ဘာသာပေါင်းစုံ ချစ်ကြည်ရေးပွဲမှာ ငလျင်ကြောင့် ပြိုကျဗလီတွေပြန်ဆောက်ခွင့်မရတာတင်ပြ

မန္တလေး၊ ဇွန်- ၇- ၂၀၂၆
Voice Of Myanmar
ဘာသာပေါင်းစုံ ရင်းနှီးချစ်ကြည်ရေးအတွက် မန္တလေးတိုင်းအတွင်းက အစ္စလာမ် ဘာသာရေးခေါင်းဆောင်တွေနဲ့ မန္တလေးတိုင်း သံဃမဟာနာယက အဖွဲ့က ဆရာတော် သံဃာတော်တွေ စုစည်းပြီး ချမ်းအေးသာစံမြို့နယ်၊ ၆၄ လမ်း နဲ့ ၂၇ လမ်းထောင့်မှာရှိတဲ့ Oriental House မှာ ဒီကနေ့မနက် ၁၀ နာရီမှာ တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီအခမ်းအနားမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပျက်စီးပြိုကျခဲ့တဲ့ ဗလီတွေ ၁၈ လ ကြာတဲ့အထိ ပြန်လည်ဆောက်လုပ်ခွင့်မရသေးကြောင်း အစ္စလာမ်ဘာသာရေးခေါင်းဆောင်တဦးက ထည့်သွင်းပြောကြားပါတယ်။
ဒီလိုကိစ္စ​တွေနဲ့ပတ်သက်ပြီးမန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်က မန္တလေးတိုင်းဒေသကြီးလွှတ်တော်အစည်အဝေးအစည်းအဝေး အပြီး မီဒီယာတွေနဲ့ တွေ့စုံမေးမြန်မှုတခုမှာ ” ဘာသာရေးအဆောက်အဦတွေကို သူတို့နဂိုမူရင်းရှိပြီးသား ပုံစံအကျယ်အဝန်း အတိုင်း ဆောက်လုပ်ဖို့ ခွင့်ပြုထားပေးထားပြီး အသစ်ဆောက်လုပ်တာနဲ့ ထပ်မံတိုးချဲ့ ဒီဇိုင်းအသစ်တွေအတွက် သတ်မှတ်ထားတဲ့ ဥပဒေအရ ခွင့်ပြုပေးလို့ မရပါဘူး ” လို့ ဖြေကြားခဲ့ဘူးပါတယ်။
အဲ့ဒီပွဲမှာ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေက မန္တလေး တိုင်း သံဃမဟာနာယကအဖွဲ့ က ဆရာတော် သံဃာတော်တွေကို ဆွမ်းနဲ့ လှူဖွယ်ဝတ္ထုတို့ကို ကပ်လှူပူဇော်ခဲ့ကြပြီး ဘာသာပေါင်းစုံ ချစ်ကြည်ရေးအတွက် ဆွေးနွေးပြောကြားခဲ့တယ်လို့ ဃရာနာ(K.A.F.T.G)မိသားစုက အစ္စလာမ်ဘာသာရေးခေါင်းဆောင်တဦးဖြစ်တဲ့ ခလီဖွာဦးသိန်းဝင်းအောင် က အခုလိုပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW