အလုပ်သမားနဲ့လယ်သမားအဖွဲ့(၁၁)ဖွဲ့က အလုပ်သမားကိုယ်စားလှယ်လောင်းဝင်ပြိုင်မယ် ရန်ကုန် ၊ ဇူလိုင် ၇-၂၀၂၀ သိင်္ဂီ (VOM) အလုပ်သမားနဲ့ လယ်သမားအဖွဲ့တွေက လာမယ့်ရွေးကောက်ပွဲမှာ အလုပ် သမားနဲ့ လယ်သမားထုကို ကိုယ်စားပြုမယ့် အလုပ်သမားကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ လက်တလောမှာ အလုပ်သမားနဲ့ လယ်သမားတွေကို ကိုယ်စားပြုပြီးဝင်ရောက်ယှဉ်ပြိုင်ဖို့ အဆိုပြုထားတဲ့ အလုပ်သမားနဲ့ လယ်သမားအဖွဲ့(၁၁)ဖွဲ့ရှိနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။ “တကယ့်ကို အလုပ်သမားအရေး၊ လယ်သမားအရေး ထိထိရောက်ရောက် ပြောဆိုဆောင်ရွက်မယ့် ကိုယ်စားလှယ်လောင်းတွေအတွက် ကျွန်မတို့က ကန့်သတ်မထားပါဘူး။ ရွေးကောက်ပွဲကော်မရှင်ကို တင်းသွင်းရမယ့် ရက်မတိုင်ခင်ကို ကျွန်မတို့တင်သွားမှာပါ”လို့ အလုပ်သမားအချင်းချင်းရိုင်းပင်း ကူညီပေးရေးအဖွဲ့ဝင် ဒေါ်ခခ က ပြောပါတယ်။ ဒီကနေ့ ပြည်သူရွေးကောက်တင်မြောက်ထားတဲ့ အာဏာရပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ အလုပ်သမားတွေဘက်က ရပ်တည်ပေးတာမရှိသလို အလုပ်သမားတွေ ရဲ့အခွင့်အရေး အကျိုးစီးပွားတွေကို စိတ်မဝင်စားတဲ့ အခြေအနေဖြစ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ယက်မှ အကြံပေးတရားလွှတ်တော်ရှေ့နေ ဦးဌေးကပြောပါတယ်။ ” အလုပ်သမားအခွင့်အရေး…
Read MoreDay: July 7, 2020
အလုပ်သမားတွေကို လုပ်ခလစာမပေးဘဲ စက်ရုံပိုင်ရှင် တရုတ်လူမျိုးထွက်ပြေး
အလုပ်သမားတွေကို လုပ်ခလစာမပေးဘဲ စက်ရုံပိုင်ရှင် တရုတ်လူမျိုးထွက်ပြေး ရန်ကုန်၊ ဇူလိုင် ၇-၂၀၂၀ သိင်္ဂီ(VOM) ရန်ကုန်မြို့၊ ရွှေပြည်သာစက်မှုဇုန်ထဲက ABLE GLAD Myanmar အထည်ချုပ် စက်ရုံပိုင်ရှင်တရုတ်နိုင်ငံသားဟာ အလုပ်သမားတွေကို လုပ်ခလစာမပေးဘဲ ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်ပြေးသွားခဲ့မှုဖြစ်ပွားခဲ့ပါတယ်။ ဒါကြောင့် အလုပ်သမားတွေအတွက် လုပ်ခလစာကို စက်ရုံမှာကျန်ခဲ့တဲ့ Buyer တွေရဲ့ အထည်အော်ဒါတွေကို ငွေပေးချေခိုင်းပြီး ဒီကနေ့ ဇူလိုင် ၆ ရက်မှာ လစာခွဲဝေပေးနေရတယ်လို့ သိရပါတယ်။ ” ဇူလိုင် ၃ ရက်နေ့ရုံးတက်တော့ ပိုင်ရှင်တရုတ်ကို မတွေ့ရဘူး ။ ညနေ့ထိ မလာဘူး။ ဒါနဲ့ သူနေတဲ့ဆီလိုက်သွားကြတော့ အိမ်မှာလည်းမရှိတော့ဘူး။ ပတ်ဝန်းကျင်ကသိရတာက ညထဲက ကား ၂ စီးနဲ့ ပစ္စည်းတွေယူပြီးသွားတယ် သိရတယ်။ ဒါနဲ့ အလုပ်သမားဌာနကို အကြောင်းကြားတယ်။ ဝန်ကြီးလည်းပါတယ်။ အလုပ်သမားတွေကလည်း လစာမရတော့ ဆူချင်ကြတဲ့သဘောပေါ့။ ဒါနဲ့…
