ကျောက်တော်မှာ ဖမ်းဆီးခံခဲ့ရတဲ့ အပေါက်ဝဒေသခံ (၅) ဦးအနက် (၂) ဦးကိုပြန်လွှတ်

ကျောက်တော်မှာ ဖမ်းဆီးခံခဲ့ရတဲ့ အပေါက်ဝဒေသခံ (၅) ဦးအနက် (၂) ဦးကိုပြန်လွှတ်

မြောက်ဦး၊ ဇူလိုင် ၇- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ကျောက်တော်မြို့နယ်၊ အပေါက်ဝတိုက်နယ်က ဒေသခံ (၅)ဦးဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်ကို မိသားစုနာရေးတစ်ခုသွားစဉ် လမ်းခုလတ်မှာ တပ်မတော်စစ်ဆေးရေးဂိတ်က ဖမ်းဆီးတာခံခဲ့ရကြောင်း လွှတ်မြောက်လာသူနဲ့ မိသားစုဝင်တွေက VOMကို ပြောထားတာ ဖြစ်ပါတယ်။

အဲ့ဒီဖမ်းဆီးခံရသူတွေ (၅) ဦးထဲက ကားမောင်သူနဲ့ အခြားနှစ်ယောက်ကို ဆက်လက်ဖမ်းဆီးထားပြီး ပြန်လွှတ်လာသူ(၂)ဦးကိုတော့ အပေါက်ဝရဲစခန်းကနေတဆင့် ပြန်လွှတ်ပေးခဲ့ကြောင်း ပြန်လွှတ်လာသူတစ်ဦးကပြောပါတယ်။

ပြန်လွှတ်လာသူတွေမှာ အပေါက်ဝတိုက်နယ်က ဦးအောင်နိုင်စိုး အသက် (၃၈) နှစ်နဲ့ ဦးမြင့်ဇော် အသက် (၃၄) နှစ်အရွယ်တို့ဖြစ်ပြီး သူတို့နှစ်ယောက်ကို ဇူလိုင်လ (၅) ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ကာ ဦးအောင်နိုင်စိုးမှာ ရိုက်နှက်စစ်ဆေးခံရတဲ့ အတွင်းဒဏ်ရာတွေကြောင့် ဆေးကုသမှုခံယူနေရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဦးအောင်နိုင်စိုးရဲ့ ဖခင်ပြောပြတာက” သူက အိမ်ကိုရောက်နေပါပြီ။ သူက နေမကောင်းလို့ ဆရာဝန်နဲ့ ပြ ဆေးတိုက်ပြီးတော့ အနားယူခိုင်းထားတယ်။ ရင်ဘတ်တွေက အောင့်တယ်။ ခန္ဓာကိုယ် ဘေးဘက်တွေကအောင့်လို့ ဆရာဝန်နဲ့ ပြထားတယ်။ သူတို့ကို ဘာနဲ့ရိုက်လဲဆိုတာကိုက မျက်နှာကို အဝတ်စနဲ့ အုပ်ထားတော့ သေချာမသိရဘူး။ သူတို့သိတာက ဖိနပ်နဲ့ကန်တယ်။ သေနတ်ဘောင်နဲ့ ရိုက်တယ် အဲ့လိုမျိုး ထင်ရတာပဲလေ။ မိဘတစ်ယောက်အနေနဲ့ ကိုယ့်သားသမီးတစ်ယောက် အခုလို ရိုက်နှက်ခံရတယ်ဆိုတော့ ခံစားရတာပေါ့။ ကျနော့်နေရာကို ဝင်ပြီးခံစားကြည့်ပေါ့။ တပ်မတော်ကိုလည်း ဘာပြောချင်လဲဆိုတော့ သူတို့လုပ်စရာရှိတာကို လုပ်တယ်လို့ပဲ မြင်ပါတယ်။ ” လို့ ပြောပါတယ်။

သူတို့ (၅) ယောက်ကိုဖမ်းဆီးတာဟာ ကန်စောက်ကျေးရွာအနီး တပ်မတော်စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရတာဖြစ်တယ်လို့သိရပြီး ကျောက်တော်အခြေစိုက် ခမရ (၅၃၉) တပ်ရင်းမှာ စစ်ဆေးတာလို့ လွှတ်မြောက်လာသူ ဦးမြင့်ဇော်က ပြောပါတယ်။

