမာရေးလက်ထဲရောက်နေပြီ သူတို့ဆက်စုံစမ်းရမှာဖြစ်တယ်”လို့ ဦးကျော်စိုးခိုင်ကပြောပါတယ်။

လတ်တလောမှာတော့ လူနာအမှတ်-၃၁၁ကို ကွာရန်တင်းစင်တာဆီလိုက်ပို့ခဲ့တဲ့ ကားသမားနဲ့ ရွာက တိုက်ရိုက်ဆက်စပ်ခဲ့သူ ရပ်ကျေးဥက္ကဋ္ဌအပါအဝင် ၁၁ ဦးကို အသွားအလာကန့်သတ် စောင့်ကြည့်ထားပါတယ်။

လူနာ ၃၁၁ ဟာ လာအိုကနေ တရားမဝင်ပြန်ရောက်လာသူဖြစ်ပြီး သူနဲ့အတူ ပြန်ရောက်လာတဲ့ လာအိုပြန် ၁၂ ဦးလည်း ပဲခူးတိုင်းထဲမှာရှိနေပါတယ်။ မင်းလှက တစ်ဦးကတော့ မနေ့ကမှ ရန်ကုန်ကနေ ဆေးရုံကားနဲ့ ပြန်လည်ခေါ်ဆောင်လာရပြီး ကွာရန်တင်း ထားခဲ့ရပါတယ်။

” လူနာနဲ့အတူ ပြန်လာတဲ့သူကို မနေ့ကမှ လိုက်ရှာတော့ ရန်ကုန်မှာသိရတယ်။ ဒါနဲ့ ဆေးရုံကားနဲ့ သွားခေါ်ပြီး ကွာရန်တင်းထားရတယ်။ နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ်ယူပြီး ရန်ကုန်ပို့ထားတယ်။ တကယ်လို့သာ ပိုးတွေ့ခဲ့ရင် သူနဲ့ဆက်စပ်တာတွေ ထပ်ပြီးလုပ်ရမှာဖြစ်တယ်။ “လို့ ပဲခူးတိုင်းကျန်းမာ ရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာအေးငြိမ်းကပြောပါတယ်။

ဒါ့အပြင် အုတ်ဖို့မြို့က Case-311အမျိုးသားနဲ့အတူပြန်လာတဲ့ လာအိုပြန်တစ်ဦးကလည်း ကွာရန်တင်းမဝင်ဘဲ နေအိမ်ကိုပြန်နေတာကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကွာရန်တင်းစင်တာကို ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ကိုဗစ္လူနာ Case-311 ဆိုင္ကယ္ကယ္ရီနဲ႔ YBSကို စီးနင္းခဲ့ျခင္း႐ွိမ႐ွိ အတည္မျပဳႏိုင္ေသး၊

ရန္ကုန္ ၊ ဇူလိုင္ ၆-၂၀၂၀
သိဂႌ (VOM)

လာအုိႏိုင္ငံကျပန္လာတဲ့ ကိုဗစ္ လူနာအမွတ္-၃၁၁ အမ်ိဳးသားဟာ YBS 90 နဲ႔ ဆိုင္ကယ္ ကယ္ရီကို အမွန္တကယ္စီးနင္းခဲ့ျခင္း႐ွိမ႐ွိ လတ္တေလာမွာ အတည္မျပဳႏိုင္ေသးဘူးလို႔ တိုက္ႀကီးၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမွူး ဦးေက်ာ္စိုးခိုင္ကေျပာပါတယ္။

လူနာအမွတ္-၃၁၁အေနနဲ႔ ရြာကိုျပန္လာတာေတာ့ မွန္ကန္ၿပီး ဘယ္လိုပုံစံနဲ႔ ျပန္လာသလဲဆိုတာကို အတိအက်မသိရေသးတဲ့အတြက္ အတည္ျပဳသိ႐ွိႏိုင္ဖို႔ ကာယကံ႐ွင္ကိုယ္တုိုင္ေျပာရမွာျဖစ္ေၾကာင္းနဲ႔ ဒီကိစၥကိုလည္း က်န္းမာေရးဝန္ႀကီးဌာနအေနနဲ႔ ဆက္လက္လုပ္ေဆာင္ရမွာျဖစ္တယ္လို႔ ေျပာပါတယ္။

