စစ်ဆေးရေးဂိတ် ဆောက်လုပ်ရာမှ ရဲတပ်ဖွဲ့နဲ့ ဒေသခံများအကြား ပဋိပက္ခဖြစ်ပွားရာ ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ဖြိုခွင်း

စစ်ဆေးရေးဂိတ် ဆောက်လုပ်ရာမှ ရဲတပ်ဖွဲ့နဲ့ ဒေသခံများအကြား ပဋိပက္ခဖြစ်ပွားရာ ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ဖြိုခွင်း

မုံရွာ၊ ဇူလိုင် ၇-၂၀၂၀
ရန်နိုင်စိုး(VOM)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မြကုန်းကျေးရွာမှာ သက်ဆိုင်ရာကနေ စစ်ဆေးရေးဂိတ် လာရောက်ဆောက်လုပ်မှုကြောင့် ဒီကနေ့မနက်ပိုင်းက ကျေးရွာဒေသခံတွေနဲ့ ရဲတပ်ဖွဲ့အကြား ပဋိပက္ခဖြစ်ပွားပြီး ရဲတပ်ဖွဲ့က ရာဘာကျည်တွေနဲ့ဖြိုခွင်းတဲ့အတွက် ဒေသခံတွေ ဒဏ်ရာရရှိခဲ့ပါတယ်။

သက်ဆိုင်ရာက စစ်ဆေးရေးဂိတ်ကို ကျေးရွာပိုင်စိုက်ခင်းအနီးမှာ ပြုလုပ်ဖို့ဆောင်ရွက်ရာမှာ ဒေသခံတွေက လက်မခံတဲ့အတွက် အခုလို ပဋိပက္ခဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

” ဂိတ်ဆောက်တာကတော့ လမ်းဘေးပဲ ။ အခုက ရွာပိုင်စိုက်ခင်းကို ဖျက်လုပ်မယ့် အနေထားကြောင့် ရွာကလက်မခံဘူး။ ရွာက ထွက်တားတော့ ဒေသခံတွေကို ဖမ်းတယ်။ ရွာဘက်ကလဲ ပြန်ဆွဲရင်း ရုန်းရင်ဆန်ခတ်ဖြစ်ကြတာ။ အဲ့ဒီတော့ ရွာဘက်ကို သေနတ်နဲ့ပစ်တယ်။ ၇ ချက် မှန်သူရှိတယ် ၊ ၅ ချက်မှန်သူရှိတယ် ၊ ၂ ချက်မှန်သူရှိတယ်။ ရဲတပ်ဖွဲ့အင်အားက ၅၀ လောက်ပါတယ်၊ အချုပ်ကားလဲ ပါလာတယ်။ နေရာပြန်ညှိနှိုင်းဖို့ ပြောတော့ ဖမ်းထားသူတွေကိုပြန်တော့ လွှတ်ပေးလိုက်တယ်။ အခု ကျနော်တို့ကတော့ ရွာအလယ်လမ်းပိုင်းကို ခွင့်ပြုလိုက်တယ်။ အကုန်လွတ်တဲ့နေရာပေါ့ ။ ဒါတောင် လက်ခံချင်ပုံမရဘူး ” လို့ မြကုန်းကျေးရွာက ဒေသခံ ဦဌေးမောင်ကပြောပါတယ်။

ကျေးရွာပိုင်စိုက်ခင်းနေရာဟာ မြေစာရင်းမြေပုံမှာ ပါရှိသလို သဘာဝပတ်ဝန်းကျင်အတွက် ကျွန်း၊ မယ်ဆလီ၊ ပိတောက် ၊ ယူကလစ် စတဲ့အပင်တွေကို စိုက်ပျိုးထားတာဖြစ်တယ်လို့ သိရပြီး အခုလို ပဋိပက္ခဖြစ်ပွားမှုကြောင့် လက်တလောမှာ ကျေးရွာဒေသခံ(၃)ဦး ဒါဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အခုလိုဖြစ်ပွားတာတွေနဲ့ပတ်သက်ပြီး ပုလဲမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းရာမှာတော့” ကျနော်တို့က စည်းမျဉ်းစည်းကမ်းနဲ့အညီ လုပ်တာပါ။ ရာဘာကျည်သုံးပြီး မလွှဲသာပဲ ဖြိုခွင်းခဲ့ရတာ ဖြစ်ပါတယ်။ ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာပါ ” လို့ ပြောပါတယ်။

အဲ့ဒီစစ်ဆေးရေးဂိတ်ကို သက်ဆိုင်ရာကနေ ပြီးခဲ့တဲ့ ဇွန်လက စတင်ဆောက်လုပ်ဖို့ ပြင်ဆင်ခဲ့ပြီး တရားမဝင်ပစ္စည်းများ ပိတ်ဆို့ဖမ်းဆီးဖို့နဲ့ မှုခင်းဆိုင်ရာ လုံခြုံရေးအဖြစ်ဆောင်ရွက်ဖို့ ရည်ရွယ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ပုလဲ

Zawgyi

စစ္ေဆးေရးဂိတ္ ေဆာက္လုပ္ရာမွ ရဲတပ္ဖြဲ႕နဲ႔ ေဒသခံမ်ားအၾကား ပဋိပကၡျဖစ္ပြားရာ ရဲတပ္ဖြဲ႕က ရာဘာက်ည္နဲ႔ၿဖိဳခြင္း

