ဂျပန်မှာ ရေကြီးရေလျှံမှုကြောင့် လူ ၄၀ နီးပါးသေဆုံး၊ နှစ်သိန်းကျော်ဘေးလွတ်ရာရွှေ့ပြောင်း

ဂျပန်မှာ ရေကြီးရေလျှံမှုကြောင့် လူ ၄၀ နီးပါးသေဆုံး၊ နှစ်သိန်းကျော်ဘေးလွတ်ရာရွှေ့ပြောင်း

တိုကျို၊ ဇူလိုင်-၆-၂၀၂၀
မျိုးဆက် (VOM)

ဂျပန်နိုင်ငံအနောက်တောင်ပိုင်း ကျူရှူးကျွန်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် လူ ၄၀ ဦးနီးပါးသေဆုံးသွားပြီး ဒီကနေ့ဇူလိုင် ၆ ရက်မနက်ပိုင်းမှာ မြစ်ရေကြီးမြင့်လာခြင်းနဲ့အတူ ဘေးလွတ်ရာပြောင်းရွှေ့ဖို့ ညွှန်ကြားချက်အသစ်တွေလည်း ထုတ်ပြန်ခဲ့ရပါတယ်။

ရေကြီးပြီး မြေပြိုမှုတွေကြောင့် လက်ရှိအချိန်ထိ ၂၁ ဦးသေဆုံးခဲ့ပြီး အခြား ၁၈ ဦးမှာလည်း သေဆုံးသွားဖွယ်ရှိကာ ၁၃ ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဂျပန်အစိုးရအဖွဲ့အတွင်းရေးမှူး ယိုရှီဟီဒါဆူဂါက ပြောပါတယ်။

ရေဘေးသင့်ဒေသက ပြည်သူတွေအတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်း ဆူဂါကပြောဆိုခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ ဂျပန်တပ်ဖွဲ့ဝင် လေးသောင်းစေလွှတ်ထားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်တားဆီးရေးအတွက် ကယ်ဆယ်ရေးဌာနတွေမှာ ပိုးသတ်ဆေးဖြန်းတာတွေလုပ်ဆောင်နေပြီး ရေဘေးသင့်ပြည်သူတွေအနေနဲ့ ခပ်ခွာခွာနေရေးစည်းမျဉ်းတွေကို လိုက်နာကြဖို့တိုက်တွန်းထားတယ်လို့ သူကပြောပါတယ်။ လက်ရှိအချိန်ထိ ရေဘေးကြောင့် လူနှစ်သိန်းကျော်ကို ဘေးလွတ်ရာရွှေ့ကြဖို့ အမိန့်ထုတ်ထားတာ ဖြစ်ပါတယ်။

Ref & Photo: Reuters
#voicofmyanmar #VOM #တိုကျို

Zawgyi

ဂ်ပန္မွာ ေရႀကီးေရလွ်ံမႈေၾကာင္႔ လူ ၄၀ နီးပါးေသဆံုး၊ နွစ္သိန္းေက်ာ္ေဘးလြတ္ရာေရႊ႕ေျပာင္း

တိုက်ိဳ၊ ဇူလိုင္-၆-၂၀၂၀
မ်ိဳးဆက္ (VOM)

ဂ်ပန္နုိင္ငံအေနာက္ေတာင္ပိုင္း က်ဴရွဴးကြ်န္းမွာ မိုးသည္းထန္စြာရြာသြန္းျပီး ေရၾကီးေရလွ်ံမႈမ်ားေၾကာင္႔ လူ ၄၀ ဦးနီးပါးေသဆံုးသြားၿပီး ဒီကေန႔ဇူလိုင္ ၆ ရက္မနက္ပိုင္းမွာ ျမစ္ေရၾကီးျမင္႔လာျခင္းနဲ႔အတူ ေဘးလြတ္ရာေျပာင္းေရႊ႕ဖို႔ ညႊန္ၾကားခ်က္အသစ္ေတြလည္း ထုတ္ျပန္ခဲ႔ရပါတယ္။

ေရၾကီးျပီး ေျမျပိဳမႈေတြေၾကာင္႔ လက္ရိွအခ်ိန္ထိ ၂၁ ဦးေသဆံုးခဲ႔ျပီး အျခား ၁၈ ဦးမွာလည္း ေသဆံုးသြားဖြယ္ရွိကာ ၁၃ ဦးေပ်ာက္ဆံုးေနဆဲျဖစ္တယ္လို႔ ဂ်ပန္အစိုးရအဖြဲ႔အတြင္းေရးမွဴး ယိုရွီဟီဒါဆူဂါက ေျပာပါတယ္။

ေရေဘးသင္႔ေဒသက ျပည္သူေတြအတြက္ မ်ားစြာစိတ္မေကာင္းျဖစ္ရေၾကာင္း ဆူဂါကေျပာဆိုခဲ႔ျပီး ကယ္ဆယ္ေရးလုပ္ငန္းေတြေဆာင္ရြက္ဖို႔ ဂ်ပန္တပ္ဖြဲ႕၀င္ ေလးေသာင္းေစလႊတ္ထားတယ္လို႔ ေျပာပါတယ္။

ဒါ႔အျပင္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈကို ကာကြယ္တားဆီးေရးအတြက္ ကယ္ဆယ္ေရးဌာနေတြမွာ ပိုးသတ္ေဆးျဖန္းတာေတြလုပ္ေဆာင္ေနျပီး ေရေဘးသင္႔ျပည္သူေတြအေနနဲ႔ ခပ္ခြာခြာေနေရးစည္းမ်ဥ္းေတြကို လိုက္နာၾကဖို႔တိုက္တြန္းထားတယ္လုိ႔ သူကေျပာပါတယ္။ လက္ရိွအခ်ိန္ထိ ေရေဘးေၾကာင္႔ လူနွစ္သိန္းေက်ာ္ကို ေဘးလြတ္ရာေရႊ႕ၾကဖို႔ အမိန္႔ထုတ္ထားတာ ျဖစ္ပါတယ္။

Ref & Photo: Reuters
#voicofmyanmar #VOM #တုိက်ိဳ

Related posts

Leave a Comment

VOM News

FREE
VIEW