မြောက်ယမားဆည် ရေသောက်လယ်ဧက ၄၀၀ခန့် စပါးစိုက်ရန် အခက်တွေ့

မြောက်ယမားဆည် ရေသောက်လယ်ဧက ၄၀၀ခန့် စပါးစိုက်ရန် အခက်တွေ့

မုံရွာ၊ ဇူလိုင် ၈-၂၀၂၀
ခင်မေစန်း(VOM)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာရှိတဲ့ မြောက်ယမားရေလှောင်တမံ ဆည်ရေသောက် လယ်ဧက ၄၀၀ခန့် ရေပေးမြောင်းပျက်စီးနေတဲ့အတွက် မိုးစပါးစိုက်ဖို့ အခက်အခဲကြုံတွေ့နေရတယ်လို့ ပိတောက်ကုန်းအုပ်စု ချင်ပြစ်ကျေးရွာ လယ်သမားတွေကပြောပါတယ်။

မြောက်ယမားဆည်အနီးမှာရှိပြီး ပိတောက်ကုန်းကွင်း၊ ကြာစီကွင်းက လယ် ဧက ၄၀၀မှာ လက်ဝဲမြောင်းတိုးချဲ့ Dy1 Mr1မှာ တေးနဲ့ ဖော့များပျက်စီးနေတာကြောင့် အရင်နှစ် မိုးစပါး ဆည်ရေမဝ ၊ စပါး အထွက်နည်းခြင်းကို ကြုံတွေ့ခဲ့ရပြီး အခုနှစ် မိုးစပါးစိုက်ချိန်ရောက်တော့မှာဖြစ်တဲ့အတွက် ဆည်ရေအတွက်စိုးရိမ်ပူပန်နေရတယ်လို့ ချင်ပြစ်ကျေးရွာမှ လယ်သမားဦးမင်းနိုင်ဦးကပြောပါတယ်။

“တေးတွေဖော့တွေ ပျက်စီးနေတယ်၊ ဆည်မြောင်းဌာနက မြောင်းသန့်ရှင်းမှု မလုပ်တာကြာပြီ၊ ရေပေးချိန်မှ လာပြင်တာမျိုးက ခဏပဲခံပြီးပြန်ပျက်သွားတယ်၊ စနစ်တကျပြင် ကြိုတင် ပြင်စေချင်တယ်”လို့ ဦးမင်းနိုင်ဦးကပြောပါတယ်။

အရင်နှစ် မိုးစပါးစိုက်အပြီး စက်တင်ဘာ ၉ရက်နေ့က လယ်သမား ၂၅ဦး လက်မှတ်ထိုးကာ တေးများဖောများပြင်ဆင်ပေးဖို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ကို စာပို့တင်ပြခဲ့ပြီး အဲ့ဒီမြောင်းကို ဌာနက စက်ယန္တယားသုံး လာပြင်ပေးပေမဲ့ စနစ်ကျအောင် လုပ်ဆောင်တာမဟုတ်လို့ မြောင်းက ပြန်ပြီးပျက်သွားတယ်လို့ ချင်ပြစ်ရွာ ရပ်မိရပ်ဖဦးသန်းဦးကပြောပါတယ် ။

“ကြိုကြိုတင်တင်လာပြင်ဖို့ ဒီနှစ်စက စာတင်ခဲ့ပေမဲ့ ခုထိ လာမပြင်ပါဘူး”လို့ ရပ်မိရပ်ဖ ဦးသန်းဦးကပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မဲဆန္ဒနယ် အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်ကို လယ်သမားများကြုံတွေ့နေရတဲ့ အခက်အခဲတွေအတွက် ဘယ်လိုဆောင်ရွက်ပေးဖို့ ရှိလည်းလို့မေးမြန်းတဲ့အခါ မသိရှိကြောင်း နဲ့ ဆည်ရေပေးဝေရာမှာ အထက်လယ်နှင့် အောက်လယ် ရေမရတဲ့ပြဿနာကို ပြေလည်စေဖို့ ကော်မတီဖွဲ့ပေးထားပြီး ဒုတိယအကြိမ် ကွင်းဆင်းဖို့ရှိတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

#voiceofmyanmar #VOM #ပုလဲ

Zawgyi

ေျမာက္ယမားဆည္ ေရေသာက္လယ္ဧက ၄၀၀ခန႔္ စပါးစိုက္ရန္ အခက္ေတြ႕

မုံ႐ြာ၊ ဇူလိုင္ ၈-၂၀၂၀
ခင္ေမစန္း(VOM)