ဦးမြင့်ဇော် ပြောပြတာကတော့” ကျနော်တို့က ပုဏ္ဏားကျွန်းမှာ နာရေးကိုသွားတာ။ အဲ့ဒီမှာ (၅၃၉) စစ်ဆေးရေးဂိတ်က ကျနော်တို့ကို စစ်ပါတယ်။ စစ်တော့ ကျနော့်သူငယ်ချင်းတစ်ယောက်ဖုန်းမှာ ဓာတ်ပုံတစ်ပုံတွေ့တယ်လို့ ပြောတယ်။ ကျနော်လည်း မမြင်လိုက်ရဘူး။ အဲ့ဒီ ဓာတ်ပုံကိုမြင်လို့ ကျနော်တို့ကို ဖမ်းဆီးစစ်ဆေးပါတယ်။ ကျနော့်မှာက ခန္ဓာကိုယ်မှာ အဖုတွေ၊ အနာတွေရှိတော့ စစ်ဆေးတာက နည်းပါတယ်။ ခန္ဓာကိုယ်မှာ ရောဂါရှိတယ်ဆိုပြီးတော့ အဲ့လောက်ထိ စစ်ဆေးတာမရှိပါဘူး။ ကျနော့်ကို နောက်တစ်နေ့ကျတော့ ဗိုလ်ရာထူးအကြီးထင်တယ်။ ဟေ့ကောင်တွေ ဒီကောင့်ကို လုံးဝမထိနဲ့ဆိုပြီး ပိတ်ထားခဲ့တယ်။ အဖမ်းခံရတာက ကားမောင်းသူအပါအဝင် (၅) ယောက်ကျပါတယ်။ ဓာတ်ပုံက သေနတ်ကိုင်ပြီး ပုံတစ်ပုံတွေ့တော့ ကျနော့်သူငယ်ချင်းကို ခင်ဗျား အေအေကဆိုပြီးဖမ်းတာ။ လွှတ်လာတာက ကျနော်နဲ့ အောင်အောင်(အောင်နိုင်စိုး) နဲ့ နှစ်ယောက်လွှတ်လာတာ။” လို့ ပြောပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ချက်တဲ့ ဇူလိုင်လ ၄ ရက် စစ်ဆေးချက်တွေအရ သူတို့ ၅ ဦးအနက် ဦးဆန်းဝင်းနိုင်ဟာ အေအေ အမာခံတစ်ဦးဖြစ်ပြီး ဦးဘိုကျော်သန်းကတော့ ULA အဖွဲ့ဝင်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရတာကြောင့် သူတို့ ၂ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ၊ လိုင်စင်မဲ့ယာဉ်ပိုင်ရှင် ဦးထွန်းအေးမောင်ကို ပို့ကုန်/သွင်းကုန် အက်ဥပဒေနဲ့ အမှုဖွင့်လှစ် အရေးယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးစစ်ဆေးစဉ်အတွင်း ဦးမြင့်ဇော်ကို ရိုက်နှက်စစ်ဆေးတာတွေ အနည်းငယ် ရှိကြောင်းနဲ့ အချုပ်ခန်းတစ်ခုမှာထားပြီး မျက်နှာမှာ အုပ်ထားတဲ့ အဝတ်စတွေကိုလည်း ကျောက်တော်မြို့မ ရဲစခန်းကိုရောက်တဲ့အခါမှ ဖွင့်ပေးတယ်လို့ ပြောပါတယ်။