မံုရြာ၊ ဇူလုိင္ ၇-၂၀၂၀
ရန္ႏိုင္စိုး(VOM)

စစ္ကိုင္းတိုင္း၊ ပုလဲၿမိဳ႕နယ္၊ ျမကုန္းေက်း႐ြာမွာ သက္ဆိုင္ရာကေန စစ္ေဆးေရးဂိတ္ လာေရာက္ေဆာက္လုပ္မႈေၾကာင့္ ဒီကေန႔မနက္ပိုင္းက ေက်း႐ြာေဒသခံေတြနဲ႔ ရဲတပ္ဖြဲ႕အၾကား ပဋိပကၡျဖစ္ပြားၿပီး ရဲတပ္ဖြဲ႕က ရာဘာက်ည္ေတြနဲ႔ၿဖိဳခြင္းတဲ့အတြက္ ေဒသခံေတြ ဒဏ္ရာရရွိခဲ့ပါတယ္။

သက္ဆိုင္ရာက စစ္ေဆးေရးဂိတ္ကို ေက်း႐ြာပိုင္စိုက္ခင္းအနီးမွာ ျပဳလုပ္ဖို႔ေဆာင္႐ြက္ရာမွာ ေဒသခံေတြက လက္မခံတဲ့အတြက္ အခုလို ပဋိပကၡျဖစ္ေပၚခဲ့တာျဖစ္ပါတယ္။

” ဂိတ္ေဆာက္တာကေတာ့ လမ္းေဘးပဲ ။ အခုက ႐ြာပိုင္စိုက္ခင္းကို ဖ်က္လုပ္မယ့္ အေနထားေၾကာင့္ ႐ြာကလက္မခံဘူး။ ႐ြာက ထြက္တားေတာ့ ေဒသခံေတြကို ဖမ္းတယ္။ ႐ြာဘက္ကလဲ ျပန္ဆြဲရင္း ႐ုန္းရင္ဆန္ခတ္ျဖစ္ၾကတာ။ အဲ့ဒီေတာ့ ႐ြာဘက္ကို ေသနတ္နဲ႔ပစ္တယ္။ ၇ ခ်က္ မွန္သူရွိတယ္ ၊ ၅ ခ်က္မွန္သူရွိတယ္ ၊ ၂ ခ်က္မွန္သူရွိတယ္။ ရဲတပ္ဖြဲ႕အင္အားက ၅၀ ေလာက္ပါတယ္၊ အခ်ဳပ္ကားလဲ ပါလာတယ္။ ေနရာျပန္ညႇိႏႈိင္းဖို႔ ေျပာေတာ့ ဖမ္းထားသူေတြကိုျပန္ေတာ့ လႊတ္ေပးလိုက္တယ္။ အခု က်ေနာ္တို႔ကေတာ့ ႐ြာအလယ္လမ္းပိုင္းကို ခြင့္ျပဳလိုက္တယ္။ အကုန္လြတ္တဲ့ေနရာေပါ့ ။ ဒါေတာင္ လက္ခံခ်င္ပုံမရဘူး ” လို႔ ျမကုန္းေက်း႐ြာက ေဒသခံ ဦေဌးေမာင္ကေျပာပါတယ္။

ေက်း႐ြာပိုင္စိုက္ခင္းေနရာဟာ ေျမစာရင္းေျမပုံမွာ ပါရွိသလို သဘာဝပတ္ဝန္းက်င္အတြက္ ကြၽန္း၊ မယ္ဆလီ၊ ပိေတာက္ ၊ ယူကလစ္ စတဲ့အပင္ေတြကို စိုက္ပ်ိဳးထားတာျဖစ္တယ္လို႔ သိရၿပီး အခုလို ပဋိပကၡျဖစ္ပြားမႈေၾကာင့္ လက္တေလာမွာ ေက်း႐ြာေဒသခံ(၃)ဦး ဒါဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။

အခုလုိျဖစ္ပြားတာေတြနဲ႔ပတ္သက္ၿပီး ပုလဲၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးကို ဆက္သြယ္ေမးျမန္းရာမွာေတာ့” က်ေနာ္တို႔က စည္းမ်ဥ္းစည္းကမ္းနဲ႔အညီ လုပ္တာပါ။ ရာဘာက်ည္သုံးၿပီး မလႊဲသာပဲ ၿဖိဳခြင္းခဲ့ရတာ ျဖစ္ပါတယ္။ ဥပေဒနဲ႔အညီ ေဆာင္႐ြက္သြားမွာပါ ” လို႔ ေျပာပါတယ္။

အဲ့ဒီစစ္ေဆးေရးဂိတ္ကို သက္ဆိုင္ရာကေန ၿပီးခဲ့တဲ့ ဇြန္လက စတင္ေဆာက္လုပ္ဖို႔ ျပင္ဆင္ခဲ့ၿပီး တရားမဝင္ပစၥည္းမ်ား ပိတ္ဆို႔ဖမ္းဆီးဖို႔နဲ႔ မႈခင္းဆိုင္ရာ လုံၿခဳံေရးအျဖစ္ေဆာင္႐ြက္ဖို႔ ရည္႐ြယ္တယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #VOM #ပုလဲ

Related posts

Leave a Comment

VOM News

FREE
VIEW