စစ်တွေမြို့မှာ ဒု-ရဲအုပ်တစ်ဦး ပျောက်ဆုံးနေ

စစ်တွေမြို့မှာ ဒု-ရဲအုပ်တစ်ဦး ပျောက်ဆုံးနေ

စစ်တွေ၊ ဇူလိုင် ၁၂- ၂၀၂၀
ထက်အောင်စိုင် (VOM)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ကနေ ဒီကနေ့အချိန်ထိ နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဒု-ရဲအုပ်တစ်ဦး သတင်းအစအနမရဘဲ ပျောက်ဆုံးနေတာဖြစ်တယ်လို့ မိသားစုဝင်တွေဆီကနေ သိရပါတယ်။

မိသားစုဝင်တွေရဲ့ ပြောပြချက်အရ အဲ့ဒီနေ့ နေ့လယ် ၁ နာရီလောက်က စစ်တွေမြို့မဈေးကြီးကို ရိက္ခာတွေသွားဝယ်စဉ်မှာ ပျောက်ဆုံးသွားတာဖြစ်ပြီး အဲ့ဒီနေ့ ၂ နာရီလောက်မှာ ပျောက်သွားတဲ့ ဒု-ရဲအုပ်ရဲ့ဇနီးဖြစ်သူက ဖုန်းနဲ့ဆက်သွယ်တဲ့အခါ သူ့အမျိုးသားရဲ့ဖုန်းဟာ စက်ပိတ်ထားတယ်လို့ ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ ဒု-ရဲအုပ်ရဲ့ ဇနီးဖြစ်သူ ဒေါ်မလှဝင်းပြောပြတာက” ပျောက်သွားတာကတော့ စစ်တွေမြို့မဈေးကြီးမှာ ဈေသွားဝယ်ရင်း ပျောက်သွားတာပါ။ ကျမအမျိုးသားက ဒု-ရဲအုပ်ပါ။ သူ့ရဲ့ တပ်ရင်းကတော့ ဘူးသီးတောင် နခခ (၈)မှာ တာဝန်ထမ်းဆောင်နေတာပါ။ ဒီကနေ ဈေးဝယ်ပြီး ဘူးသီးတောင်ကို ပို့ပေးရပါတယ်။ ပျောက်သွားတာက ဇူလိုင်လ ၂ ရက်နေ့ကျပါတယ်။ နေ့လည် ၁ နာရီမှာ အိမ်ကနေထွက်သွားတာပါ။ ၂ နာရီအချိန်ရောက်လို့ သူ့ကိုဖုန်းဆက်တော့ စက်ပိတ်ထားပါပြီး” လို့ ပြောပါတယ်။

အဲဒီ ပျောက်ဆုံးနေတဲ့ အသက် (၅၀) နှစ်အရွယ် ဒု-ရဲအုပ် ဟန်ထွန်းဟာ ဘူးသီးတောင်အခြေစိုက် နခခ (၈) တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတာဖြစ်ပြီး ယခုလက်ရှိ သူ့ကို စစ်တွေမြို့မှာ တာဝန်ချထားတာလို့ ဇနီးဖြစ်သူက ပြောပါတယ်။

ဒု-ရဲအုပ် ဟန်ထွန်းဟာ မိသားစုနဲ့အတူ စစ်တွေမြို့၊ ဆတ်ရိုးကျ အကွက် (၂)မှာ နေထိုင်တာဖြစ်ပြီး ရခိုင်လူမျိုး၊ ရသေ့တောင်မြို့နယ် ကူတောင်ဇာတိက ဖြစ်တယ်လို့သိရကာ အရင်က မင်းပြားမြို့နယ် တိုင်းဗဟို (၉)ကနေ နယ်ခြားစောင့်ရဲအဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

” အမှတ် (၂) ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားပါတယ်။ ပျောက်သွားတာက (၂) ကပါ။ တိုင်ချက်ဖွင့်တာက ဇူလိုင်လ ၃ ရက်နေ့က စဖွင့်တယ်ဆိုတော့ ပျောက်ဆုံးနေတာက ၁၀ ရက်လောက်ရှိပါပြီ။ ရဲကလည်း လိုက်လို့တော့ ရှာနေပါတယ်။ ဒါပေမယ့် မတွေ့သေးပါဘူး။ စိုးရိမ်မှုကတော့ ရှိတာပေါ့။ လူသတ်ပစ်မှန်းမသိ ဘယ်ရောက်သွားမှန်းလည်းမသိ ပျောက်နေတယ်။ အခက်အခဲက အခုမကြုံရရင်လည်း နောက်တော့ကြုံလာရမှာပါ။ ကျမက မှီခိုသူပါ။ အလုပ်လုပ်မယ့်သူ မရှိတော့ဘူးဆိုတော့ အခက်အခဲရှိလာတော့မှာပေါ့။ ကျမမှာ အမျိုးသားရဲ့လုပ်အားကို မှီခိုနေရတာပါ။ သမီးလေးတစ်ယောက် ၉ တန်းတက်နေပါတယ်။ သားလေးက ၄ တန်း တက်နေတာပါ။ ကျမအမျိုးသားကို ရှာလို့ရရင် ရှာပေးကြပါလို့၊ ကူညီပေးကြပါလို့ တောင်းဆိုပါတယ်။” လို့ ဒေါ်မလှဝင်းက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင်ဝင်းကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရရှိခဲ့ပါဘူး။

#voiceofmyanmar #VOM #စစ်တွေ

Zawgyi

စစ္ေတြၿမိဳ႕မွာ ဒု-ရဲအုပ္တစ္ဦး ေပ်ာက္ဆုံးေန

စစ္ေတြ၊ ဇူလိုင္ ၁၂- ၂၀၂၀
ထက္ေအာင္စိုင္ (VOM)

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕မွာ ၿပီးခဲ့တဲ့ ဇူလိုင္လ ၂ ရက္ေန႔ကေန ဒီကေန႔အခ်ိန္ထိ နယ္ျခားေစာင့္ရဲတပ္ဖြဲ႔က ဒု-ရဲအုပ္တစ္ဦး သတင္းအစအနမရဘဲ ေပ်ာက္ဆုံးေနတာျဖစ္တယ္လို႔ မိသားစုဝင္ေတြဆီကေန သိရပါတယ္။

မိသားစုဝင္ေတြရဲ႕ ေျပာျပခ်က္အရ အဲ့ဒီေန႔ ေန႔လယ္ ၁ နာရီေလာက္က စစ္ေတြၿမိဳ႕မေစ်းႀကီးကို ရိကၡာေတြသြားဝယ္စဥ္မွာ ေပ်ာက္ဆုံးသြားတာျဖစ္ၿပီး အဲ့ဒီေန႔ ၂ နာရီေလာက္မွာ ေပ်ာက္သြားတဲ့ ဒု-ရဲအုပ္ရဲ႕ဇနီးျဖစ္သူက ဖုန္းနဲ႔ဆက္သြယ္တဲ့အခါ သူ႔အမ်ိဳးသားရဲ႕ဖုန္းဟာ စက္ပိတ္ထားတယ္လို႔ ေျပာပါတယ္။

ေပ်ာက္ဆုံးေနတဲ့ ဒု-ရဲအုပ္ရဲ႕ ဇနီးျဖစ္သူ ေဒၚမလွဝင္းေျပာျပတာက” ေပ်ာက္သြားတာကေတာ့ စစ္ေတြၿမိဳ႕မေစ်းႀကီးမွာ ေစ်သြားဝယ္ရင္း ေပ်ာက္သြားတာပါ။ က်မအမ်ိဳးသားက ဒု-ရဲအုပ္ပါ။ သူ႔ရဲ႕ တပ္ရင္းကေတာ့ ဘူးသီးေတာင္ နခခ (၈)မွာ တာဝန္ထမ္းေဆာင္ေနတာပါ။ ဒီကေန ေစ်းဝယ္ၿပီး ဘူးသီးေတာင္ကို ပို႔ေပးရပါတယ္။ ေပ်ာက္သြားတာက ဇူလိုင္လ ၂ ရက္ေန႔က်ပါတယ္။ ေန႔လည္ ၁ နာရီမွာ အိမ္ကေနထြက္သြားတာပါ။ ၂ နာရီအခ်ိန္ေရာက္လို႔ သူ႔ကိုဖုန္းဆက္ေတာ့ စက္ပိတ္ထားပါၿပီး” လို႔ ေျပာပါတယ္။

အဲဒီ ေပ်ာက္ဆုံးေနတဲ့ အသက္ (၅၀) ႏွစ္အ႐ြယ္ ဒု-ရဲအုပ္ ဟန္ထြန္းဟာ ဘူးသီးေတာင္အေျခစိုက္ နခခ (၈) တပ္ရင္းမွာ တာဝန္ထမ္းေဆာင္ေနတာျဖစ္ၿပီး ယခုလက္ရွိ သူ႔ကို စစ္ေတြၿမိဳ႕မွာ တာဝန္ခ်ထားတာလို႔ ဇနီးျဖစ္သူက ေျပာပါတယ္။

ဒု-ရဲအုပ္ ဟန္ထြန္းဟာ မိသားစုနဲ႔အတူ စစ္ေတြၿမိဳ႕၊ ဆတ္႐ိုးက် အကြက္ (၂)မွာ ေနထိုင္တာျဖစ္ၿပီး ရခိုင္လူမ်ိဳး၊ ရေသ့ေတာင္ၿမိဳ႕နယ္ ကူေတာင္ဇာတိက ျဖစ္တယ္လုိ႔သိရကာ အရင္က မင္းျပားၿမိဳ႕နယ္ တိုင္းဗဟို (၉)ကေန နယ္ျခားေစာင့္ရဲအျဖစ္ ေျပာင္းလဲတာဝန္ထမ္းေဆာင္ေနတာျဖစ္တယ္လို႔ သိရပါတယ္။

” အမွတ္ (၂) ရဲစခန္းမွာ တိုင္ခ်က္ဖြင့္ထားပါတယ္။ ေပ်ာက္သြားတာက (၂) ကပါ။ တိုင္ခ်က္ဖြင့္တာက ဇူလိုင္လ ၃ ရက္ေန႔က စဖြင့္တယ္ဆိုေတာ့ ေပ်ာက္ဆုံးေနတာက ၁၀ ရက္ေလာက္ရွိပါၿပီ။ ရဲကလည္း လိုက္လို႔ေတာ့ ရွာေနပါတယ္။ ဒါေပမယ့္ မေတြ႕ေသးပါဘူး။ စိုးရိမ္မႈကေတာ့ ရွိတာေပါ့။ လူသတ္ပစ္မွန္းမသိ ဘယ္ေရာက္သြားမွန္းလည္းမသိ ေပ်ာက္ေနတယ္။ အခက္အခဲက အခုမႀကဳံရရင္လည္း ေနာက္ေတာ့ႀကဳံလာရမွာပါ။ က်မက မွီခိုသူပါ။ အလုပ္လုပ္မယ့္သူ မရွိေတာ့ဘူးဆိုေတာ့ အခက္အခဲရွိလာေတာ့မွာေပါ့။ က်မမွာ အမ်ိဳးသားရဲ႕လုပ္အားကို မွီခိုေနရတာပါ။ သမီးေလးတစ္ေယာက္ ၉ တန္းတက္ေနပါတယ္။ သားေလးက ၄ တန္း တက္ေနတာပါ။ က်မအမ်ိဳးသားကို ရွာလို႔ရရင္ ရွာေပးၾကပါလို႔၊ ကူညီေပးၾကပါလို႔ ေတာင္းဆိုပါတယ္။” လို႔ ေဒၚမလွဝင္းက ေျပာပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္လို႔ စစ္ေတြၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး ရဲမႉးေအာင္ႏိုင္ဝင္းကို ဆက္သြယ္ခဲ့ေပမယ့္ ဆက္သြယ္လုိ႔မရရွိခဲ့ပါဘူး။

#voiceofmyanmar #VOM #စစ္ေတြ

Related posts

Leave a Comment

VOM News

FREE
VIEW