” လွှတ်ပေးလိုက်တဲ့အခါမှာတော့ ဘာမှမပြောဘူး။ ရဲစခန်းကိုရောက်တော့ ရဲကကျနော်တို့ကို မျက်နှာတွေကို ဖွင့်ပေးတယ်။ ရဲစခန်းက နာမည်တွေယူပါတယ်။ နောက်ပြီး ကျနော်တို့ကိုလာပို့တဲ့ (၅၃၉) တပ်ရင်းက (၃) ပွင့်နဲ့ အရာရှိတစ်ယောက်က ကျနော်တို့နှစ်ယောက်ကို ဓာတ်ပုံရိုက်ဖို့ ရဲကနေ ခွင့်တောင်းတယ်။ ဓာတ်ပုံ (၄) ပုံ ရှေ့နောက်၊ ဘယ်ညာ ရိုက်ပြီးတော့ ပြန်သွားတယ်။” လို့ ဦးမြင့်ဇော်က ပြောထားတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဌ ဗိုလ်ချုပ် ထွန်းထွန်းညီကို ဆက်သွယ်ခဲ့ရာ” အဲဒါကတော့ ကျနော်တို့ ရိုက်နှက်စစ်ဆေးတာ မရှိဘူး။ ရဲတို့ ဘာတို့ကို မေးရင် ကောင်းမယ်။” လို့ ပြောပါတယ်။

ဆက်လက်ပြီး ကျောက်တော်မြို့မရဲ့စခန်းက စခန်းမှူးကို အဆက်အသွယ်ရရှိဖို့ ကြိုစားခဲ့ပေမယ့် မရရှိခဲ့ပါဘူး။

Photo – AID
#voiceofmyanmar #VOM #ကျောက်တော်

Zawgyi

ေက်ာက္ေတာ္မွာ ဖမ္းဆီးခံခဲ့ရတဲ့ အေပါက္ဝေဒသခံ (၅) ဦးအနက္ (၂) ဦးကိုျပန္လႊတ္

ေျမာက္ဦး၊ ဇူလိုင္ ၇- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ေက်ာက္ေတာ္ၿမိဳ႕နယ္၊ အေပါက္ဝတိုက္နယ္က ေဒသခံ (၅)ဦးဟာ ၿပီးခဲ့တဲ့ ဇြန္လ ၂၇ ရက္ေန႔က ပုဏၰားကြၽန္းၿမိဳ႕နယ္ကို မိသားစုနာေရးတစ္ခုသြားစဥ္ လမ္းခုလတ္မွာ တပ္မေတာ္စစ္ေဆးေရးဂိတ္က ဖမ္းဆီးတာခံခဲ့ရေၾကာင္း လႊတ္ေျမာက္လာသူနဲ႔ မိသားစုဝင္ေတြက VOMကို ေျပာထားတာ ျဖစ္ပါတယ္။

အဲ့ဒီဖမ္းဆီးခံရသူေတြ (၅) ဦးထဲက ကားေမာင္သူနဲ႔ အျခားႏွစ္ေယာက္ကို ဆက္လက္ဖမ္းဆီးထားၿပီး ျပန္လႊတ္လာသူ(၂)ဦးကိုေတာ့ အေပါက္ဝရဲစခန္းကေနတဆင့္ ျပန္လႊတ္ေပးခဲ့ေၾကာင္း ျပန္လႊတ္လာသူတစ္ဦးကေျပာပါတယ္။

ျပန္လႊတ္လာသူေတြမွာ အေပါက္ဝတိုက္နယ္က ဦးေအာင္ႏိုင္စိုး အသက္ (၃၈) ႏွစ္နဲ႔ ဦးျမင့္ေဇာ္ အသက္ (၃၄) ႏွစ္အ႐ြယ္တို႔ျဖစ္ၿပီး သူတို႔ႏွစ္ေယာက္ကို ဇူလိုင္လ (၅) ရက္ေန႔မွာ ျပန္လႊတ္ေပးခဲ့ကာ ဦးေအာင္ႏိုင္စိုးမွာ ႐ိုက္ႏွက္စစ္ေဆးခံရတဲ့ အတြင္းဒဏ္ရာေတြေၾကာင့္ ေဆးကုသမႈခံယူေနရတယ္လို႔ မိသားစုဝင္ေတြက ေျပာပါတယ္။