စစ္ကိုင္းတိုင္း၊ ယင္းမာပင္ခ႐ိုင္၊ ပုလဲၿမိဳ႕နယ္မွာရွိတဲ့ ေျမာက္ယမားေရေလွာင္တမံ ဆည္ေရေသာက္ လယ္ဧက ၄၀၀ခန႔္ ေရေပးေျမာင္းပ်က္စီးေနတဲ့အတြက္ မိုးစပါးစိုက္ဖုိ႔ အခက္အခဲႀကဳံေတြ႕ေနရတယ္လို႔ ပိေတာက္ကုန္းအုပ္စု ခ်င္ျပစ္ေက်း႐ြာ လယ္သမားေတြကေျပာပါတယ္။

ေျမာက္ယမားဆည္အနီးမွာရွိၿပီး ပိေတာက္ကုန္းကြင္း၊ ၾကာစီကြင္းက လယ္ ဧက ၄၀၀မွာ လက္ဝဲေျမာင္းတိုးခ်ဲ႕ Dy1 Mr1မွာ ေတးနဲ႔ ေဖာ့မ်ားပ်က္စီးေနတာေၾကာင့္ အရင္ႏွစ္ မိုးစပါး ဆည္ေရမဝ ၊ စပါး အထြက္နည္းျခင္းကို ႀကဳံေတြ႕ခဲ့ရၿပီး အခုႏွစ္ မိုးစပါးစိုက္ခ်ိန္ေရာက္ေတာ့မွာျဖစ္တဲ့အတြက္ ဆည္ေရအတြက္စိုးရိမ္ပူပန္ေနရတယ္လို႔ ခ်င္ျပစ္ေက်း႐ြာမွ လယ္သမားဦးမင္းႏိုင္ဦးကေျပာပါတယ္။

“ေတးေတြေဖာ့ေတြ ပ်က္စီးေနတယ္၊ ဆည္ေျမာင္းဌာနက ေျမာင္းသန႔္ရွင္းမႈ မလုပ္တာၾကာၿပီ၊ ေရေပးခ်ိန္မွ လာျပင္တာမ်ိဳးက ခဏပဲခံၿပီးျပန္ပ်က္သြားတယ္၊ စနစ္တက်ျပင္ ႀကိဳတင္ ျပင္ေစခ်င္တယ္”လုိ႔ ဦးမင္းႏိုင္ဦးကေျပာပါတယ္။

အရင္ႏွစ္ မိုးစပါးစိုက္အၿပီး စက္တင္ဘာ ၉ရက္ေန႔က လယ္သမား ၂၅ဦး လက္မွတ္ထိုးကာ ေတးမ်ားေဖာမ်ားျပင္ဆင္ေပးဖို႔ စစ္ကိုင္းတိုင္းဝန္ႀကီးခ်ဳပ္ကို စာပို႔တင္ျပခဲ့ၿပီး အဲ့ဒီေျမာင္းကို ဌာနက စက္ယႏၲယားသုံး လာျပင္ေပးေပမဲ့ စနစ္က်ေအာင္ လုပ္ေဆာင္တာမဟုတ္လို႔ ေျမာင္းက ျပန္ၿပီးပ်က္သြားတယ္လုိ႔ ခ်င္ျပစ္႐ြာ ရပ္မိရပ္ဖဦးသန္းဦးကေျပာပါတယ္ ။

“ႀကိဳႀကိဳတင္တင္လာျပင္ဖို႔ ဒီႏွစ္စက စာတင္ခဲ့ေပမဲ့ ခုထိ လာမျပင္ပါဘူး”လို႔ ရပ္မိရပ္ဖ ဦးသန္းဦးကေျပာပါတယ္။

စစ္ကိုင္းတိုင္း၊ ပုလဲၿမိဳ႕နယ္မဲဆႏၵနယ္ အမွတ္(၁)လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဇာ္ထက္ကို လယ္သမားမ်ားႀကဳံေတြ႕ေနရတဲ့ အခက္အခဲေတြအတြက္ ဘယ္လုိေဆာင္႐ြက္ေပးဖို႔ ရိွလည္းလုိ႔ေမးျမန္းတဲ့အခါ မသိရွိေၾကာင္း နဲ႔ ဆည္ေရေပးေဝရာမွာ အထက္လယ္ႏွင့္ ေအာက္လယ္ ေရမရတဲ့ျပႆနာကို ေျပလည္ေစဖို႔ ေကာ္မတီဖြဲ႕ေပးထားၿပီး ဒုတိယအႀကိမ္ ကြင္းဆင္းဖို႔ရွိတယ္လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

#voiceofmyanmar #VOM #ပုလဲ

Related posts

Leave a Comment

VOM News

FREE
VIEW