” ရြာကို ျပန္လာေတာ့ဟုတ္တယ္။ ရြာကအဝင္မခံဘဲ ျပန္ပို႔ခဲ့တယ္။ သူ YBS 90 စီးလာသလား ၊ ဆိုင္ကယ္ ကယ္ရီတကယိပဲစီးလာသလား အတိအက် မသိရေသးဘူး။ လူေတြအေျပာပဲ႐ွိေသးတယ္။ ကာယကံ႐ွင္ဆီက ဘာမွမသိရေသးဘူး။ သူဆီကသိရေတာ့မွ ကားလိုင္းကဘာလဲ ၊ဆိုင္ကယ္ ကယ္ရီ ကဘယ္လိုဆိုတာ သိၿပိး ဆက္လက္႐ွာေဖြရမွာ၊ ခုက အတိက်မသိေသးဘူး။ လူနာက ေဆး႐ုံေရာက္ေနၿပီ၊ က်န္းမာေရးလက္ထဲေရာက္ေနၿပီ သူတို႔ဆက္စုံစမ္းရမွာျဖစ္တယ္”လို႔ ဦးေက်ာ္စိုးခိုင္ကေျပာပါတယ္။

လတ္တေလာမွာေတာ့ လူနာအမွတ္-၃၁၁ကို ကြာရန္တင္းစင္တာဆီလိုက္ပို႔ခဲ့တဲ့ ကားသမားနဲ႔ ရြာက တိုက္႐ိုက္ဆက္စပ္ခဲ့သူ ရပ္ေက်းဥကၠ႒အပါအဝင္ ၁၁ ဦးကို အသြားအလာကန္႔သတ္ ေစာင့္ၾကည့္ထားပါတယ္။

လူနာ ၃၁၁ ဟာ လာအိုကေန တရားမဝင္ျပန္ေရာက္လာသူျဖစ္ၿပီး သူနဲ႔အတူ ျပန္ေရာက္လာတဲ့ လာအိုျပန္ ၁၂ ဦးလည္း ပဲခူးတိုင္းထဲမွာ႐ွိေနပါတယ္။ မင္းလွက တစ္ဦးကေတာ့ မေန႔ကမွ ရန္ကုန္ကေန ေဆး႐ုံကားနဲ႔ ျပန္လည္ေခၚေဆာင္လာရၿပီး ကြာရန္တင္း ထားခဲ့ရပါတယ္။

” လူနာနဲ႔အတူ ျပန္လာတဲ့သူကို မေန႔ကမွ လိုက္႐ွာေတာ့ ရန္ကုန္မွာသိရတယ္။ ဒါနဲ႔ ေဆး႐ုံကားနဲ႔ သြားေခၚၿပီး ကြာရန္တင္းထားရတယ္။ ႏွာေခါင္းတို႔ဖတ္ အာေခါင္တို႔ဖတ္ယူၿပီး ရန္ကုန္ပို႔ထားတယ္။ တကယ္လို႔သာ ပိုးေတြ႔ခဲ့ရင္ သူနဲ႔ဆက္စပ္တာေတြ ထပ္ၿပီးလုပ္ရမွာျဖစ္တယ္။ “လို႔ ပဲခူးတိုင္းက်န္းမာ ေရးဦးစီးဌာနမွ ဒုတိယညြန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာေအးၿငိမ္းကေျပာပါတယ္။

ဒါ့အျပင္ အုတ္ဖို႔ၿမိဳ႕က Case-311အမ်ိိဳးသားနဲ႔အတူျပန္လာတဲ့ လာအိုျပန္တစ္ဦးကလည္း ကြာရန္တင္းမဝင္ဘဲ ေနအိမ္ကိုျပန္ေနတာေၾကာင့္ သက္ဆိုင္ရာ တာဝန္႐ွိသူေတြက ကြာရန္တင္းစင္တာကို ပို႔ေဆာင္ခဲ့ရတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW