ရေးမြို့ဒေသခံ ပရဟိတလူငယ်တစ်ဦး အသတ်ခံရ

ရေးမြို့ဒေသခံ ပရဟိတလူငယ်တစ်ဦး အသတ်ခံရ

နေပြည်တော်၊ ဇူလိုင် ၈-၂၀၂၀
ကောင်းလက်ျာ(VOM)

မွန်းပြည်နယ်၊ ရေးမြို့နယ်၊ သီရိခေမာရပ်ကွက် ဘောလုံးကွင်းအနီးမှာ မနေ့ဇူလိုင် ၇ ရက် ည ၉ နာရီခွဲခန့်က ဒေသတွင်းလူသိများတဲ့ ပရဟိတလုပ်ကိုင်တဲ့လူငယ်တစ်ဦး ထိုးသွင်းဒဏ်ရာတွေနဲ့ အသတ်ခံခဲ့ရတယ်လို့ ရေမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းမြင့်ကပြောပါတယ်။

“ချွန်ထက်တဲ့အရာနဲ့ ထိုးသွင်းဒဏ်ရာတွေနဲ့ လဲကျနေတာ‌တွေ့လို့ ဆေးရုံကိုပို့နေတုန်း ဆုံးပါးသွားပြီး ပြစ်မှုကျုးလွန်သူကို စုံစမ်းနေဆဲဖြစ်ပါတယ်”လို့ ဒုရဲမှူးဝင်းမြင့်ကပြောပါတယ်။

သေဆုံးသူမှာ ဦးကျော်ဇင်မိုး(ခ)ချစ်မိုး(၂၆ နှစ်)ဖြစ်ပြီး အခင်းဖြစ်တဲ့ညက ရေးမြို့နယ် သီရိခေမာရပ်ကွက် ကျန်စစ်သားလမ်းနဲ့ ၂ လမ်းအနီးမှာ လည်ပင်း‌နောက် ထိုးသွင်းဒဏ်ရာ(၂)ချက်၊ ဝဲဘက်လည်ပင်း ထိုးသွင်းဒဏ်ရာ(၁)ချက်နဲ့ သတိလစ်လဲကျပြီး ပတ်ဝတ်ကျင်ကတွေ့ရှရတဲ့အတွက် ဆေးရုံပို့ဆောင်တဲ့လမ်းမှာပဲ သေဆုံးခဲ့တာဖြစ်တယ်လို့ ရေးမြို့မရဲစခန်းကနေ သိရပါတယ်။

အသတ်ခံရတဲ့လူငယ်ဟာ ရေးမြို့ပေါ်မှာ ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်မှုများကြောင့် လူသိများသူတစ်ဦးဖြစ်ပြီး အခင်းဖြစ်နေရာမှာ သေဆုံးသူရဲ့ဆိုင်ကယ်ကိုလည်း တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

အမှုနဲ့ပတ်သက်ပြီး ရေးမြို့မရဲစခန်းက (ပ) ၄၅၄/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂နဲ့ အမှုဖွင့်စစ် ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရေးမြို့

Zawgyi

ေရးၿမိဳ႕ေဒသခံ ပရဟိတလူငယ္တစ္ဦး အသတ္ခံရ

ေနျပည္ေတာ္၊ ဇူလိုင္ ၈-၂၀၂၀
ေကာင္းလက္်ာ(VOM)

မြန္းျပည္နယ္၊ ေရးၿမိဳ႕နယ္၊ သီရိေခမာရပ္ကြက္ ေဘာလုံးကြင္းအနီးမွာ မေန႔ဇူလိုင္ ၇ ရက္ ည ၉ နာရီခြဲခန႔္က ေဒသတြင္းလူသိမ်ားတဲ့ ပရဟိတလုပ္ကိုင္တဲ့လူငယ္တစ္ဦး ထိုးသြင္းဒဏ္ရာေတြနဲ႔ အသတ္ခံခဲ့ရတယ္လုိ႔ ေရၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉးဝင္းျမင့္ကေျပာပါတယ္။

“ခြၽန္ထက္တဲ့အရာနဲ႔ ထိုးသြင္းဒဏ္ရာေတြနဲ႔ လဲက်ေနတာ‌ေတြ႕လို႔ ေဆး႐ုံကိုပို႔ေနတုန္း ဆုံးပါးသြားၿပီး ျပစ္မႈက်ဳးလြန္သူကို စုံစမ္းေနဆဲျဖစ္ပါတယ္”လုိ႔ ဒုရဲမႉးဝင္းျမင့္ကေျပာပါတယ္။

ေသဆုံးသူမွာ ဦးေက်ာ္ဇင္မိုး(ခ)ခ်စ္မိုး(၂၆ ႏွစ္)ျဖစ္ၿပီး အခင္းျဖစ္တဲ့ညက ေရးၿမိဳ႕နယ္ သီရိေခမာရပ္ကြက္ က်န္စစ္သားလမ္းနဲ႔ ၂ လမ္းအနီးမွာ လည္ပင္း‌ေနာက္ ထိုးသြင္းဒဏ္ရာ(၂)ခ်က္၊ ဝဲဘက္လည္ပင္း ထိုးသြင္းဒဏ္ရာ(၁)ခ်က္နဲ႔ သတိလစ္လဲက်ၿပီး ပတ္ဝတ္က်င္ကေတြ႕ရွရတဲ့အတြက္ ေဆး႐ုံပို႔ေဆာင္တဲ့လမ္းမွာပဲ ေသဆုံးခဲ့တာျဖစ္တယ္လုိ႔ ေရးၿမိဳ႕မရဲစခန္းကေန သိရပါတယ္။

အသတ္ခံရတဲ့လူငယ္ဟာ ေရးၿမိဳ႕ေပၚမွာ ပရဟိတလုပ္ငန္းေတြ လုပ္ကိုင္ေဆာင္႐ြက္မႈမ်ားေၾကာင့္ လူသိမ်ားသူတစ္ဦးျဖစ္ၿပီး အခင္းျဖစ္ေနရာမွာ ေသဆုံးသူရဲ႕ဆိုင္ကယ္ကိုလည္း ေတြ႕ရွိခဲ့ရတယ္လို႔ ေဒသခံေတြရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

အမႈနဲ႔ပတ္သက္ၿပီး ေရးၿမိဳ႕မရဲစခန္းက (ပ) ၄၅၄/၂၀၂၀၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ-၃၀၂နဲ႔ အမႈဖြင့္စစ္ ေဆးေဆာင္႐ြက္ေနတယ္လုိ႔ သိရပါတယ္။

#voiceofmyanmar #VOM #ေရးၿမိဳ႕

Related posts

Leave a Comment

VOM News

FREE
VIEW