Read Moreကျောက်တော်မှာ ဖမ်းဆီးခံခဲ့ရတဲ့ အပေါက်ဝဒေသခံ (၅) ဦးအနက် (၂) ဦးကိုပြန်လွှတ်
ကျောက်တော်မှာ ဖမ်းဆီးခံခဲ့ရတဲ့ အပေါက်ဝဒေသခံ (၅) ဦးအနက် (၂) ဦးကိုပြန်လွှတ် မြောက်ဦး၊ ဇူလိုင် ၇- ၂၀၂၀ ထက်အောင်စိုင်း (VOM) ကျောက်တော်မြို့နယ်၊ အပေါက်ဝတိုက်နယ်က ဒေသခံ (၅)ဦးဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်ကို မိသားစုနာရေးတစ်ခုသွားစဉ် လမ်းခုလတ်မှာ တပ်မတော်စစ်ဆေးရေးဂိတ်က ဖမ်းဆီးတာခံခဲ့ရကြောင်း လွှတ်မြောက်လာသူနဲ့ မိသားစုဝင်တွေက VOMကို ပြောထားတာ ဖြစ်ပါတယ်။ အဲ့ဒီဖမ်းဆီးခံရသူတွေ (၅) ဦးထဲက ကားမောင်သူနဲ့ အခြားနှစ်ယောက်ကို ဆက်လက်ဖမ်းဆီးထားပြီး ပြန်လွှတ်လာသူ(၂)ဦးကိုတော့ အပေါက်ဝရဲစခန်းကနေတဆင့် ပြန်လွှတ်ပေးခဲ့ကြောင်း ပြန်လွှတ်လာသူတစ်ဦးကပြောပါတယ်။ ပြန်လွှတ်လာသူတွေမှာ အပေါက်ဝတိုက်နယ်က ဦးအောင်နိုင်စိုး အသက် (၃၈) နှစ်နဲ့ ဦးမြင့်ဇော် အသက် (၃၄) နှစ်အရွယ်တို့ဖြစ်ပြီး သူတို့နှစ်ယောက်ကို ဇူလိုင်လ (၅) ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ကာ ဦးအောင်နိုင်စိုးမှာ ရိုက်နှက်စစ်ဆေးခံရတဲ့ အတွင်းဒဏ်ရာတွေကြောင့် ဆေးကုသမှုခံယူနေရတယ်လို့…
Read Moreစစ်ဆေးရေးဂိတ် ဆောက်လုပ်ရာမှ ရဲတပ်ဖွဲ့နဲ့ ဒေသခံများအကြား ပဋိပက္ခဖြစ်ပွားရာ ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ဖြိုခွင်း
စစ်ဆေးရေးဂိတ် ဆောက်လုပ်ရာမှ ရဲတပ်ဖွဲ့နဲ့ ဒေသခံများအကြား ပဋိပက္ခဖြစ်ပွားရာ ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ဖြိုခွင်း မုံရွာ၊ ဇူလိုင် ၇-၂၀၂၀ ရန်နိုင်စိုး(VOM) စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မြကုန်းကျေးရွာမှာ သက်ဆိုင်ရာကနေ စစ်ဆေးရေးဂိတ် လာရောက်ဆောက်လုပ်မှုကြောင့် ဒီကနေ့မနက်ပိုင်းက ကျေးရွာဒေသခံတွေနဲ့ ရဲတပ်ဖွဲ့အကြား ပဋိပက္ခဖြစ်ပွားပြီး ရဲတပ်ဖွဲ့က ရာဘာကျည်တွေနဲ့ဖြိုခွင်းတဲ့အတွက် ဒေသခံတွေ ဒဏ်ရာရရှိခဲ့ပါတယ်။ သက်ဆိုင်ရာက စစ်ဆေးရေးဂိတ်ကို ကျေးရွာပိုင်စိုက်ခင်းအနီးမှာ ပြုလုပ်ဖို့ဆောင်ရွက်ရာမှာ ဒေသခံတွေက လက်မခံတဲ့အတွက် အခုလို ပဋိပက္ခဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ ” ဂိတ်ဆောက်တာကတော့ လမ်းဘေးပဲ ။ အခုက ရွာပိုင်စိုက်ခင်းကို ဖျက်လုပ်မယ့် အနေထားကြောင့် ရွာကလက်မခံဘူး။ ရွာက ထွက်တားတော့ ဒေသခံတွေကို ဖမ်းတယ်။ ရွာဘက်ကလဲ ပြန်ဆွဲရင်း ရုန်းရင်ဆန်ခတ်ဖြစ်ကြတာ။ အဲ့ဒီတော့ ရွာဘက်ကို သေနတ်နဲ့ပစ်တယ်။ ၇ ချက် မှန်သူရှိတယ် ၊ ၅ ချက်မှန်သူရှိတယ် ၊ ၂…
Read Moreပထမဦးဆုံးအကြိမ် ပါမောက္ခချုပ်တက်ရောက်တဲ့ ရတနာပုံတက္ကသိုလ်က 7Julyအခမ်းအနား
ပထမဦးဆုံးအကြိမ် ပါမောက္ခချုပ်တက်ရောက်တဲ့ ရတနာပုံတက္ကသိုလ်က 7Julyအခမ်းအနား မန္တလေး၊ ဇူလိုင် ၇-၂၀၂၀ ဟိန်းကို(VOM) မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရတနာပုံတက္ကသိုလ်ကျောင်း၀င်းအတွင်းမှာ ဒီကနေ့မနက်ကပြုလုပ်တဲ့ (၅၈)နှစ်မြောက် 7JULY အောက်မေ့ဖွယ်အခမ်းအနားကို ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်အောင်မင်းကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။ ” ကျွန်တော်တို့ 7JULYပွဲမျိုး ပါမောက္ခချုပ်တက်တာ ပထမဆုံးပဲ၊ ခုလက်ရှိ ဒီပါမောက္ခချုပ်အသစ် ဒေါက်တာအောင်အောင်မင်းအနေနဲ့က ကျွန်တော်တို့နဲ့က ညှိလို့နှိုင်းလို့အဆင်ပြေတဲ့အခါကြတော့ ကျွန်တော်တို့ကျောင်းသားတွေရဲ့လိုအပ်ချက်ကို တက်နိုင်တဲ့ဖက်က ဖြည့်ပေးနေပါတယ် အခုလက်ရှိထိတော့၊ အခုလိုမျိုးညှိနှိုင်းပြီး ဆက်သွားမယ်ဆိုတဲ့အခါကျတော့ တောင်းဆိုတဲ့တောင်းဆိုချက်တွေ ကျောင်းသားထုအခွင့်အရေးတွေဟာ ဒီထက်ပိုပြီးရလာမယ်လို့လည်း မျှော်လင့်ပါတယ်၊ အရင်တုန်းက ပါမောက္ခတွေမှာ ဘာမှထောက်ပံ့မှုမရှိခဲ့ပါဘူး”လို့ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ဒု-ဥက္ကဌ ကိုဘုန်းမြင့်ကျော်ကပြောပါတယ်။ ရတနာပုံတက္ကသိုလ်ထဲမှာတော့ ရတကသ နဲ့ ဗကသဆိုကာ ကျောင်းသား(၂)ဖွဲ့ရှိတဲ့အတွက် ဗကသတွေအနေနဲ့က ကဗျာရွတ်ပွဲနဲ့ အောင်မေ့ဖွယ် အခမ်းအနားလေးလုပ်တာဖြစ်ပြီး ရတနာပုံတက္ကသိုလ်ကျောင်းသား/သူတွေလုပ်တဲ့ပွဲဖြစ်တဲ့အတွက် ကူညီထားမှုလည်းရှိတယ်လို့ ရတနာပုံတက္ကသိုလ် တာ၀န်ခံပါမောက္ခချုပ် ဒေါက်တာအောင်အောင်မင်းကပြောပြပါတယ်။ “ကျောင်းဘက်ကလည်း အခမ်းအနားပြင်တွေ…
Read More