မြေပုံမြို့နယ် ရက်ချောင်းစစ်ဘေးရှောင်စခန်း ရေကြီးတဲ့အတွက် လေးတောင်ရွာသို့ ယာယီရွေ့ပြောင်းရ

မြေပုံမြို့နယ် ရက်ချောင်းစစ်ဘေးရှောင်စခန်း ရေကြီးတဲ့အတွက် လေးတောင်ရွာသို့ ယာယီရွေ့ပြောင်းရ

မြောက်ဦး၊ ဇူလိုင် ၆- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်းက၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်မှာ မိုးတွင်းကာလ တောင်ကျရေတွေကြောင့် စစ်ဘေးရှောင်ဦးရေ ၅၀၀ နီးပါး ခိုလုံနေရတဲ့ ရက်ချောင်း စစ်ဘေးရှောင်စခန်းဟာ ရေကြီးရေလျှံမှုကြောင့် အဲ့ဒီစခန်းအနီးက လေးတောင်ကျေးရွာကို ယာယီပြောင်းရွှေ့နေရတယ်လို့ သိရပါတယ်။

ယခုလို မြောင်အနီးမှာတည်ဆောက်ထားတဲ့ စစ်ဘေးရှောင်စခန်းကို ရေတက်လာတာဟာ မိုးရွာသွန်းမှုသုံးရက်ဆက်တိုက်ရွာသွန်းပြီး ဒီရေကြီးတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ ရက်ချောင်းစစ်ဘေးရှောင်စခန်းမှာ မနေ့ဇူလိုင်လ ၅ ရက်နေ့ ညနေပိုင်းကနေ ဒီကနေ့အချိန်ထိ မိုးရွာသွန်းမှုကြောင့် တောင်ကျရေနဲ့ ဒီရေတွေကြောင့် ရေမျက်နှာပြင်အမြင့် (၅) ပေထိ မြင့်တက်ပြီး စစ်ဘေးရှောင်တွေနေထိုင်ဖို့ အခက်အခဲရှိတာကြောင့် လေးတောင်ရွာကို ပြောင်းရွေ့ခဲ့ရတာလို့ စစ်ဘေးရှောင်စခန်းတာဝန်ခံ မြတန်ဇောင်းဆရာတော်က VOM ကို မိန့်ပါတယ်။

မြတန်းဇောင်းဆရာတော် မိန့်တာကတော့” မနေ့က ၃ နာရီလောက်မှာ စပြီးရေတက်ပါတယ်။ စခန်းကလည်း မြောင်အနီးမှာရှိတယ်၊ မိုးကလည်းကြီးတယ်ဆိုတော့ မြစ်က ဒီရေတက်လတော့ မြောင်ကကျသွားတဲ့ ရေတွေနဲ့ ဒီရေတက်တာနဲ့ ရေကကြီးတာ။ ညနေ ၆ နာရီလောက်မှာ စခန်းတာဝန်ရှိသူတွေနဲ့ တိုင်ပင်ပြီးတော့ အနီးအနားက လေးတောင်ရွာကို ခေတ္တရွေ့ပြောင်းပြီး ခိုလုံနေကြတာပေါ့။” လို့ မိန့်ပါတယ်။

အဲ့ဒီ ရက်ချောင်းစစ်ဘေးရှောင်စခန်းမှာ ကလေးတွေ၊ ကိုယ်ဝန်သည်အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေလည်းရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ အခက်အခဲတွေလည်း ရှိတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

” ကျန်းမာရေး​စောင့်ရှောက်မှုကတော့ တစ်ဖွဲ့မှ တာဝန်ယူထားတာ မရှိပါဘူး။ အဲ့ဒီမှာ စစ်ဘေးရှောင်စခန်းတာဝန်ခံတွေနဲ့ လေးတောင်ရွာက ဆေးဆရာတွေနဲ့ အဆင်ပြေအောင် ဖြေရှင်းရတာပေါ့။ ကျန်မာရေး အခက်အခဲကတော့ ရှိပါတယ်။” လို့ မြတန်းဇောင်းဆရာတော်က မိန့်ပါတယ်။

ရခိုင်ပြည်နယ်မှာ မိုးတွင်းကာလ ရေကြီးရေလျှံမှုတွေဟာ မြောက်ဦးခရိုင်အတွင်းက မြို့နယ်တွေမှာ ဖြစ်ပွားလေ့ရှိပြီး မြေပုံမြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း စစ်ဘေးရှောင်စခန်းတချို့မှာ ရေကြီးမှုတွေ ရှိခဲ့ပါတယ်။

#voiceofmyanamar #VOM #မြေပုံ

Zawgyi

ေျမပုံၿမိဳ႕နယ္ ရက္ေခ်ာင္းစစ္ေဘးေရွာင္စခန္း ေရႀကီးတဲ့အတြက္ ေလးေတာင္႐ြာသို႔ ယာယီေ႐ြ႕ေျပာင္းရ

ေျမာက္ဦး၊ ဇူလိုင္ ၆- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္းက၊ ေျမာက္ဦးခ႐ိုင္၊ ေျမပုံၿမိဳ႕နယ္မွာ မိုးတြင္းကာလ ေတာင္က်ေရေတြေၾကာင့္ စစ္ေဘးေရွာင္ဦးေရ ၅၀၀ နီးပါး ခိုလုံေနရတဲ့ ရက္ေခ်ာင္း စစ္ေဘးေရွာင္စခန္းဟာ ေရႀကီးေရလွ်ံမႈေၾကာင့္ အဲ့ဒီစခန္းအနီးက ေလးေတာင္ေက်း႐ြာကို ယာယီေျပာင္းေ႐ႊ႕ေနရတယ္လို႔ သိရပါတယ္။

ယခုလို ေျမာင္အနီးမွာတည္ေဆာက္ထားတဲ့ စစ္ေဘးေရွာင္စခန္းကို ေရတက္လာတာဟာ မိုး႐ြာသြန္းမႈသုံးရက္ဆက္တိုက္႐ြာသြန္းၿပီး ဒီေရႀကီးတာေၾကာင့္ျဖစ္တယ္လို႔ သိရပါတယ္။

အဲ့ဒီ ရက္ေခ်ာင္းစစ္ေဘးေရွာင္စခန္းမွာ မေန႔ဇူလိုင္လ ၅ ရက္ေန႔ ညေနပိုင္းကေန ဒီကေန႔အခ်ိန္ထိ မိုး႐ြာသြန္းမႈေၾကာင့္ ေတာင္က်ေရနဲ႔ ဒီေရေတြေၾကာင့္ ေရမ်က္ႏွာျပင္အျမင့္ (၅) ေပထိ ျမင့္တက္ၿပီး စစ္ေဘးေရွာင္ေတြေနထိုင္ဖို႔ အခက္အခဲရွိတာေၾကာင့္ ေလးေတာင္႐ြာကို ေျပာင္းေ႐ြ႕ခဲ့ရတာလို႔ စစ္ေဘးေရွာင္စခန္းတာဝန္ခံ ျမတန္ေဇာင္းဆရာေတာ္က VOM ကို မိန္႔ပါတယ္။

ျမတန္းေဇာင္းဆရာေတာ္ မိန္႔တာကေတာ့” မေန႔က ၃ နာရီေလာက္မွာ စၿပီးေရတက္ပါတယ္။ စခန္းကလည္း ေျမာင္အနီးမွာရွိတယ္၊ မိုးကလည္းႀကီးတယ္ဆိုေတာ့ ျမစ္က ဒီေရတက္လေတာ့ ေျမာင္ကက်သြားတဲ့ ေရေတြနဲ႔ ဒီေရတက္တာနဲ႔ ေရကႀကီးတာ။ ညေန ၆ နာရီေလာက္မွာ စခန္းတာဝန္ရွိသူေတြနဲ႔ တိုင္ပင္ၿပီးေတာ့ အနီးအနားက ေလးေတာင္႐ြာကို ေခတၱေ႐ြ႕ေျပာင္းၿပီး ခိုလုံေနၾကတာေပါ့။” လို႔ မိန္႔ပါတယ္။

အဲ့ဒီ ရက္ေခ်ာင္းစစ္ေဘးေရွာင္စခန္းမွာ ကေလးေတြ၊ ကိုယ္ဝန္သည္အမ်ိဳးသမီးေတြနဲ႔ သက္ႀကီး႐ြယ္အိုေတြလည္းရွိၿပီး က်န္းမာေရးေစာင့္ေရွာက္မႈေတြနဲ႔ အခက္အခဲေတြလည္း ရွိတယ္လို႔ စခန္းတာဝန္ရွိသူေတြက ေျပာပါတယ္။

” က်န္းမာေရး​ေစာင့္ေရွာက္မႈကေတာ့ တစ္ဖြဲ႕မွ တာဝန္ယူထားတာ မရွိပါဘူး။ အဲ့ဒီမွာ စစ္ေဘးေရွာင္စခန္းတာဝန္ခံေတြနဲ႔ ေလးေတာင္႐ြာက ေဆးဆရာေတြနဲ႔ အဆင္ေျပေအာင္ ေျဖရွင္းရတာေပါ့။ က်န္မာေရး အခက္အခဲကေတာ့ ရွိပါတယ္။” လို႔ ျမတန္းေဇာင္းဆရာေတာ္က မိန္႔ပါတယ္။

ရခိုင္ျပည္နယ္မွာ မိုးတြင္းကာလ ေရႀကီးေရလွ်ံမႈေတြဟာ ေျမာက္ဦးခ႐ိုင္အတြင္းက ၿမိဳ႕နယ္ေတြမွာ ျဖစ္ပြားေလ့ရွိၿပီး ေျမပုံၿမိဳ႕နယ္မွာ ၿပီးခဲ့တဲ့ ဇြန္လအတြင္းကလည္း စစ္ေဘးေရွာင္စခန္းတခ်ိဳ႕မွာ ေရႀကီးမႈေတြ ရွိခဲ့ပါတယ္။

#voiceofmyanamar #VOM #ေျမပုံ

Related posts

Leave a Comment

VOM News

FREE
VIEW