ဦးေအာင္ႏိုင္စိုးရဲ႕ ဖခင္ေျပာျပတာက” သူက အိမ္ကိုေရာက္ေနပါၿပီ။ သူက ေနမေကာင္းလို႔ ဆရာဝန္နဲ႔ ျပ ေဆးတိုက္ၿပီးေတာ့ အနားယူခိုင္းထားတယ္။ ရင္ဘတ္ေတြက ေအာင့္တယ္။ ခႏၶာကိုယ္ ေဘးဘက္ေတြကေအာင့္လို႔ ဆရာဝန္နဲ႔ ျပထားတယ္။ သူတို႔ကို ဘာနဲ႔႐ိုက္လဲဆိုတာကိုက မ်က္ႏွာကို အဝတ္စနဲ႔ အုပ္ထားေတာ့ ေသခ်ာမသိရဘူး။ သူတို႔သိတာက ဖိနပ္နဲ႔ကန္တယ္။ ေသနတ္ေဘာင္နဲ႔ ႐ိုက္တယ္ အဲ့လိုမ်ိဳး ထင္ရတာပဲေလ။ မိဘတစ္ေယာက္အေနနဲ႔ ကိုယ့္သားသမီးတစ္ေယာက္ အခုလို ႐ိုက္ႏွက္ခံရတယ္ဆိုေတာ့ ခံစားရတာေပါ့။ က်ေနာ့္ေနရာကို ဝင္ၿပီးခံစားၾကည့္ေပါ့။ တပ္မေတာ္ကိုလည္း ဘာေျပာခ်င္လဲဆိုေတာ့ သူတို႔လုပ္စရာရွိတာကို လုပ္တယ္လို႔ပဲ ျမင္ပါတယ္။ ” လို႔ ေျပာပါတယ္။

သူတို႔ (၅) ေယာက္ကိုဖမ္းဆီးတာဟာ ကန္ေစာက္ေက်း႐ြာအနီး တပ္မေတာ္စစ္ေဆးေရးဂိတ္မွာ ဖမ္းဆီးခံရတာျဖစ္တယ္လုိ႔သိရၿပီး ေက်ာက္ေတာ္အေျခစိုက္ ခမရ (၅၃၉) တပ္ရင္းမွာ စစ္ေဆးတာလို႔ လႊတ္ေျမာက္လာသူ ဦးျမင့္ေဇာ္က ေျပာပါတယ္။

ဦးျမင့္ေဇာ္ ေျပာျပတာကေတာ့” က်ေနာ္တို႔က ပုဏၰားကြၽန္းမွာ နာေရးကိုသြားတာ။ အဲ့ဒီမွာ (၅၃၉) စစ္ေဆးေရးဂိတ္က က်ေနာ္တို႔ကို စစ္ပါတယ္။ စစ္ေတာ့ က်ေနာ့္သူငယ္ခ်င္းတစ္ေယာက္ဖုန္းမွာ ဓာတ္ပုံတစ္ပုံေတြ႕တယ္လို႔ ေျပာတယ္။ က်ေနာ္လည္း မျမင္လိုက္ရဘူး။ အဲ့ဒီ ဓာတ္ပုံကိုျမင္လို႔ က်ေနာ္တို႔ကို ဖမ္းဆီးစစ္ေဆးပါတယ္။ က်ေနာ့္မွာက ခႏၶာကိုယ္မွာ အဖုေတြ၊ အနာေတြရွိေတာ့ စစ္ေဆးတာက နည္းပါတယ္။ ခႏၶာကိုယ္မွာ ေရာဂါရွိတယ္ဆိုၿပီးေတာ့ အဲ့ေလာက္ထိ စစ္ေဆးတာမရွိပါဘူး။ က်ေနာ့္ကို ေနာက္တစ္ေန႔က်ေတာ့ ဗိုလ္ရာထူးအႀကီးထင္တယ္။ ေဟ့ေကာင္ေတြ ဒီေကာင့္ကို လုံးဝမထိနဲ႔ဆိုၿပီး ပိတ္ထားခဲ့တယ္။ အဖမ္းခံရတာက ကားေမာင္းသူအပါအဝင္ (၅) ေယာက္က်ပါတယ္။ ဓာတ္ပုံက ေသနတ္ကိုင္ၿပီး ပုံတစ္ပုံေတြ႕ေတာ့ က်ေနာ့္သူငယ္ခ်င္းကို ခင္ဗ်ား ေအေအကဆိုၿပီးဖမ္းတာ။ လႊတ္လာတာက က်ေနာ္နဲ႔ ေအာင္ေအာင္(ေအာင္ႏိုင္စိုး) နဲ႔ ႏွစ္ေယာက္လႊတ္လာတာ။” လို႔ ေျပာပါတယ္။

တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ထုတ္ျပန္ခ်က္တဲ့ ဇူလိုင္လ ၄ ရက္ စစ္ေဆးခ်က္ေတြအရ သူတို႔ ၅ ဦးအနက္ ဦးဆန္းဝင္းႏိုင္ဟာ ေအေအ အမာခံတစ္ဦးျဖစ္ၿပီး ဦးဘိုေက်ာ္သန္းကေတာ့ ULA အဖြဲ႕ဝင္ျဖစ္ေၾကာင္း စစ္ေဆးေတြ႕ရွိရတာေၾကာင့္ သူတို႔ ၂ ဦးကို အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မ၊ လိုင္စင္မဲ့ယာဥ္ပိုင္ရွင္ ဦးထြန္းေအးေမာင္ကို ပို႔ကုန္/သြင္းကုန္ အက္ဥပေဒနဲ႔ အမႈဖြင့္လွစ္ အေရးယူသြားမွာျဖစ္တယ္လုိ႔ သိရပါတယ္။

ဖမ္းဆီးစစ္ေဆးစဥ္အတြင္း ဦးျမင့္ေဇာ္ကို ႐ိုက္ႏွက္စစ္ေဆးတာေတြ အနည္းငယ္ ရွိေၾကာင္းနဲ႔ အခ်ဳပ္ခန္းတစ္ခုမွာထားၿပီး မ်က္ႏွာမွာ အုပ္ထားတဲ့ အဝတ္စေတြကိုလည္း ေက်ာက္ေတာ္ၿမိဳ႕မ ရဲစခန္းကိုေရာက္တဲ့အခါမွ ဖြင့္ေပးတယ္လို႔ ေျပာပါတယ္။

” လႊတ္ေပးလိုက္တဲ့အခါမွာေတာ့ ဘာမွမေျပာဘူး။ ရဲစခန္းကိုေရာက္ေတာ့ ရဲကက်ေနာ္တို႔ကို မ်က္ႏွာေတြကို ဖြင့္ေပးတယ္။ ရဲစခန္းက နာမည္ေတြယူပါတယ္။ ေနာက္ၿပီး က်ေနာ္တို႔ကိုလာပို႔တဲ့ (၅၃၉) တပ္ရင္းက (၃) ပြင့္နဲ႔ အရာရွိတစ္ေယာက္က က်ေနာ္တို႔ႏွစ္ေယာက္ကို ဓာတ္ပုံ႐ိုက္ဖို႔ ရဲကေန ခြင့္ေတာင္းတယ္။ ဓာတ္ပုံ (၄) ပုံ ေရွ႕ေနာက္၊ ဘယ္ညာ ႐ိုက္ၿပီးေတာ့ ျပန္သြားတယ္။” လို႔ ဦးျမင့္ေဇာ္က ေျပာထားတာ ျဖစ္ပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဒုတိယဥကၠဌ ဗိုလ္ခ်ဳပ္ ထြန္းထြန္းညီကို ဆက္သြယ္ခဲ့ရာ” အဲဒါကေတာ့ က်ေနာ္တို႔ ႐ိုက္ႏွက္စစ္ေဆးတာ မရွိဘူး။ ရဲတို႔ ဘာတို႔ကို ေမးရင္ ေကာင္းမယ္။” လို႔ ေျပာပါတယ္။

ဆက္လက္ၿပီး ေက်ာက္ေတာ္ၿမိဳ႕မရဲ႕စခန္းက စခန္းမႉးကို အဆက္အသြယ္ရရွိဖို႔ ႀကိဳစားခဲ့ေပမယ့္ မရရွိခဲ့ပါဘူး။

Photo – AID
#voiceofmyanmar #VOM #ေက်ာက္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW